Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-09 09:58:09

၁၀.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ် ဗုဒ္ဓဟူးနေ့
ရှင်ယောဟန် ၁၅:၁-၈
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယေဇူးကငါသည်စစ်မှန်သောစပျစ်နွယ်ပင်ဖြစ်၍ငါ၏ခမည်းတော်သည်စပျစ်ဥယျာဉ်မှူးဖြစ်တော်မူ၏။ကိုယ်တော်သည်ငါ၌အသီးမသီးသောအကိုင်းအခက်ဟူသမျှတို့ကိုဖြတ်တောက်ပစ်၍ အသီးသီးသောအကိုင်းအခက်ဟူသမျှတို့ကိုမူကားပို၍သီးစေရန် ရှင်းလင်းပြုပြင်ပေးတော်မူလိမ့်မည်။သင်တို့သည်လည်းသင်တို့အားငါဟောပြောပြောခဲ့သောစကားအားဖြင့်ရှင်းလင်းပြုပြင်ခြင်းခံခဲ့ကြရပြီးဖြစ်၏။ငါ၌တည်နေကြလော့။ငါသည်လည်းသင်တို့ ၌တည်နေမည်။စပျစ်ပင်၏အကိုင်းအခက်တို့သည်အပင်နှင့် တစ်ဆက်တည်းမတည်ရှိလျှင်မိမိတို့အလိုအလျောက် အသီးမသီးနိုင်သကဲ့သို့သင်တို့သည်လည်းငါ၌မတည်ရှိလျှင်အသီးမသီးနိုင်ကြ။ငါသည်စပျစ်နွယ်ပင်ဖြစ်၏။သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။အကြင်သူသည်ငါ၌တည်၍ငါသည်လည်း သူ၌ တည်နေလျှင်သူသည်အသီးများစွာသီးလိမ့်မည်။အကြောင်းမူကားသင်တို့သည်ငါနှင့်ကင်းကွာလျှင်မည်သည့်အရာကိုမျှမတတ်နိုင်ကြ။အကြင်သူသည်ငါ၌မတည်ရှိလျှင်သူသည်အကိုင်းအခက်ကဲ့သို့လွှင့်ပစ်ခြင်းခံရ၍ညှိုးခြောက်သွားလိမ့်မည်။ထိုအခါလူတို့သည်ထိုအကိုင်းအခက်တို့ကိုစုသိမ်း၍  မီးထဲသို့ ပစ်ချပြီး ရှို့ကြလိမ့်မည်။သင်တို့သည်ငါ၌ တည်နေကြ၍ငါ၏ တရားတော်သည်လည်းသင်တို့၌တည်နေလျှင်သင်တို့အလိုရှိသောအရာမှန်သမျှကိုတောင်းလျှောက်ပါကထိုအရာကို သင်တို့အားပေးတော်မူလိမ့်မည်။သင်တို့သည်များစွာသောအသီးတို့ကို သီး၍ငါ၏တပည့်များဖြစ်ကြောင်းသက်သေပြခြင်းအားဖြင့်ငါ၏ ခမည်းတော်၏ဘုန်းဂုဏ်တော်သည်ထင်ရှားလေ၏။*ထောက်ရှုချက်*သခင်ယေဇူး၏တပည့်တော်ကြီးများသည်ကိုယ်တော်မိန့်တော်မူသောနှုတ်ကပတ်တော်နားလည်ကြသလော။ဝိညာဥ်ရေးနှင့်ဆိုင်သောအသီးများကိုသီးပြီး ကိုယ်တော်ပညတ်ထားသည့်အတိုင်း ကျင့်ကြံနေထိုင်ခြင်းဖြစ်သည်။သခင်ယေဇူးက“ငါ့၌ တည်နေကြလော့။ငါသည်လည်းသင်တို့နှင့်တည်နေမည်။”ကျွန်ုပ်တို့သခင်ယေဇူးနှင့်မတည်လျှင်ကောင်းသောဝိညာဥ်ရေးရာအသီးမသီးနိုင်ချေ။တနည်းအားဖြင့်ကျွန်ုပ်တို့၏ဘဝတွင်မကောင်းမှုများနှင့် ပြည့်ဝပြီးမကောင်းသောအသီးများကိုသီးလာစေမည်။ဤမကောင်းသောအသီးများတပါးသူကိုထိခိုက်ပြီးကျွန်ုပ်၏ခရစ္စတီယာန် ဘာသာဝင်များအတွက်အဓိပ္ပါယ်မရှိချေ။ကျွန်ုပ်တို့၏မကောင်းမှုများ သောအလေ့အထ၊အပြုအမူတို့ကို ဖြတ်တောက်ပစ်ရန်လိုအပ်ပါသည်။ဤကဲ့သို့ မကောင်းမှုများကိုဖြတ်တောက်ခြင်းဖြင့် ကျွန်ုပ်တို့သည်ကောင်းသောအသီးကိုသီးနိုင်ပေလိမ့်မည်။  ကောင်းသောအသီးဖြစ်သောပါရမီများကို ကျင့်ကြံခြင်းသည် ဘုရားသခင်နှစ်သက် စေသည်။ ကျွန်ုပ်တို့၏အတွင်းစိတ်သည်ပျော်ရွှင်ပြီး မိမိကိုယ်ကိုဂုဏ်ယူနိုင် လိမ့်မည်။ ဘုရားသခင်၏ပညတ်တော်များ၊ အဆိုအမိန့်များ ကိုအသင်းတော်မှ ကောင်းသောသင်ကြားပို့ချချက်များကိုနှလုံးသွင်းလိုက်နာကျင့်ကြံကြရပါမည်။ထို့ကြောင့်ဘုရားနှင့်လူသား၊မိမိနှင့် နီးစပ်သောသူများနှင့်ပေါင်းသင်းဆက်ဆံရာတွင်အဆင်ပြေနိုင်ကြလိမ့်မည်။ 

Daily Reflection