၁၅.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် တနင်္လာနေ့
ရှင်ယောဟန် ၁၅:၂၆-၁၆း၄
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ခမည်းတော်ဘုရားထံမှသင်တို့ထံသို့ ငါစေလွှတ်မည့်ကူညီစောင်မသူတည်းဟူသောသမ္မာတရားနှင့်သက်ဆိုင်သည့်ဝိညာဉ်တော်သည် ခမည်းတော်ထံမှထွက်ပေါ်လာ၍ ကြွလာတော်မူသောအခါသူသည်ငါ၏အကြောင်းကိုသက်သေခံလိမ့်မည်။ထို့အတူသင်တို့သည်လည်းအစဦးကပင် ငါနှင့်အတူရှိနေခဲ့ကြသောကြောင့်ငါ၏သက်သေခံများဖြစ်ကြ၏။သင်တို့၏ ယုံကြည်ခြင်းမပျက်ပြားစေရန်ဤအကြောင်းအရာများကို သင်တို့အားငါဟောပြော၏။သူတို့သည် သင်တို့ကိုတရားဇရပ်များမှနှင်ထုတ်ကြလိမ့်မည်။သင်တို့ကိုသတ်ဖြတ်သောသူတိုင်းကမိမိသည်ဘုရားသခင်အားယဇ်ပူဇော်ခြင်းအမှုကိုပြုလေပြီဟုထင်မှတ်သောအချိန်ကာလသည် ဧကန်မုချရောက်လိမ့်မည်။သူတို့သည်ခမည်းတော်ကိုလည်းကောင်း၊ငါ့ကိုလည်းကောင်းမသိကြသောကြောင့် ဤ သို့ပြုကြလိမ့်မည်။ထိုအရာများဖြစ်ပျက်သည့်အချိန်ကျရောက်သောအခါသင်တို့အားငါပြောထားပြီဖြစ်ကြောင်းသတိရကြစေရန်ဤအကြောင်းအရာများကိုသင်တို့အားငါပြောခြင်းဖြစ်၏။ငါသည်သင်တို့နှင့်အတူရှိနေခဲ့သောကြောင့်အစပိုင်း၌အကြောင်း အရာများကိုသင်တို့အားမပြောခဲ့ပေ။*ထောက်ရှုချက်*ဘုရားသခင်သည်ကျွန်ုပ်တို့ အသက်ရှင်ခြင်းနှင့်ယုံကြည်ခြင်းကိုစောင့်ရှောက်တော်မူ၏။သခင်ယေဇူးသည် မိမိလူမျိုးတို့၏ယုံကြည်ခြင်းလမ်းစဥ်တွင်မည်မျှခက်ခဲစွာရင်ဆိုင်ရမည်ကို ကြိုတင်သိမြင်ခဲ့သည်။ဖတ်ရှုခဲ့ရသောကျမ်းတွင် ခရစ်တော်အကြိမ်ကြိမ် သတိပေးခဲ့သည်။ ကိုယ်တော်ဖြတ်သန်းခဲ့ရသောအခက်ခဲသည် လူများနှင့် အတူတူစိန်ခေါ်မှုများ နှင့်ခရစ်တော်နှင့်အတူရက်စက်မှုခံရမည် ဟုကြိုတင်မြွက်ကြားခဲ့သည်။ ဤအကြောင်းအရာကို သင်တို့ ကြားပြောခဲ့ပြီးဖြစ်၍မပျောက်ပျက်သွားစေရန်ငါမှာထားခဲ့သည်။သို့တည်းမဟုတ်“အချိန်တန်လျှင်ငါပြောသောစကားကိုသတိရစေမည်”ဟုငါမြွက်ကြားခဲ့သည်။မိမိလူမျိုးတော်အပေါ်မှာမေတ္တာစေတနာထားကာဂရုစိုက်မှုကြောင့် သူတို့ကိုယ်သူတို့ ကြိုတင်ပြင်ဆင်ထားနိုင်ရန်ယေဇူးနှင့်ပူးပေါင်းဆောင်ရွက်ရန်လိုသည်။ အရေးကြုံလာရင်ပျက်စီးခြင်းသို့ မရောက်စေဘဲမိမိ၏ယုံကြည်ခြင်းအသက်တာတွင် ယေဇူးသခင်ကိုသက်သေခံနိုင်ရန်ဖြစ်သည်။လူများစွာတို့သည် ယေဇူး၏ လုပ်ဆောင် ချက်များကိုနားလည်မှုလွဲခြင်းရှိမည်ဖြစ်သော်လည်း အဖခမည်းတော်ဘုရားသည်ကိုယ်တော်ကိုချစ်မြတ်နိုးသည်။ကိုယ်တော်၏စိတ်နှလုံးကိုသိတော်မူ၏။ကိုယ်တော်၏အတွေ့အကြုံကိုဝေမျှရန်ခမည်းတော်ထံမှသန့်ရှင်းသောဝိညာဥ်တော်ကိုစေလွှတ်တော်မူမည်ဖြစ်ကြောင်း၊ကိုယ်တော်ကိုသက်သေခံမည်ဖြစ်ကြောင်းကျွန်ုပ်တို့အားအာမခံချက်ပေးထားပါသည်။ထို့အပြင်ကျွန်ုပ်တို့၏ယုံကြည်ခြင်းဖြင့်ယေဇူးနောက်လိုက်နိုင်ရန်သန့်ရှင်းသောဝိညာဥ်သည်ကျွန်ုပ်ထံသို့ကြွလာမည်။ခွန်အားယူစရာမှာဝိညာဥ်တော်ဘုရားသည်ကျွန်ုပ်တို့အဖေါ်မွန်အဖြစ် ခမည်းတော်ဘုရားထံမှရရှိသောသမ္မာတရား၏ဝိညာဥ်တော်စေလွှတ်ပေးခြင်းကြောင့်ဝမ်းသာဂုဏ်ယူသင့်ပါသည်။