Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-19 08:32:36

၂၀.၅.၂၀၂၃ - ပါစကားကာလ ဆဌမအပတ် စနေနေ့
ရှင်ယောဟန် ၁၆း၂၃-၂၈
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထိုနေ့၌ သင်တို့သည်ငါ့အားမည်သည့်အရာကိုမျှ မေးမြန်းကြလိမ့်မည်မဟုတ်။သင်တို့အားငါဧကန်အမှန်ဆိုသည်ကား သင်တို့သည်ငါ၏ခမည်းတော်ထံတစ်စုံတစ်ခုကိုတောင်းလျှောက်ကြလျှင်ကိုယ်တော်သည်ငါ၏နာမ၌သင်တို့အားထိုအရာကိုပေးတော်မူလိမ့်မည်။ယခုတိုင်အောင်သင်တို့သည်ငါ၏နာမ၌မည်သည့်အရာကိုမျှမတောင်းခံကြသေး။တောင်းလျှောက်ကြလော့။ထိုအခါ သင်တို့သည်ရရှိကြ၍သင်တို့၏ဝမ်းမြောက်ခြင်းသည်ပြည့်စုံလိမ့်မည်။ငါသည်ဤအကြောင်းအရာများကိုပုံဥပမာဖြင့်သင်တို့အာဟောပြောခဲ့၏။ပုံဥပမာဖြင့်မဟောပြောဘဲခမည်းတော်အကြောင်းကိုသင်တို့အားငါအတိအလင်းဟောပြောရမည့်အချိန်ရောက်လာတော့မည်။ထိုနေ့ရက်တွင်သင်တို့သည်ငါ၏နာမ၌တောင်းလျှောက်ကြလိမ့်မည်။ငါသည်သင်တိုအတွက်ခမည်းတော်ထံသို့တောင်းလျှောက်ပေးမည်ဟုသင်တို့အားငါမဆိုပေ။အကြောင်းမူကားသင်တို့သည်ငါ့ကိုချစ်၍ငါသည်ခမည်းတော်ထံမှကြွလာသည်ကိုယုံကြည်ကြသဖြင့်ခမည်းတော်ကိုယ်တိုင်သင်တို့ကိုချစ်တော်မူသောကြောင့်ဖြစ်၏။ငါသည်ခမည်းတော်ထံမှကြွလာ၍ ဤလောကထဲသို့လာခဲ့ပြီ။တစ်ဖန်ငါသည်ဤလောကမှထွက်ခွာ၍ ခမည်းတော်ထံသို့ ပြန်သွားမည်ဟုမိန့်တော်မူ၏။*ထောက်ရှုချက်*တောင်းလျှင်ရလိမ့်မည်။ကျွန်ပ်တို့သည် ဆုတောင်းရာတွင်ပြည့်ချင်ကြသည်။တောင်းသည့်ဆုမပြည့်ရင်စိတ်ပျက်လာကြသည်။သခင်ယေဇူး၏ဂတိတော်သည်မှန်ပါသလားဟုမေးခွန်းထုတ်စရာရှိသည်။ ဤယနေ့ကျမ်းထဲတွင်မည်ကဲ့သို့နားလည်သနည်း။ဆုတောင်းတိုင်းရပါသလား။ယေဇူးသည်သေခြင်းမှကယ်တင်ရန်တန်ခိုးရှိသောခမည်းတော်ဘုရားအား မျက်ရည်ဖြင့် ဆုတောင်းခဲ့သည်။ဒုက္ခစရိယာခံခြင်းဖြင့် ခမည်းတော်အလိုတော်ကိုလိုက်နာခဲ့သည်။သို့ဖြစ်၍ယေဇူးဆုတောင်းသကဲ့သို့ အတုယူသင့်သည်။ဘုရားသခင်သည်ကျွန်ုပ်တို့အတွက်အကောင်းဆုံးကို စီမံပေးသည်။ဆုတောင်းသောအခါ အကြိမ်ပေါင်းများစွာကိုယ့်အတ္တအတွက်တောင်းတတ်ကြသည်။ကျွန်ုပ်တို့၏ဆုတောင်းခြင်းသည်တခါတရံအကျိုးမရှိသလိုကိုယ့်ကိုထိခိုက်စေသည်။စိန့်ဂျိမ်းစ်ကသင်တို့သည်တောင်းသော်လည်း တောင်းသောဆုမရလျှင်သင်တို့တောင်းသောဆုသည်ဘုရား သခင်၏အလိုတော်အတိုင်းသာဖြစ်သည်။အချိန်မတန်သေး၍ဖြစ်သည်။မိမိ၏ဆုတောင်းခြင်းသည်ဆုတောင်းပြည့်ခြင်းထက်ဘုရားသခင်၏ဘုန်းတော်ဂုဏ်တော်ကိုချီးမွမ်းရန်အလိုတော်ရှိတော်မူသည်။သခင်ယေဇူးမိမိ၏နောက်လိုက်တပည့်များကိုကောင်းကင်ဘုံမေတ္တာသင်ပေးခဲ့ခြင်းဖြင့်မည်သို့ဆုတောင်းရမည်ကိုသိရှိရသည်။ ဆုတောင်းမေတ္တာတွင်ယေဇူးသည် မိမိကိုယ်ကိုဖော်ပြခြင်းမရှိ ဘုရား၏ဘုန်းဂုဏ်တော်အတွက်ထင်ရှားရန်သာဖြစ်သည်။ယေဇူး၏နာမတော်အားဖြင့်တောင်းလျှောက်ကြသည်ဆိုသည်မှာယေဇူးနှင့်သဟဇာတဖြစ်ကြောင်းကိုဖော်ပြသည်။ဆုတောင်းရာတွင်ယုံခြင်းရှိရန်လိုသည်။ ဘုရားသခင်၌ ယုံကြည်ခြင်းရှိလျှင်ပျော်ရွှင်မှုရရှိနိုင်သည်။ယေဇူးကသင်တို့သည်နှစ်ဦး သုံးဦးအတူစုဝေး၍ ငါ့၏နာမ၌ဆုတောင်းလျှင်ငါသည်သင်တို့နှင့်အတူရှိမည်။ခမည်းတော်သည်ကျွန်ုပ်တို့၏ဆုတောင်းမေတ္တာကိုနားညောင်းတော်မူမည်။ဘုရားသခင်သည်ငါတို့နှင့်အတူရှိတော်မူသောကြောင့်ဖြစ်သည်။

Daily Reflection