၇.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ် တနင်္ဂနွေနေ့
ရှင်ယောဟန် ၁၄:၁-၁၄
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယေဇူးကသင်တို့၏စိတ်နှလုံး၌ စိုးရိမ်ပူပန်ခြင်း မရှိစေကြနှင့်။ဘုရားသခင်ကို ယုံကြည်ကြလော့။ငါ့ကိုလည်းယုံကြည် ကြလော့။ ငါ၏ ခမည်းတော်၏ အိမ်တော်၌အခန်းများစွာရှိ ၏။ထိုသို့မဟုတ်ခဲ့ပါလျှင်ငါသည် သင်တို့အတွက်နေရာပြင်ဆင်ရန် သွားမည်ဟုပြောပါမည်လော။ငါသည်သင်တို့အတွက်နေရာပြင်ဆင်ရန်သွားပြီးလျှင်တစ်ဖန်ပြန်လာ၍ငါရှိသောနေရာတွင် သင်တို့လည်းရှိစေရန်သင်တို့ကို ငါ့ထံသို့ခေါ်ဆောင်မည်။သင်တို့သည် ငါသွားမည့်လမ်းကိုသိကြ၏ဟုမိန့်တော်မူ၏။ ထိုအခါသောမကသခင်ဘုရား၊ မည်သည့်အရပ်သို့ ကိုယ်တော်သွားမည်ကို တပည့်တော်တို့မသိကြသောကြောင့်လမ်းခရီးကိုလည်းမည်ကဲ့သို့ သိနိုင်ကြပါမည်နည်းဟုကိုယ်တော်အားမေးလျှောက်၏။ ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ငါ့ကိုအမှီမပြုဘဲမည်သူမျှခမည်းတော်ထံသို့မလာနိုင်။သင်တို့သည်ငါ့ကိုသိကြပါလျှင်ငါ၏ခမည်းတော်ကိုလည်းသိကြလိမ့်မည်။ယခုမှစ၍ သင်တို့သည် ငါ၏ခမည်းတော်ကိုသိကြ၍ဖူးမြင်ကြရလေပြီဟုသူ့အားမိန့်တော်မူ၏။ဖိလိပုကလည်း သခင်ဘုရား၊ ခမည်းတော်ကို တပည့်တော်တို့အားပြတော်မူပါလျှင် တပည့်တော်တို့စိတ်ကျေနပ်ကြပါလိမ့်မည်ဟု ကိုယ်တော်အားလျှောက်လေ၏။ ယေဇူးကသူ့အားမိန့်တော်မူသည်မှာ ဖိလိပုငါသည် သင်တို့နှင့်အတူ ဤမျှကြာအောင်နေခဲ့ပါသော် လည်းသင်သည် ငါ့ကိုမသိသလော။ငါ့ကိုမြင်ရသော သူသည်ခမည်းတော်ကိုလည်းဖူးမြင်ရ၏။အဘယ်ကြောင့် သင်သည်ခမည်းတော်ကိုတပည့်တော်တို့အား ပြပါဟုဆိုရသနည်း။ ငါသည်ခမည်းတော်၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိကြောင်းကို သင်မယုံကြည်သလော။ သင်တို့အားငါပြောသောစကားများကို ငါသည် ငါ၏အခွင့်အာဏာဖြင့်ပြောသည်မဟုတ်။ငါ၌ တည်ရှိတော်မူသော ခမည်းတော်သည် မိမိ၏ အမှုတော်များကို ဆောင်ရွက်ခြင်းသာဖြစ်၏။ ငါသည် ခမည်းတော် ၌တည်ရှိ၍ ခမည်းတော်သည်လည်း ငါ၌တည်ရှိသည်ကိုယုံကြည်ကြလော့။ဤသို့မဟုတ်လျှင်လည်း ငါပြုသောအမှုအရာ များကိုထောက်၍ ငါ့ကိုယုံကြည်ကြလော့။သင်တို့အား ငါဧကန်အမှန်ဆိုသည်ကားငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှု အရာများ ကိုလည်းပြုလိမ့်မည်။ သူသည်ယင်းထက်ကြီးမြတ်သောအမှုအရာများကိုလည်း ပြုလိမ့်မည်။အကြောင်းမူကားငါသည် ခမည်းတော်ထံသို့ သွားမည်ဖြစ်သောကြောင့်တည်း။သားတော်အားဖြင့် ခမည်းတော်၏ဘုန်းတော်ထင်ရှားစေရန်ငါ၏ နာမတော်၌သင်တို့တောင်းလျှောက်သမျှကိုငါပြုမည်။ သင်တို့သည်ငါ၏နာမကိုအမှီပြု၍ တစ်စုံတစ်ရာကိုတောင်းလျှောက်လျှင်ငါသည်ထိုအရာကိုပြုမည်။*ထောက်ရှုချက်*လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်းဘုရားသခင်၏ရှေ့တော်၌ရွေးချယ်ခြင်းခံရသောပြီးတန်ဖိုး ရှိလှသော အသက်ရှင်သောကြောက်တည်းဟူသောဘုရားသခင်ထံသို့လာကြလော့။ ဤယနေ့ ကျမ်းစာတော်မြတ်၌ သခင်ယေဇူးသည်အသက်ရှင်သော ကျောက်ဆောင်ဖြစ်သည် ဟု ကျွန်ုပ်တို့ကို ပြောပြခဲ့သည်။သို့သော်လူများသည်ကိုယ်တော်ကိုလက်မခံကြပေ။ယုံကြည်သူများအတွက်၎င်းကျောက်သည် တန်ဖိုးရှိလှသည်။ မယုံကြည်သောသူများအတွက်မူကားတိုက်ဆောက်သောသူများ ပယ်ထားသောကျောက်သည် ထောင့်ချုပ်ကျောက်ဖြစ်လာလေပြီ။ကိုယ်တော်ကို မယုံကြည်ခြင်းမှာကိုယ်တော်မှားယွင်းမှုတစ်စုံတစ်ရာလုပ်ခဲ့သည်မဟုတ်ပေ။လူတို့သည်မိမိတို့ပြုမိသော အပြစ်ဒုစရိုက်များ၊ အားနည်းချက်များကြောင့်ဝမ်းနည်းကာမရေရာသောဘဝတွင် လျှောက်လှမ်းနေကြသည်။ကိုယ်တော်သည်အပြစ်သားများကို မှောင်မှိုက်ထဲမှကိုယ်တော်၏ အံ့ဖွယ်ရာအလင်းတော်သို့ ခေါ်ဆောင်တော်မူသည်။သခင်ယေဇူးသည်လူတို့၏ပစ်ပယ်ခြင်းခံရသော်လည်း စိတ်ရှည်စွာဖြင့်ချစ်ခြင်းမေတ္တာနှင့်လူတို့အပေါ်သို့ သနားကရုဏာသက်ရောက်စေတော်မူ၏။အပြစ်ကျေးကျွန်ဖြစ်နေသောသူများအမြင်မှန်ရရန်၊ နောင်တရရန်အခွင့်အရေးပေးကာသူ့ထံသို့ပြန်လာရန်ဖိတ်ခေါ်ကြိုဆိုလျှက်ရှိသည်။နောင်တရပြီးခရစ်တော်ထံပြန်လာသော သူကိုခရစ်တော်က“ငါ့ကိုယုံကြည်၍ ငါ့ရင်ခွင်၌ခိုလှုံသောသူသည် ငါကဲ့သို့ အစွမ်းအစရှလိမ့်မည်။” ကျွန်ုပ်တို့သည် ခရစ်တော်၏ကျးဇူးတော်အားဖြင့်အပြစ်မှရုန်းထွက်နိုင်ခဲ့သောသူ အခြားသူများကို မိမိဘဝအားဖြင့် သက်သေခံနိုင်ကြသူဖြစ်ပေလိမ့်မည်။