Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-15 04:59:00

၁၆.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် အင်္ဂါနေ့
ရှင်ယောဟန် ၁၆း၅-၁၁
Reflection by Rev.  Fr. Petrue , CSsR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ယခုမှာမူငါ့ကိုစေလွှတ်တော်မူသောအရှင်ထံသို့ ငါသွားမည်။သို့ရာတွင်ကိုယ်တော်မည်သည့်အရပ်သို့ သွားမည်နည်းဟူ၍ သင်တို့တွင်တစ်ယောက်မျှငါ့ကိုမမေးကြ။ ငါသည်ကားဤအကြောင်းအရာတို့ကိုသင်တို့အားပြောကြားသဖြင့်သင်တို့၏ စိတ်နှလုံးသည် ဝမ်းနည်းခြင်းဖြင့်ပြည့်လေပြီ။သို့ပင်သော်လည်း သင်တို့အားငါအမှန်အတိုင်းဆိုရလျှင် သင်တို့၏အကျိုးအလို့ငှာ ငါသွားခြင်းဖြစ်၏။အကြောင်းမူကားငါမသွားလျှင်ကူညီစောင်မသောအရှင်သည် ကြွလာတော်မူလိမ့်မည်မဟုတ်။ငါသွားလျှင်မူကား ထိုအရှင်ကို သင်တို့ထံသို့ငါစေလွှတ်မည်။ထိုအရှင်ကြွလာတော်မူသောအခါဤလောကအား အပြစ်အကြောင်း၊ဖြောင့်မတ်ခြင်းအကြောင်းနှင့်တရားစီရင်တော်မူခြင်းအကြောင်းတို့ကိုထင်ရှားစွာထုတ်ဖော်ပြတော်မူလိမ့်မည်။အပြစ်ဟုဆိုရခြင်းမှာသူတို့ သည်ငါ့ကိုမယုံကြည်ကြသောကြောင့်ဖြစ်၏။ ဖြောင့်မတ်ခြင်းဟုဆိုရခြင်းမှာငါသည် ခမည်းတော်ထံသို့ ကြွသွား၍ သင်တို့သည်ငါ့ကိုထပ်မံ၍မြင်ကြရလိမ့်မည်မဟုတ်သောကြောင့်ဖြစ်၏။တရားစီရင်တော်မူခြင်းဟုဆိုရခြင်းမှာဤကမ္ဘာလောကကိုအုပ်စိုးသောသူသည်တရားစီရင်ခြင်းခံရသောကြောင့်ဖြစ်၏။*ထောက်ရှုချက်*ကျွန်ုပ်တို့လောကရှိလူတစ်ချို့သည်အမှန်တရားကိုမသိချင်ကြပါ။အမှန်တရားကိုရှာဖွေခြင်းသည်ကျွန်ုပ်ဘဝတစ်ခုလုံး၏တာဝန်ဖြစ်သည်။လက်တွေ့ဘဝတွင်အမှန်တရားကိုလက်ခံခြင်းသည်မည်သည့်ကိစ္စတွင်မလွယ်ကူပါ။တခါတရံအမှန်တရားကိုသိရန်ကြောက်နေကြသည်။အဘယ်‌ကြောင့် ဆိုသောကျွန်ုပ်တို့လိုချင်သောအရာနှင့်ဖြစ်ပေါ်သောရလဒ်များတွင်တူသောပုံမပေါ်မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။သို့မဟုတ်အပြစ်ကျူးလွန် ထားသောကြောင့်ဖြစ်သာည်။ကျွန်ုပ်တို့သည် အမှောင်ကိုနှစ်သက်ပြီး ၎င်းတွင်ပျော်ရွှင်ငြိမ်းချမ်းမှုမရှိပဲဒုက္ခဆင်းရဲကို လက်ခံကြသည်။ဤယနေ့ဧဝံဂေလိကျမ်းတွင် ယေဇူးထွက်ခွါသွားခြင်း၏အားသန်ချက်မှာသန့်ရှင်းသောဝိညာဥ်တော်နှင့်ဆက်စပ်နေသည်။သန့်ရှင်းသောဝိညာဥ်တော် ကြွလာသောအခါကမ္ဘာကြီး၏အတွေးအခေါ်တချို့မှားယွင်းနေခြင်းကိုထောကပြတော်မူမည်။ယေဇူးသည်အပြစ်၊ဖြောင့်မတ်ခြင်းနှင့်တရားစီရင်တော်မူခြင်းကိုအသွင်ပြင်သုံးမျိုးအဖြစ်ရည်ညွှန်းထားသည်။ ဘုရားသခင်နှင့် သားတော်ကိုညင်းပယ်ခြင်းသည်အပြစ်ဖြစ်သည်ဟုဆိုနိုင်သည်။ပထမအချက်မှာ ယေဇူးသခင်သက်ရှိထင်ရှာခြင်း၊ အသေခံခြင်း နှင့် ရှင်ပြန်ထမြောက်ခြင်း စသည်အချက်ကြောင့် ဘုရား၏စီမံကိန်း ကိုရှင်းလင်းစေခဲ့သည်။ ဝိညာဥ်တော်ဘုရားသည်ယုံကြည်သူများ၏ဝိညာဥ်ကိုအလင်းပေးကာသတင်းကောင်းကို ဟောပြောစေသည်။ဒုတိယအချက်သည်ခရစ်တော်သေခြင်းမှရှင်ပြန်ထမြောက်ခြင်းကိုကိုယ်တော်၏ရန်သူတို့မှားယွင်းကြောင်း အံ့ဘွယ်သောသက်သေပြခြင်းဖြစ်သည်။ တတိ ယအချက်မှာယေဇူးသည်ကျရှုံးသွားသောလောက၏ဝိညာဥ်ရေး ခေါင်းဆောင်ဖြစ်သည့်စာတန်နတ်ဆိုးအပေါ်တရားစီရင်ခြင်းကိုရည်ညွှန်းသည်။သားတော်၏နာခံခြင်းကြောင့်လောကနှင့်အုပ်စိုးရှင်တို့နှင့်ပေါင်းဖက်ရန်ရွေးချယ်သူတိုင်းအတွက် အင်အားဖြစ်သည်။ခရစ်တော်ကိုယုံကြည်ခြင်းသည် အမှန်တရားကိုလက်ခံခြင်းဖြစ်သည်။သန့်ရှင်းသောဝိညာဥ်တော်ဘုရားကိုခံယူပြီး သတင်းကောင်းကိုကမ္ဘာအနှံ့ သယ်ဆောင်ပျံ့နှံ့စေမည်။မိမိတို့၏ဆုံးဖြတ်ချက်များကိုလမ်းပြနိုင်ပြီးဝိညာဥ်၊ကာယဆိုင်ရာ အန္တရာယ်ကိုကာကွယ်ပေးသည်။ကြောက်ရွံ့စိတ်ကိုဖယ်ရှားပြီးမျှော်လင့်ချက်ကိုပြည့်ဝစေသည်။ကိုယ်တော်၏တန်ခိုးတော်အားဖြင့် မိမိတို့သည်နောင်တရခြင်း၊ကယ်တင်ခြင်းရရှိခြင်းနှင့်သန့်ရှင်းခြင်းကျးဇူးတော်ပေးပါသည်။အမှန်တရားသည်ကျွန်ုပ်တို့ကိုလွတ်မြောက်စေသည်။ 

Daily Reflection