၁၄.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် တနင်္ဂနွေနေ့
ရှင်ယောဟန် ၁၄:၂၁-၂၆
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်တို့သည်ငါ့ကိုချစ်လျှင်ငါ၏တပည့်တော်များ ကိုစောင့်ထိန်းကြလိမ့်မည်။ငါသည် ခမည်းတော်အားတောင်းလျှောက်သဖြင့်ကိုယ်တော်သည်လည်း သင်တို့နှင့်အတူထာဝရရှိနေမည့်ကူညီစောင်မသူနောက်တစ်ပါးဖြစ်သောသမ္မာတရား၏ဝိညာဉ်တော်ကိုသင်တို့အားပေးတော်မူလိမ့်မည်။ထိုအရှင်ကိုဤလောကသည်လက်မခံနိုင်။အဘယ်ကြောင့်ဆိုသော်ဤလောကသည်သူ့ကိုလည်း မမြင်၊သိလည်းမသိသောကြောင့်ဖြစ်၏။သင်တို့မူကားသူ့ကိုသိကြ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သင်တို့နှင့်အတူစံပယ်တော်မူပြီးသင်တို့၌တည်နေတော်မူမည်ဖြစ်သောကြောင့်တည်း။ငါသည်သင်တို့ကို အားကိုးရာမဲ့ပစ်ထားလိမ့်မည်မဟုတ်။သင်တို့ထံသို့ ငါလာဦးမည်။တစ်ခဏမျှကြာလျှင်ဤလောကသည် ငါ့ကိုမြင်ရတော့မည်မဟုတ်။သင်တို့မူကား ငါ့ကိုမြင်ကြရလိမ့်မည်။အကြောင်းမူကား ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်းအသက်ရှင်ကြလိမ့်မည်။ ငါသည်ခမည်းတော်၌တည်ရှိကြောင်းကိုလည်းကောင်း၊သင်တို့သည် ငါ၌တည်ရှိ၍ ငါသည်လည်း သင်တို့၌တည်ရှိကြောင်းကိုလည်းကောင်း ထိုနေ့၌ သင်တို့သိကြလိမ့်မည်။ငါ၏ပညတ်တော်များကိုခံယူ၍ စောင့်ထိန်းသောသူသည် ငါ့ကိုချစ်၏။ငါ့ကိုချစ်သောသူကိုငါ၏ခမည်းတော်သည်လည်း ချစ်တော်မူလိမ့်မည်။ငါသည်လည်း သူ့ကိုချစ်၍ မိမိကိုယ်ကို သူ့အားထင်ရှားပြတော်မူမည်။*ထောက်ရှုချက်*ဤရက်များအတွင်း ဧဝံဂေလိတရားတော်သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့်အချင်းချင်းချစ်ရန်အမြဲသွန်သင်ခဲ့သည်။ဒုတိယကျမ်းတွင်သခင်ယေဇူးအားဖြင့်သင်၏စိတ်နှလုံးထဲ၌ သန့်ရှင်းစေကြလော့။သင်၏ဆုံးဖြတ်ချက်အတွက်ဆုံးဖြတ်ချက်တောင်းသောသူတိုင်းကိုကိုယ်တော်၏အကြောင်း ရှင်းပြရန်အဆင်သင့်ရှိသော်လည်း ကျွန်ုပ်တို့၏အပြောအဆိုသိမ်မွေ့နူးညံ့မှု၊ရိုသေလေးစားမှု ရှိရန်လိုအပ်ပါသာည်။ခရစ်တော်အကြောင်းကိုမရှက်မကြောက်ဟောပြောရန်၊ဆင်းရဲဒုက္ခကို မကြောက်မရွံ့ပဲရင်ဆိုင်နိုင်သောသတ္တိရှိရန်လိုအပ်ပါသည်။ ဒုစရိုက်ကိုပြုခြင်းထက် အကောင်းအတွက်ဒုက္ခခံခြင်းကပိုကောင်းပါသည်။ယေဇူးကပညတ်တော်ကိုလိုက်နာရန်အခိုင်အမာတောင်းဆိုထားသည်။ခရစ်တော်၏ရှင်ပြန်ထမြောက်တော်မူခြင်းကိုမြင်ရသောအခါယေဇူးကားတိုင်ပေါ်တင်ခံရခြင်း၊ကားတိုင်လမ်း၌ မထီမဲမြင်ပြောဆိုခံရခြင်းတို့ကိုအမှန်တရားအတွက်မှန်ကန်သောပါရမီတို့ဖြင့်ကျင့်ပြခဲ့သည်။အမှန်တရားအတွက် သက်သေခံသူများသတ္တိရှိရန်ယေဇူးက“ငါသည်သင်တို့အတွက်ခမည်းတော်၏ရှေ့နေရှေ့ရပ်ဖြစ်စေရန်သင်တို့အတွက်သန့်ရှင်းသောဝိညာဥ်တော်ကိုအမြဲစေ လွတ်ပေးမည်”။ကျွန်ုပ်တို့လည်းယုံကြည်ခြင်းတရားလမ်းစဥ်လျှောက်လှမ်းရာတွင် ကျွန်ုပ်တို့အပေါ်ထားရှိသောဂတိတော်နှင့်ငါတို့နှင့်အတူအမြဲရှိသည်ကိုယုံကြည်ခြင်းဖြင့်လည်းကောင်း၊အခြားသောနည်းလမ်းဖြင့်လည်းကောင်းကျွန်ုပ်တို့နှင့်ဘက်ပေါင်းစုံမှအဖော်ပြုလျက်ရှိနေပါသည်။