Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-05 05:13:11

၆.၅.၂၀၂၃ - ပါစကားကာလ စတုတ္ထအပတ် စနေနေ့
ရှင်ယောဟန် ၁၄:၇- ၁၄
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သင်တို့သည်ငါ့ကိုသိကြပါလျှင် ငါ၏ ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ယခုမှစ၍ သင်တို့သည်ငါ၏ ခမည်းတော်ကိုသိကြ၍ ဖူးမြင်ကြရလေပြီဟုသူ့အားမိန့်တော်မူ၏။ဖိလိပုကလည်း သခင်ဘုရား၊ခမည်းတော်ကိုတပည့်တော်တို့အားပြတော်မူပါလျှင် တပည့်တော်တို့စိတ်ကျေနပ်ကြပါလိမ့်မည်ဟုကိုယ်တော်အားလျှောက်လေ၏။ယေဇူးကသူ့အားမိန့်တော်မူသည်မှာ ဖိလိပုငါသည်သင်တို့နှင့်အတူဤမျှကြာအောင်နေခဲ့ပါသော်လည်း သင်သည်ငါ့ကိုမသိသလော။ငါ့ကိုမြင်ရသောသူသည်ခမည်းတော်ကိုလည်းဖူးမြင်ရ၏။အဘယ်ကြောင့် သင်သည်ခမည်းတော်ကိုတပည့်တော်တို့အားပြပါဟုဆိုရသနည်း။ငါသည် ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်းငါ၌တည်ရှိကြောင်းကိုသင်မယုံကြည်သလော။သင်တို့အား ငါပြောသောစကားများကိုငါသည် ငါ၏အခွင့်အာဏာဖြင့်ပြောသည်မဟုတ်။ငါ၌တည်ရှိတော်မူသောခမည်းတော်သည်မိမိ၏အမှုတော်များကိုဆောင်ရွက်ခြင်းသာဖြစ်၏။ငါသည်ခမည်းတော်၌တည်ရှိ၍ခမည်းတော်သည်လည်းငါ၌တည်ရှိသည်ကိုယုံကြည်ကြလော့။ဤသို့မဟုတ်လျှင်လည်း ငါပြုသောအမှုအရာများကိုထောက်၍ငါ့ကိုယုံကြည်ကြလော့။သင်တို့အား ငါဧကန်အမှန်ဆိုသည်ကား ငါ့ကိုယုံကြည်သောသူသည်ငါပြုသောအမှုအရာများကိုလည်းပြုလိမ့်မည်။သူသည် ယင်းထက်ကြီးမြတ်သောအမှုအရာများကိုလည်းပြုလိမ့်မည်။အ ကြောင်းမူကား ငါသည်ခမည်းတော်ထံသို့သွားမည်ဖြစ်သောကြောင့်တည်း။သားတော်အားဖြင့်ခမည်းတော်၏ဘုန်းတော်ထင်ရှားစေရန်ငါ၏နာမတော်၌သင်တို့တောင်းလျှောက်သမျှကိုငါပြုမည်။သင်တို့သည်ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ရာကိုတောင်းလျှောက်လျှင် ငါသည်ထိုအရာကိုပြုမည်။*ထောက်ရှုချက်*ဤယန့အသက်ပေးသောနှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကိုထောက်ရှုစေလိုသည်မှာယေဇူးဘုရား၏သွန်သင်ချက်အတိုင်းနေ့စဥ်ကျင့်ကြံနေထိုင်ရန်တိုက်တွန်းထားပါသည်။ပထမကျမ်းတွင် ဧဝံဂေလိတရားတော်ကိုနက်ရှိုင်းစွာထောက်ရှုရန်အတွက်ဖိတ်ခေါ်ထားသည်။ယုံကြည်သူအချို့တို့သည် မိမိကိုယ်ကိုဘုရားသခင်ရွေးကောက်ထားသောသူများဟူယူဆကြသည်။သို့သော်ဘဝခရီးရှည်ပြုနေချိန်တွင်တို့ယုံကြည်သူများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်သွန်သင်ချက်များကိုလျစ်လျူရှုခဲ့ကြသည်။ဘုရားသခင်ကို ညင်းပယ်ခဲ့ကြသည်။ရှင်ပေါလုသည်ဂျူးလူမျိုးတို့အားရဲ့ဝံ့စွာပြောဆိုသည်မှာဘုရားသခင်၏နှုတ်ကပတ်တော်ကိုသင်တို့အားရှေ့ဦးစွာဟောပြောရန်လိုအပ်ပေ၏။သို့သော်သင်တို့ညင်းပယ်ကြသဖြင့်သင်တို့ကိုယ်ကိုထာဝရအသက်နှင့်မထိုက်တန်ဟုသင်တို့ကိုယ်တိုင်စီရင်ဆုံးဖြတ်ကြသောကြောင့်ငါတို့သည်လူမျိုးဘာသာခြားဆီသို့လှည့်လည်ကြတော့မည်ဟုမိန့်‌တော်မူ၏။ထာဝရအသက်ရရှိရန်ရွေးကောက်ခြင်းခံရသောသူတို့သည် ကျးဇူးတော်ကိုမဖြုန်းတီးမိစေရန်ကြိုးစားအားထုတ်ကြရမည်။ကျွန်ုပ်တို့သည် ဆုတောင်းမေတ္တာအားဖြင့်လည်းကောင်း၊နှုတ်တော်ထွက်စကားအားဖြင့်လည်းကောင်း၊မစ္ဆားတရားနာယူခြင်းအားဖြင့်လည်းကောင်း၊အခွင့်အရေးများစွာဖြင့်ဘုရားသခင်နှင့်နီးစပ်နိုင်သူများ ဖြစ်ကြသည််။ထို့ကြောင့် ကျွန်ုပ်တို့သည် ဂျူးလူမျိုးများကဲ့သို့ တရားနာလိုသူစိတ်ရှိသူများတို့ကို မနာလိုစိတ်ဖြစ်နေသူများ မဖြစ်စေရန်သတိထားရမည်ဖြစ်သည်။ သူတို့သည်ဘုရားသခင်ထံမှလာသောကောင်းကြီးမင်္ဂလာလက်ခံရန်မတတ်နိုင်ကြပေ။နှုတ်တော်ထွက်စကားကိုကြားနာပြီးဝမ်းမြောက်ရွှင်လန်းစွာကျင့်ကြံရန်တိုက်တွန်းထားပါသည်။ခွန်အားယူကြပါစို့။

Daily Reflection