၈.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ် တနင်္လာနေ့
ရှင်ယောဟန် ၁၄:၂၁-၂၆
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ငါ၏ပညတ်တော်များကိုခံယူ၍စောင့်ထိန်းသောသူသည်ငါ့ကိုချစ်၏။ငါ့ကိုချစ်သောသူကိုငါ၏ ခမည်းတော်သည်လည်းချစ်တော်မူလိမ့်မည်။ငါသည်လည်းသူ့ကိုချစ်၍ မိမိကိုယ်ကိုသူ့အားထင်ရှားပြတော်မူမည်။အစ္စကာရီယုဒ်မဟုတ်သောအခြားဂျုဒက ကိုယ်တော်သည်လောကီသားတို့အားမပြဘဲတပည့်တော်တို့အားမိမိကိုယ်ကိုမည်ကဲ့သို့ထင်ရှားပြတော်မူမည်နည်းဟုမေးလျှောက်လေ၏။ယေဇူးကအကြင်သူသည် ငါ့ကိုချစ်လျှင်ငါ၏ စကားကိုလိုက်နာစောင့်ထိန်းမည်။ငါ၏ခမည်းတော်သည်လည်း သူ့ကိုချစ်တော်မူလိမ့်မည်။ထိုအခါငါတို့သည်သူ့ထံသို့ လာကြ၍သူနှင့် အတူကိန်းဝပ်တော်မူမည်။ငါ့ကိုမချစ်သော သူသည်ငါ၏စကားများကိုလိုက်နာစောင့်ထိန်းခြင်းမပြုပေ။သင်တို့ကြားနာရသောစကားသည်လည်းငါ၏ စကားမဟုတ်ဘဲငါ့ကိုစေလွှတ်တော်မူသောခမည်းတော်၏စကားဖြစ် ၏။ငါသည်သင်တို့နှင့်အတူရှိနေခိုက်ဤအကြောင်းအရာများကိုသင်တို့အားငါမှာကြားထားလေပြီ။သို့သော်ငါ၏နာမ၌ခမည်းတော်စေလွှတ်တော်မူမည့်ကူညီစောင်မသူဝိညာဉ်တော်မြတ်သည် ဤအကြောင်းအရာအလုံးစုံတို့ကိုသင်တို့အားသွန်သင်မည်ဖြစ်၍သင်တို့အားငါမိန့်မှာထားသမျှကိုတစ်ဖန်သတိရစေတော်မူလိမ့်မည်။*ထောက်ရှုချက်*သခင်ယေဇူးက“ငါ၏ပညတ်တော်များကိုခံယူ၍စောင့်ထိန်းသောသူသည်ငါ့ကိုချစ်၏”ဂတိတည်သောသူသည်ကြည်ည်ိုလေးစားခြင်းခံရသောသူဖြစ်ပြီးအားကိုးရသောသူဖြစ်သည်။ဘဝကိုရိုးသားစွာဖြတ်သန်းသောသူဖြစ်သည်။ယနေ့ကျမ်းစာသည်ကျွန်ုပ်တို့ကို အမှန်တရားအတွက်စိန်ခါ်ထားသည်။ဘုရား၏အမှန်တရားသည်ပြောင်းလဲရန်မလိုအပ်ပေ။ကျွန်ုပ်တို့၏ အကန့် အသတ်ရှိသောဥာဏ်ဖြင့်စဥ်းစားသောအရာများသည်တခါတရံအမှန်တရားနှင့်သွေဖယ်တတ်သည်။လူပုဂ္ဂိုလ်ပေါ်မူတည်၍ကျွန်ုပ်တို့သည်အမှန်တရားအတွက်ချင့်ချိန်နေထိုင်ပြောဆိုကြရသည်။တနည်းအားဖြင့်ပြောရလျှင်ကျွန်ုပ်တို့၏အသိပညာသည် မှားယွင်းနေသည်ဟုသိလျှင်သိချင်းရဲဝံ့စွံာဖြင့်ရင်ဆိုင်ဖြေရှင်းကြရမည်။ကျွန်ုပ်တို့၏အတွင်းသြတ္တပ္ပစိတ်ကိုစစ်ဆေးပြီးတာဝန်ယူရင်ဆိုင်ကြရမည်ဖြစ်သည်။ဘုရားသခင်၏သမ္မာတရားတော်သည်ထာဝရတည်တံ့လျက်နေသည်။ကျွန်ုပ်တို့အနေနှင့်ခေါင်းမာခြင်းမရှိပဲ ကြားနာသောနှုတ်ကပတ်တော်ကိုနှလုံးသွးကာလက်တွေ့ကျင့်သုံးရန်လိုအပ်ပါသည်။ကျွန်ုပ်တို့ အခွင့်ကြုံတိုင်းနှုတ်ကပတော်ကိုလေ့လာပြီးအမှန်တရားကိုရှာဖွေရန်တိုက်တွန်းထားပါသည်။ဘုရားသခင်ကိုယုံကြည်ကြလော့။ယေဇူးကငါသည်လမ်းခရီးဖြစ်၏။သမ္မာတရားဖြစ်၏။ကျွန်ုပ်တို့သည်သမ္မာတရားဖြစ်သောဘုရားနှင့်အတူရှိလျှင်ဘုရားသည်ကျွန်ုပ်တို့နှင့်အတူရှိတော်မူ၏။သမ္မာတရားသွန်သင်သည့်အတိုင်းကျင့်ကြံနေထိုင်လျှင်ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်ထင်ရှားသူဖြစ်မည်။