Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-11 05:52:49

၁၂.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ် သောကြာနေ့  
ရှင်ယောဟန် ၁၅:၁၂-၁၇
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ငါ၏ပညတ်သည်ကား ငါသည်သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်းအချင်းချင်းချစ်ကြလော့။မိမိ၏ မိတ်ဆွေများအဖို့ မိမိ၏အသက်ကိုစွန့်လွှတ်သောချစ်ခြင်းမေတ္တာထက်ပို၍ကြီးမြတ်သည့်ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ။သင်တို့ကိုငါပညတ်ထားသည့်အတိုင်းလိုက်နာကျင့်ကြံကြလျှင်သင်တို့သည်ငါ၏ မိတ်ဆွေများဖြစ်ကြ၏။ငါသည်ယခုမှစ၍ သင်တို့အားအစေခံဟူ၍ခေါ်ဆိုတော့မည်မဟုတ်။အကြောင်းမူကား အစေခံသည်မိမိသခင်ပြုသောအမှုအရာကိုမသိသောကြောင့်ဖြစ်၏။ငါသည်သင်တို့ကို မိတ်ဆွေဟုခေါ်၏။အကြောင်းမူကား ငါ၏ခမည်းတော်ထံမှငါကြားသိရသမျှတို့ကို သင်တို့အားငါသိစေလေပြီ။သင်တို့သည်ငါ့ကိုရွေးကောက်ခဲ့ကြသည်မဟုတ်။ငါသည်သင်တို့ကိုရွေးကောက်ခဲ့ခြင်းဖြစ်ပြီး သင်တို့သည်သွား၍အသီးသီးကြလျက်သင်တို့၏အသီးသည် အစဉ်အမြဲတည်နေမည့်အကြောင်းနှင့်ငါ၏နာမ၌ခမည်းတော်ထံသို့သင်တို့တောင်းလျှောက်သမျှကိုကိုယ်တော်သည်ပေးသနားတော်မူမည့်အကြောင်းသင်တို့အားငါခန့်ထား၏။ထို့ကြောင့်သင်တို့သည်အချင်းချင်းချစ်ကြရန်သင်တို့အားငါပညတ် ၏။*ထောက်ရှုချက်*ယေဇူးက ငါမိန့်တော်မူသည်အတိုင်းအလုပ်လုပ်လျှင်ငါ၏ သူငယ်ချင်းဖြစ်သည်။ယေဇူးသခင်သည် ဘုရားတကာတို့၏ဘုရား၊ဘုရင်တကာတို့၏ဘုရင်၊ကမ္ဘာမိုးမြေကို အုပ်စိုးသော အရှင်ဖြစ်တော်မူ၏။ကိုယ်တော်ကလူသားတွေကိုအဘယ်ကြောင့်သူငယ်ချင်းအဖြစ်လက်ခံကြသနည်း။ပုံမှန်အားဖြင့်ဘုရင်တစ်ပါးသို့မဟုတ် သခင်တစ်ပါးသည်နှင့်တစ်တန်းတည်းနေခဲ့သောသူငယ်ချင်းရှိလိမ့်မည်။ကျွန်ုပ်တို့သည်အရေးကြီးသောပုဂ္ဂိုလ်၊ငွေကြေးချမ်းသာ သောပုဂ္ဂိုလ်၊ ဥာဏ်ပညာထက်သောပုဂ္ဂိုလ်(သို့မဟုတ်)ဘုရားသခင်အတွက်အဖိုးထိုက်သောအရာကို ပြုလုပ်ပေးသူဖြစ်ကောင်းဖြစ်လိမ့်မည်။သို့မဟုတ်လျှင်လည်း အဆင့်အတန်းနှိမ့်သောသူ၊ကျွန်၊အလုပ်သမား၊အိမ်အကူဟုအခေါ်ခံရမည်။ဤယနေ့ဧဝံဂေလိကျမ်းတွင်သခင်ယေဇူးက၏သူငယ်ချင်းဖြစ်ရန် အထက်ပါအချက်များ မလိုအပ်ပေ။ကိုယ်တော်က“သင်သည်ငါ့ကိုရွေးချယ်သည်မဟုတ်။ငါသည်သင့်ကိုရွေးချယ်၏”ဟုမိန့်တော်မူ၏။ဘုရားသခင်သည်မိမိတို့ကိုရွေးချယ်ရာတွင်အရည်အချင်းမမှီသော်လည်း ကျွန်ုပ်တို့ကို ဦးစွာရွေးချယ်တော်မူသည်။ဘုရားသခင်၏ကောင်းချီးမင်္ဂလာတော်ခံစားလျှက်ကျွန်ုပ်တို့ အဖိုးအခပေးရန်မလိုပဲရရှိသောကျေးဇူးတော်များကိုအသုံးပြုလျက်မိမိနှင့်နီးစပ်သောသူဘုရားသခင်နှင့်ပိုမိုချစ်ခင်ရင်းနှီးမှုတည်ဆောက်ရန်ကြိုးစားကြပါစို့။ 

Daily Reflection