Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-08 06:28:20

၉.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ်အင်္ဂါနေ့
ရှင်ယောဟန် ၁၄:၂၇ -၃၁
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ငြိမ်းချမ်းသာယာခြင်းကို သင်တို့၌ငါထားခဲ့၏။ငါ၏ ငြိမ်းချမ်းသာယာခြင်းကို သင်တို့အားငါပေး၏။ဤလောကကပေးသကဲ့သို့သင်တို့အား ငါပေးသည်မဟုတ်။သင်တို့၏ စိတ်နှလုံး၌ပူပန်ခြင်းမရှိစေကြနှင့်။ကြောက်ရွံ့ခြင်းလည်းမရှိကြနှင့်။ငါသည်သွား၍ သင်တို့ထံသို့တစ်ဖန်ပြန်လာမည်ဟုငါဆိုသည် ကိုသင်တို့ကြားခဲ့ကြ၏။ သင်တို့သည် ငါ့ကိုချစ်လျှင် ဝမ်းမြောက်ကြလိမ့်မည်။အဘယ်ကြောင့်ဆိုသော်ငါသည်ခမည်းတော်ထံသို့ သွားခြင်းဖြစ်၏။အကြောင်းမူကားခမည်းတော်သည် ငါ့ထက်ကြီးမြတ်တော်မူ၏။ဤအမှုအရာဖြစ်ပျက်သောအခါ၌ သင်တို့ယုံကြည်နိုင်ကြစေရန်မဖြစ်ပျက်မီကကြိုတင်၍သင်တို့အားယခုငါပြောထားလေပြီ။ငါသည်သင်တို့နှင့်အတူစကားများစွာပြောဆိုနိုင်တော့မည်မဟုတ်။အကြောင်းမူကားဤလောကကိုအစိုးရသောသူသည် ကြွလာတော့မည်။သူသည် ငါ့အပေါ်၌ ဩဇာအာဏာမရှိချေ။သို့ရာတွင် ငါသည်ခမည်းတော်ကိုချစ်ကြောင်းဤလောကသားတို့ကိုသိစေရန်ငါ့အားခမည်းတော်မိန့်တော်မူသည့်အတိုင်းငါပြု၏။ထကြေလော့။ဤအရပ်မှသွားကြကုန်စို့ဟုမိန့်တော်မူ၏။*ထောက်ရှုချက်*ယေဇူးသည်သူချစ်သောသူနှင့်အတူစည်းလုံးညီညွတ်စွာနေထိုင်ရန်အတွက်စံပြပုဂ္ဂိုလ်ဖြစ်သည်။ယနေ့ဧဝံဂေလိတရားတွင်သခင်ယေဇူးသည်မိမိကိုယ်ကိုမိမိမည်သို့ဖော်ပြသနည်း။တရားတော်၌ ယေဇူးသည် ခမည်းတော်နှင့်ဆက်ဆံရေးတွင်“အဘသည် သားထက်ကြီးမြတ်သည်”ဟုဝန်ခံခဲ့သည်။ ခမည်းတော်၏အလိုတော်ကို လွတ်လပါစွာ လိုလိုလားလား ဆောင်ရွက်သူဖြစ်၏။ကိုယ်တော်သည် ငြိမ်းချမ်းစွာဖြင့်ခမည်းတော်၏လုပ်ငန်းတော်ကို စီမံခန့်ခွဲနိုင်ပြီး ငြိမ်သက်ခြင်းကိုဖြန့်ဝေနိုင်ခဲ့သည်။ကျွန်ုပ်တို့တခါတရံ မိမိတို့အကြီးအကဲကိုမနာလိုဖြစ်တတ်သည်။ကိုယ့်ထက်သက်ကြီူသူများ၊အကြီးအကဲများ၊အခွင့်အရေးသာသူများ၊သူငယ်ချင်းများကိုယ့်ထက်မျက်နှာသာရရှိခဲ့သော် စိတ်မပျော်ဖြစ်တတ်သည်။၎င်းအပြင်မိမိမလိုလားမနှစ်သက်‌သောအရာခိုင်းလျှင်မနာလိုခြင်း၊အမျက်ဒေါသထွက်တတ်သည်။ကျွန်ုပ်တို့စိတ်ထဲတွင်ငြိမ်သက်စွာဖြင့်အကြီးအကဲချမှတ်သောဘုရား၏လုပ်ငန်းတော်ကိုကျွန်ုပ်တို့စိတ်ပါလက်ပါမည်ကဲ့သို့ လုပ်ဆောင်နိုင်သနည်း။စံပြပုဂ္ဂိုလ်သခင်ယေဇူးကဲ့သို့ဘုရား၏အလိုတော်ကိုရင်ထဲ၊နှလုံးသားထဲမှနေ၍မိမိ၏စိတ်ကိုနှစ်ကာလုပ်ဆောင်နိုင်မည်ဖြစ်သည်။ဘုရားအတွက်သာမကမိမိနှင့်နီးစပ်သောသူများကိုလည်းအစေခံနိုင်မည်ဖြစ်သည်။ 

Daily Reflection