၁၃.၅.၂၀၂၃ - ပါစကားကာလ ပဥ္စမအပတ် စနေနေ့
ရှင်ယောဟန် ၁၅:၁၈-၂၁
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဤလောကသည်သင်တို့ကိုမုန်းတီးလျှင်သင်တို့ကိုမမုန်းမီငါ့ကိုမုန်းတီးခဲ့ကြောင်းသိမှတ်ကြလော့။သင်တို့သည်ဤလောကနှင့်သက်ဆိုင်သူများဖြစ်ကြပါလျှင်ဤလောကသည်မိမိနှင့်သက်ဆိုင်သောသင်တို့ကိုချစ်လိမ့်မည်။သို့သော်သင်တို့သည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ်။ငါသည်လည်းသင်တို့ကိုဤလောကထဲမှရွေးကောက်ခဲ့သောကြောင့် ဤလောကသည် သင်တို့ကိုမုန်းတီး၏။အစေခံသည် မိမိ၏သခင်ထက်မကြီးမြတ်ဟူ၍သင်တို့အားငါပြောခဲ့သည်ကိုသတိရကြလော့။လောကသားတို့သည်ငါ့ကိုညှဉ်းဆဲခဲ့ကြပါလျှင်သင်တို့ကိုလည်းညှဉ်းဆဲကြလိမ့်မည်။သူတို့သည်ငါ့စကားကိုလိုက်နာစောင့်ထိန်းခဲ့ကြပါလျှင်သင်တို့၏စကားကိုလည်းလိုက်နာစောင့်ထိန်းကြလိမ့်မည်။သို့သော်သူတို့သည်ငါ့အတွက်ကြောင့်သင်တို့၌ဤအရာများကိုပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ငါ့အားစေလွှတ်တော်မူသောအရှင်ကိုမသိကြ။*ထောက်ရှုချက်*ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိလူအားလုံးကိုကျွန်ုပ်တို့မည်သို့ကျေနပ်စေနိုင်မည်နည်း။ကမ္ဘာတစ်ဝှမ်းလုံး၏ကြည်ညိုလေးစားမှုနှင့်ချစ်ခြင်းမေတ္တာမည်သူမျှမရရှိနိုင်သည့်အဖြစ်မှန်ကိုကျွန်ုပ်တို့လက်ခံကြရမည်ဖြစ်သည်။ယခင်ကမဖြစ်ခဲ့သလိုတနောင်တွင်လည်းမည်သည့်အခါမျှဖြစ်လာမည်မဟုတ်ပေ။ဤကမ္ဘာပေါ်တွင်အကောင်းနှင့် အဆိုး၊တရားမျှတခြင်းနှင့်တရားမမျှတခြင်းတို့သည်ဒွန်တွဲ၊လွန်ဆွဲလျက်ရှိသည်။ အခွင့်အရေးသာရင် ကြီးနိုင်ငယ်နင်း ပြုလုပ်ကြသည်။ဤလောက၌ ဆန့်ကျင်ဖက် ဝင်ရိုးနှစ်ဖက်သည် အလင်းနှင့်အမှောင် ရှိသကဲ့သို့ အချင်းချင်းလက်မခံနိုင်ချေ။ ထို့ကြောင့် တခါတရံ ကျွန်ုပ်တို့သည်ကောင်းသော အကျင့်ကိုကျင့်ခြင်း၊တရား သဖြင့်ကျင့်ခြင်းဖြင့်သူတစ်ပါးမုန်းတီးခြင်းကိုခံရသည်။တခြားသူများ၏ အမြင်တွင်ကျွန်ုပ်တို့အား ပုံမှန်မဟုတ်သောသူအဖြစ်သို့ မမြင်စေပဲဘုရားသခင်၏သားသမီးဖြစ်ကြောင်းကိုပြကြရမည်။မိမိကိုယ်ကိုဝမ်းနည်းခြင်းနှင့်စိတ်ပျက်ခြင်းတို့ကိုခံစားမိရန် သတိထားရမည်။အထက်ပါခံစားချက်ရှိလျှင်လည်းသခင်ယေဇူးဘက်သို့ ဦးတည်ပြီးကျမ်းစာအားဖြင့်ခွန်အားယူကြရမည်။ ကိုယ်တော်က“ဤလောကသည် သင်တို့ကို မုန်းတီးကြလျှင်သင်တို့ကိုမမုန်းမီငါ့ကိုမုန်းတီးခဲ့ကြောင်းသိမှတ်ကြလော့။”သင်တို့သည်ဤလောကနှင့်သက်ဆိုင်လျှင်လောကသည်မိမိနှင့်သက်ဆိုင်သောသင်တို့ကိုချစ်ကြလိမ့်မည်။“သင်တို့သည်ဤလောကနှင့်သက်ဆိုင်သည်မဟုတ်” ငါသည်သင်တို့ကိုဤလောကထဲမှရွေးကောက်ခဲ့၏။ထို့ကြောင့်“ဤလောကသည်သင်တို့ကို မုန်းတီးကြ၏။”သူတို့၏ချစ်ခြင်းမေတ္တာသည် တစ်ကိုယ်ကောင်းဆန်သောအချစ်ဖြစ်သည်။ သူတို့၏ချစ်ခြင်းမေတ္တာသည် ရောဂါတစ်မျိုးဖြစ်သည်။ သူတစ်ပါးကိုလျစ်လျူရှုပြီး မိမိကိုယ်ကိုထင်ရာလုပ်ကာသူတစ်ပါးကို ထိခိုက်စေသည်။ သူတစ်ပါးသူ့ထက်ကောင်းမွန်ခြင်းကိုသူလက်မခံပေ။ထို့ကြောင့် ကျွန်ုပ်တို့သည်သူတစ်ပါးမကောင်းလျှင်လည်းအကောင်းမြင်ဝါဒကိုလက်ကိုင်ထားပြီး ဤလောကကိုစိန်ခေါ်ရမည်။ထို့ကြောင့် ကိုယ်တော်တိုင်ငြင်းပယ်ခြင်းနှင့်လောက၏မုန်းတီးခြင်းကိုတွေ့ကြုံခံစားရသည့်ကိုယ်တော်၏ကျေးဇူးတော်အားဖြင့်ပူပေါင်းခြင်းကိုလုပ်ဆောင်ကြရမည်။