Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-17 05:07:17

၁၈.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် ကြာသပတေးနေ့
ရှင်ယောဟန် ၁၆း၁၆-၂၀
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

တစ်ခဏမျှကြာလျှင်သင်တို့သည ငါ့ကိုတွေ့မြင်ကြရတော့မည်မဟုတ်။တစ်ဖန်တစ်ခဏမျှကြာလျှင်သင်တို့သည် ငါ့ကိုတွေ့မြင်ကြရလိမ့်မည်ဟုမိန့်တော်မူ၏။ကိုယ်တော်၏တပည့်တော်အချို့တို့ကအချင်းချင်းပြောဆိုကြသည်မှာတစ်ခဏမျှကြာလျှင် သင်တို့သည်ငါ့ကိုတွေ့မြင်ကြရလိမ့်မည်မဟုတ်၊တစ်ဖန်တစ်ခဏမျှကြာလျှင် သင်တို့သည်ငါ့ကိုတွေ့မြင်ကြရလိမ့်မည်၊အကြောင်းမူကား ငါသည်ခမည်းတော်ထံသို့သွားမည်ဟူ၍ ငါတို့အားကိုယ်တော်မိန့်တော်မူသောစကားသည်မည်သည့်အရာကိုဆိုလိုသနည်းဟုဆိုကြ၏။တစ်ဖန်သူတို့ကကိုယ်တော်သည်တစ်ခဏမျှဟုဆိုရာ၌အဘယ်အရာကိုဆိုလိုသနည်း။ကိုယ်တော်သည် မည်သည့်အရာကိုဆိုလိုကြောင်းငါတို့ မသိကြဟုဆိုကြ၏။ယေဇူးမူကား သူတို့သည်မိမိအားမေးမြန်းလိုကြောင်းကိုသိသဖြင့်သူတို့အားမိန့်တော်မူသည်မှာတစ်ခဏမျှကြာလျှင်သင်တို့သည်ငါ့ကိုတွေ့မြင်ကြရလိမ့်မည်မဟုတ်။တစ်ဖန်တစ်ခဏမျှကြာလျှင် သင်တို့သည်ငါ့ကိုတွေ့မြင်ကြလိမ့်မည်ဟူ၍ငါဆိုသည်ကိုသင်တို့အချင်းချင်းမေးမြန်းနေကြသလော။သင်တို့အားငါဧကန်အမှန်ဆိုသည်ကားသင်တို့သည် ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။သို့ရာတွင် ဤလောကသည်ဝမ်းမြောက်လိမ့်မည်။သင်တို့သည်ဝမ်းနည်းကြရသော်လည်းသင်တို့၏ ဝမ်းနည်းခြင်းသည်ဝမ်းမြောက်ခြင်းအဖြစ်သို့ပြောင်းလဲလိမ့်မည်။*ထောက်ရှုချက်*ကျွန်ုပ်တို့တစ်စုံတစ်ယောက်ကိုချစ်တယ်ဆိုရင်အနီးအနားမှာသူရှိစေချင်တယ်။ဘယ်သူကမှမဝေးချင်ကြပ်ဘူး။လက်တွေ့ဘဝမှာခွဲကွာမှုတွေအများကြီးကြုံတွေ့ရပါတယ်။ဆွေမျိုးတွေဆုံးပါးသွားရင်စိတ်ပျက်တတ်ပါတယ်။ ကျွန်ုပ်တို့ချစ်သူကသေဆုံးခြင်းအကြောင်းကိုနားလည်ရခက်တယ်။ဘုရားနှင့်ယုံကြည်ခြင်းမရှိလျှင်အဖြေမသိနိုင်။ယနေ့ကျမ်းစာတွင် ယေဇူးခွဲခွါသွားခြင်းအကြောင်းကိုမိန့်တော်မူခဲ့တယ်။“တခဏမျှအတွင်းသင်တို့ကိုမတွေ့ရတော့ပါဘူး။ထို့နောက်ခဏကြာလျှင်ငါ့ကိုပြန်တွေ့ရလိမ့်မည်။”သခင်ယေဇူးသည်သူ၏ဒုက္ခစရိယာခံခြင်း၊ရှင်ပြန်ထမြောက်ခြင်းအ‌ကြောင်းကိုအရိပ်အမြွက်ပြောခဲ့သည်။မက်ဆီးယားကိုစေလွှတ်မည့် ဂတိနှင့်ကိုက်ညီသည်။ဤအချက်သည်တပည့်တော်ကးများမသိနားမလည်ကြချေ။ဤသို့ဖြစ်ရခြင်းမှာ နောင်ဖြစ်လာမည့်အရာအားလုံးကိုမမြင်နိုင်သေးသောကြောင့်ဖြစ်သည်။အဘယ်ကြောင့်ဆိုသော် သန့်ရှင်းသောဝိညာဥ်တော်၏ သြဇာလွမ်းမိုးမှုမရှိသေးသောကြောင့်ဖြစ်သည်။နောက်ဆုံးညစာစားပွဲတွင် ယေဇူးပြောသောစကားသည် “ဖမ်းချုပ်ခြင်း၊ ကားစင်တင်ခြင်း၊ရှင်ပြန်ထမြောက်ခြင်းစသည့်စကားများကို သူမြွက်ကြားခဲ့သော်လည်း ဝိညာဥ်တော်မရှိသေးသောကြောင့်သူတို့နားမလည်ကြ။ ကိုယ်တော်ရှင်ပြန်ထမြောက်ပြီးသူတို့၏အသိဥာဏ်အတွက်သော့ချက်ဖြစ်လာလိမ့်မည်။ကျွန်ုပ်တို့သည် တပည့်တော်ကြီးများကဲ့သို့ ကိုယ်ချစ်ရတဲ့သူနှင့်လမ်းခွဲရသည့်အချိန်တွင် ဝမ်းနည်းရခံစားရတတ်သည်။ ချစ်ရသူနှင့်မတွေ့ရရင် စိတ်မကောင်းဖြစ်ရသည်။နေ့စဥ် မစ္ဆားတရားနာယူသော်လည်း ကိုယ်တော်သည်ငါတို့နှင့်အတူရှိကြောင်း ငါတို့အမှန်တကယ်မသိရှိကြပါ။သန့်ရှင်းသောဝိညာဥ်တော်အလင်ကျေးဇူးတော်ကြောင့်ယေဇူးနှင့်တလုံးတဝတည်းရှိကြောင်းသိနားလည်နိုင်သည်။ကျွန်ုပ်တို့ ရှင်သော်လည်းကောင်း၊သေသော်လည်းကောင်းဘုရားသခင်နှင့်သက်ဆိုင်သည်။ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူနေလျှင် အမှန်တရားကိုနားလည်လိမ့်မည်။ တနေ့နေ့ပြန်လည်ဆုံတွေ့ ကြရမည် ဟုယုံကြည်ပါသည်။ 

Daily Reflection