Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2020-11-01 06:38:27
#2nd November 2020 Daily Reflection
#ကွယ်လွန်သူဘာသာဝင်အားလုံးအဖို့ သတိရဆုတောင်းပေးရသောနေ့
#(နေ့စဉ်ထောက်ရှုချက်များ) (မာကု ၁၅း ၃၃-၃၉၊ ၁၆း ၁-၆)
#စစ္စတာရ် ဖလော်ရီ (SPS)
Posted by M. Su Latt Htwe
ယနေ့ ကျင်းပသောပွဲတော်သည် တစ်လုံးတစ်ဝတည်းရှိသော အသင်းတော်ကို ယုံကြည်ကာ အဓိကအားဖြင့် ဘုရားရှင်၏ သနားခြင်းဂရုဏာတော်ကို လိုအပ်နေသော ဝိညာဉ်များအတွက် အထူး သတိယ ဝိုင်းဝန်းဆုတောင်း ကူညီခြင်းဖြင့် သက်သေပြရသောနေ့ ဖြစ်ပါသည်။ ရှင်ပြန်ထမြောက်သော ခရစ်တော်သခင်သည် အသင်းတော်ကို အလင်းပေးခြင်း၊ ကျွေးမွေးခြင်း၊ လမ်းပြပို့ဆောင်ခြင်း၊ ကာကွယ်ခြင်းအမှုများ ပြုလုပ်လျှက်ရှိသည်၊ ဤကဲ့သို့ ရှင်ပြန်ထမြောက်သောသခင်သည် ကျွန်ုပ်တို့အလယ်တွင် တက်ကြွစွာရှိနေသောကြောင့် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာတွင် စဉ်ဆက်မပြတ် ပါစကားကာလ ဖြစ်သည်။ ခရစ်တော်ရှင်သည် ကျွန်ုပ်တို့အား အချိန်အခါမရွေး မိမိကိုယ်ကို ဖော်ပြပေးပါသည်။ ထို့ကြောင့် ရှင်ပြန်ထမြောက်သော ခရစ်တော်ကို ယုံကြည်ခြင်းသည် ကျွန်ုပ်တို့အဘို့ အဖိုးမဖြတ်နိုင်သော ဆုကျေးဇူးပင်ဖြစ်သည်။ကျွန်ုပ်တို့အားလုံးသည် ခရစ်တော်၏ သေခြင်း၌ ဆေးကြောခြင်းမင်္ဂလာကို ခံယူကြပြီး သူ၏သေခြင်း၌ သဂြိုလ်ခြင်းကို ခံခဲ့ကြသဖြင့် သခင်ခရစ်တော်သည် ခမည်းတော်၏ ဘုန်းတန်ခိုးတော်အားဖြင့် သေခြင်းမှ ထမြောက်တော်မူသည် နည်းတူ ကျွန်ုပ်တို့တစ်တွေသည်လည်း ဘုရားရှင်ကို ယုံကြည်အားကိုးခြင်းဖြင့် အသစ်သော အသက်တာ၌ လျှောက်လှမ်းနိုင်ကြမည် ဖြစ်ပါသည်။ သေလွန်သော သူတို့၏ အသက်ဝိညာဉ်တို့သည် အသနားတော်မြတ်ခံရ၍ ငြိမ်သက်ခြင်း ကျေးဇူးတော် ရရှိပါစေသော အာမင်။
#စစ္စတာရ် ဖလော်ရီ (SPS)
Daily Reflection