၁၇.၅.၂၀၂၃ - ပါစကားကာလ သတ္ထမအပတ် ဗုဒ္ဓဟူးနေ့
ရှင်ယောဟန် ၁၆း၁၂-၁၅
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ငါသည်သင်တို့အားပြောစရာအကြောင်းအရာများစွာရှိသေးသော်လည်း သင်တို့သည်ယခုခံယူနိုင်ကြမည်မဟုတ်။သမ္မာတရား၏ဝိညာဉ်တော်ကြွလာတော်မူသောအခါသူသည်သမ္မာတရားအကြောင်းအလုံးစုံတို့ကိုသင်တို့အားသွန်သင်တော်မူလိမ့်မည်။ အကြောင်းမူကား ထိုအရှင်သည် မိမိ၏အခွင့်အာဏာအလျောက်ဟောပြောလိမ့်မည်မဟုတ်။သို့သော်ထိုအရှင်သည်မိမိကြားသိရသောအကြောင်းအရာများကိုဟောပြောတော်မူလိမ့်မည်။ထို့ပြင်ထိုအရှင်သည်နောင်ဖြစ်လတ္တံ့သောအကြောင်းအရာတို့ကို သင်တို့အားပြောကြားတော်မူလိမ့်မည်။ထိုအရှင်သည်ငါ၏ဘုန်းဂုဏ်တော်ကိုထင်ရှားစေလိမ့်မည်။အကြောင်းမူကားထိုအရှင်သည်ငါ၏တရားကိုယူ၍ သင်တို့အားကြားသိစေမည်ဖြစ်သောကြောင့်တည်း။ခမည်းတော်၌ရှိသမျှသည်ငါနှင့်သက်ဆိုင်၏။ထို့ကြောင့်ထိုအရှင်သည် ငါနှင့်သက်ဆိုင်သောတရားကိုယူ၍ သင်တို့အားကြားသိစေလိမ့်မည်ဟုငါဆိုခြင်း၏။*ထောက်ရှုချက်*သမ္မာတရား၏ဝိညာဥ်တော်ကြွလာတော်မူသောအခါ သူသည်သမ္မာတရားအကြောင်းအားလုံးစုံကို သွန်သင်တော်မူလိမ့်မည်။ ယောဟန် ၁၆း၁၃) သန့်ရှင်းသောဝိညာဥ် ကြွလာသော်လည်း ကျွန်ုပ်တို့သည် အမှန်တရားကိုမသိသေးပေ။ ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦး နားမလည်နိုင်သေးပေ။ အချင်းချင်မုန်းတီးကြ၊ အပြစ်တင်နေကြသည်။ သခင်ယေဇူး အပြည့်အဝမယုံကြည် ကြပါ။ တစ်ဝက်တစ်ပျက်သာကိုယ်တော်ကိုသိကြ၍သန့်ရှင်းသောဝိညာဥ်တော်ဘုရားအားဖြင့်ကိုယ်တော်ကိုသိကြသည်မဟုတ်ပေ။သာမန်အခြေအနေတွင်နူးညံ့သည်ဟုထင်ရသော်လည်းဘဝအခြေအနေအခက်ခဲများတွင်ရင်ဆိုင်ရသည့်အခါတွင်ရက်စက်တတ်ပါသည်။ဤယနေ့ကျမ်းစာတွင်သန့်ရှင်းသောဝိညာဥ်တော်ကိုမယုံကြည်သောကမ္ဘာလူသားများအပြစ်ပေးမည့်နည်းလမ်းများပါဝင်သည်။နောင်လာမည့်အနာဂတ်တွင်တပည့်တော်များပြင်ဆင်ထားးရန်ဖြစ်သည်။အချိန်အနးငယ်ကြာလာသောအခါ ကိုယ် တော်ကိုဖမ်းဆီး၍ လက်ဝါးကားတိုင်တင်မည်ကိုမြင်ကြရလိမ့်မည်။သခင်ယေဇူးရှင်ပြန်ထမြောက်ပြီးနောက်သန့်ရှင်းသောဝိညာဥ်တော်၏အကူအညီရကြလိမ့်မည်စသည့်အချက်များကိုသိသော်လည်းကိုယ်တော်ကိုဆက်လက်ညင်းဆဲကြသည်။ဤခက်ခဲသောအချိန်ကိုကြိုတင်ဟောကိန်းထုတ်ထားသည်ကိုသိရှိခြင်းကဘုရားသခင်သည်ထိန်းချုပ်နေကြောင်းခရစ်ယာန်များသိစေသည်။