၁၉.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် သောကြာနေ့
ရှင်ယောဟန် ၁၆း၂၀-၂၃
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သင်တို့အားငါဧကန်အမှန်ဆိုသည်ကားသင်တို့သည်ဝမ်းနည်းငိုကြွေးကြရလိမ့်မည်။သို့ရာတွင်ဤလောကသည်ဝမ်းမြောက်လိမ့်မည်။သင်တို့သည်ဝမ်းနည်းကြရသော်လည်းသင်တို့၏ဝမ်းနည်းခြင်းသည်ဝမ်းမြောက်ခြင်းအဖြစ်သို့ပြောင်းလဲလိမ့်မည်။ အမျိုးသမီးတစ်ဦးသည်သားဖွားရသောအချိန်ရောက်သောအခါ ဝေဒနာပြင်းစွာခံစားရသဖြင့်ဝမ်းနည်းခြင်းရှိ၏။သို့သော်သူမသည်သားဖွားပြီးလျှင်မူ မိမိခံစားခဲ့ရသောဝေဒနာကိုသတိမရတော့ချေ။အကြောင်းမူကား ဤလောကအတွင်းသို့သူငယ်တစ်ယောက်ဖွားမြင်လာခြင်းအတွက်ဝမ်းမြောက်သောကြောင့်ဖြစ်၏။ထိုနည်းတူသင်တို့သည်လည်းယခုအခါဝမ်းနည်းလျက်ရှိကြ၏။သို့သော် ငါသည်သင်တို့နှင့်တစ်ဖန်ပြန်တွေ့သောအခါ သင်တို့၏စိတ်နှလုံးများသည်ဝမ်းမြောက်ကြလိမ့်မည်။ထိုအခါမည်သူကမျှသင်တို့၏ဝမ်းမြောက်ခြင်းကိုသင်တို့ထံမှယူသွားလိမ့်မည်မဟုတ်။ထိုနေ့၌သင်တို့သည်ငါ့အားမည်သည့်အရာကိုမျှမေးမြန်းကြလိမ့်မည်မဟုတ်။သင်တို့အားငါဧကန်အမှန်ဆိုသည်ကားသင်တို့သည်ငါ၏ ခမည်းတော်ထံတစ်စုံတစ်ခုကိုတောင်းလျှောက်ကြလျှင်ကိုယ်တော်သည်ငါ၏နာမ၌ သင်တို့အားထိုအရာကိုပေးတော်မူလိမ့်မည်။*ထောက်ရှုချက်*”ပျော်ရွှင်ခြင်းနှင့်ဝမ်းမြောက်ခြင်း”သင်တို့အားငါဧကန်အမှန်ဆိုသည်ကားသင်တို့သည်ဝမ်းနည်းငိုကြွေးကြလိမ့်မည်။သို့သော်ဤလောကသည်ဝမ်း မြောက်ကြလိမ့်မည်။သင်တို့သည်လည်းဝမ်းနည်းသော်လည်းဝမ်းမြောက်ခြင်းအဖြစ်သို့ပြောင်းလဲလိမ့်သည်။ရှင်ယောဟန် ၁၆း၂၀-၂၁အတွေ့အကြုံသည်မိုးရွာပြီးနေသာသည်။ဒုက္ခပြီးဆုံးချိန်တွင် ပျော်ရွှင်သောအချိန်ဖြစ်သည်။ဆောင်းရာသီအအေးဒဏ် မဖြတ်ကျော်ခဲ့လျှင်နွေရာသီ၏သစ်လွင်မှုကိုမခံစားနိုင်ပေ။သခင်ယေဇူးသည် သူ့တပည့်တို့ကိုနှစ်သိမ့်ခဲ့သည်။ဤဝမ်းမြောက်ခြင်းသည် ချစ်ခြင်းမေတ္တာနှင့်အခြေခံ၍သန့်ရှင်းသောဝိညာဥ်တော်ဘုရားမှရရှိသော ဝမ်းမြောက်ခြင်းဖြစ်သည်။အစောပိုင်းကာလတွင်သခင်ယေဇူးသည်တပည့်တော်ကြီးများအားဘာသာရေးကြောင့်ညင်းပန်းနှိပ်စက်ခြင်း၊မုန်းတီခြင်းခံရသည်။ ဝိညာဥ်တော်ဘုရားကြွလာတော်မူသည်ကိုလည်းဂတိတော်ရှိခဲ့သည်။ယေဇူးသည်တပည့်တော်များ ဒုက္ခစရိယာကိုကျော်လွန်၍ မြင်တတ်ရန်သွန်သင်တော်မူသည်။သားဖွားမိခင်တစ်ဦးသည်သားဖွားချိန်တွင်နာကျင်မှုခံစားရပြီးနောက်သားဖွားပြီးချက်ခြင်းခံစားရသောဝေဒနာသတိမရတော့ချေ။ဟုဥပမာပေးခဲ့သည်။ဝမ်းနည်းမှုသည်ဝမ်းမြောက်ခြင်းသို့ပြောင်းသည်။အနှုတ်သဘောဆောင်သောအခြေအနေသည်မွေးဖွားလာသောကလေးကြောင့် ဝမ်းမြောက်ရသည်။ကျွန်ုပ်တို့သည်တပည့်တော်ကြီးများကဲ့သို့ခက်ခဲသောလမ်းကိုလျှောက်ကြရသည်။ခရစ်တော်သည်မိမိတို့ကိုဘေးအန္တရာယ်မှလွတ်မြောက်စေသည်။ရှင်ပေါလုက ငါတို့သည်ခရစ်တော်နှင့်အတူသေခဲ့ပါလျှင်သူနှင့်အတူရှင်လိမ့်မည်ကိုယုံကြည်ကြ၏။အကြေင်းမူကားသေခြင်းမှရှင်ပြန်ထမြောက်တော်မူသဖြင့်မည်သည့်အခါမျှသေရလိမ့်မည်မဟုတ်။သေခြင်းတရားသည်ကိုယ်တော်ကိုမအုပ်စိုးရကြောင်းကိုငါတို့သိရ၏။ခရစ်တော်သည်ငါတို့နှင့်အတူရှိလျှင်ပြည့်စုံပြီ။သန့်ရှင်းသောဝိညာဥ်တော်ဘုရား၏လမ်းညွှန်မှုအောက်တွင်နေထိုင်ပြီး ကိုယ်တော်ကိုယုံကြည်ကြရန်ဖြစ်သည်။