၁၁.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ်ကြာသပတေးနေ့
ရှင်ယောဟန် ၁၅:၉-၁၁
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ငါ၏ချစ်ခြင်းမေတ္တာ၌တည်နေကြလော့။ငါသည်ခမည်းတော်၏ပညတ်တော်များကိုစောင့်ထိန်း၍ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ၌တည်နေသကဲ့သို့သင်တို့သည်လည်းငါ၏ပညတ်တော်များကိုစောင့်ထိန်းကြပါလျှင်ငါ၏ ချစ်ခြင်းမေတ္တာ၌တည်နေကြလိမ့်မည်။ငါ၏ ဝမ်းမြောက်ခြင်းသည်သင်တို့၌တည်ရှိစေခြင်းငှာလည်းကောင်း၊သင်တို့၏ဝမ်းမြောက်ခြင်းသည်လည်းပြည့်စုံစေခြင်းငှာလည်းကောင်း ဤအကြောင်းအရာများကိုသင်တို့အား ငါဟောပြော၏။*ထောက်ရှုချက်*ယေဇူးက“ခမည်းတော်သည်ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည်သင်တို့ကိုချစ်၏”ဟုမိန့်တော်မူခဲ့၏။ကျွန်ုပ်တို့အချင်းချင်းချစ်ခင်တတ်ခြင်းသည်ကျွန်ုပ်တို့အချစ်ခံရဘူးသောကြောင့်ဖြစ်သည်။အချစ်မခံရဘူးသောသူသည် သူတစ်ပါးကိုမချစ်တတ်ပေ။အမြဲတမ်း သူတစ်ပါး၏ငြင်းပယ်ခြင်းခံရသောသူတစ်ယောက်ညှင်းပန်းနှိပ်စက်မှုကိုခံစားရခြင်း၊အမြတ်ထုတ်ခံရခြင်းနှင့်မုန်းတီးခြင်းခံရသောသူတို့သည်ချစ်ခြင်းမေတ္တာကိုမပြနိုင်ချေ။သူတစ်ပါးကိုချစ်ခြင်းပြရသည်ဟူ၍လည်း မကြားဖူးပေ။အကယ်၍ ဤသူသည်မိမိ၏စိတ်ဓါတ်ကျခြင်း နှင့်ဒေါသကိုထိန်းချုပ်နိုင်ပြီး အိမ်နီးနားခြင်းများကိုမနှိမ်လျှင်လုံလောက်ပေသည်။သို့မဟုတ်လျှင်သူသည်သူတစ်ပါးကိုချစ်ရာ၌တစ်ပါးသူကိုထိခိုက်ပါလိမ့်မည်။သူ၏ချစ်ခြင်းကိုပြသရာ၌ထူး ဆန်းသဖြင့်သူတစ်ပါးလက်မခံနိုင်ပေ။ချစ်ခံရဖူးလျှင်သူတစ်ပါးကိုအဓိပ္ပါယ်ရှိရှိချစ်နိုင်ပေလိမ့်မည်။ထိုချစ်ခြင်းသည်သူတစ်ပါးကိုနှစ်သိမ့်ရာရောက်မည်။နှလုံးသားဒဏ်ရာကုသပျောက်နိုင်စွမ်းရှိမည်။သူတစ်ပါးအားအသက်သစ်ပြန်ရရှိပြီးအပြုသဘောဆောင်သော အင်အားကိုရရှိကြလိမ့်မည်။မိမိတို့၏စိတ်နှလုံးကိုဖွင့်လျက်ချစ်ခြင်းမေတ္တာ၌ခံစားပါဝင်လျှင်ပါရမီတိုးတက်လာမည်။ကျွန်ုပ်တို့အနီးဆုံး နှင့်ချစ်ရဆုံးပုဂ္ဂိုလ်မှာသခင်ယေဇူးဖြစ်ပြီး သူ၏ချစ်ခြင်းမေတ္တာ၌ရှင်သန်ကြီးထွားမည်။ကိုယ်တော်၏ အနန္တကရုဏာကိုလည်းခံစားနိုင်မည်။ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၌စိတ်အားထက်သန်စွာဖြင့်အသီးအပွင့်များကိုလည်းသက်သေပြနိုင်သည့်အပြင်စစ်မှန်သောမေတ္တာတိုးပွားစေရန်အတွက်ဆုတောင်းလိုက်ပါသည်။