၂၁.၅.၂၀၂၃ - ပါစကားကာလ သတ္တမအပတ် တနင်္ဂနွေနေ့ (သခင်ယေဇူးကောင်းကင်ဘုံတက်ကြွပွဲ)
ရှင်မာသေဦး ၂၈:၁၆-၂၀
Reflection by Rev. Fr. Dominic Vuong, CSSR
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တပည့်တော်တစ်ဆယ့်တစ်ပါးတို့သည်လည်း ယေဇူးမှာကြားထားတော်မူသည့်အတိုင်းဂါလေလေးယနယ်ရှိ တောင်ပေါ်သို့သွားကြ၏။သူတို့သည်ကိုယ်တော့ကိုတွေ့မြင်ကြသောအခါပျပ်ဝပ်ရှိခိုးကြ၏။သို့သော်အချို့မူကားသံသယရှိနေကြလေ၏။ ထိုအခါယေဇူးသည် ချဉ်းကပ်တော်မူ၍ ကောင်းကင် ဘုံ ၌ လည်းကောင်း၊ကမ္ဘာမြေပေါ်၌လည်းကောင်း စီရင်ပိုင်ခွင့်အာဏာ ရှိသမျှ တို့ ကို ငါ့အားပေးထား လျက် ရှိ ၏။ ထို့ကြောင့်သင်တို့သည်သွားကြ၍ လူမျိုးတကာတို့ကိုငါ၏ တပည့် များဖြစ်စေကြလျက်ခမည်းတော်၊သားတော၊သန့်ရှင်းသောဝိညာဉ်တော်၏နာမတော်မြတ်၌ သူတို့ကိုဆေးကြောကြလော့။သင်တို့အားငါမိန့်မှာထားသမျှကို လိုက်နာကျင့်ကြံစေခြင်းငှာသူတို့ကိုသွန်သင် ကြလော့။ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင် သင်တို့ နှင့် အတူအစဉ်ရှိမည်ဟုသူတို့အား မိန့် တော်မူလေ၏။*ထောက်ရှုချက်*ယနေ့အသင်းတော်သည် သခင်ယေဇူးကောင်းကင်ဘုံသို့တက်ကြွတော်မူသောပွဲကိုကျင်းပကြသည်။သခင်ယေဇူးကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ကျွန်ုပ်တို့နှင့်အတူရှိပါသလား။ ပြောလျှင် လူများအတွက် အမြင့်ဆုံးနေရာဖြစ်ပြီး ထိုနေရာတွင်လူများမရောက်နိုင်ဟုထင်မြင်ကြသည်က မှားပါသည်။ ကျမ်းစာတွင် ကောင်းကင်ဆိုသည်မှာ နေရာတစ်ခုသာမဟုတ်။ ဝိညာဥ်ငြိမ်သက်ခြင်းပြည့်စုံသောအခြေအနေကို ဖော် ညွှန်းသည်ကောင်းကင်၌ဖြစ်စေ၊ မြေကြီးပေါ်၌ဖြစ်စေ ကိုယ်တော်သည် တို့နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်၊ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့နှင်အတူရှိတော်မူ၏။ စိန့်သြဂုတ်စတင်းကကိုယ်တော်ရှင်ပြန်ထမြောက်ပြီးသော်လည်း ကျွန်ုပ်တို့ နှင့်အတူရှိ၏။ရုပ်ခန္ဓာကောင်းကင်ထာဝရသုခချမ်းသာမရရှိသေးပေ။ကောင်းကင်ဘုံသို့တက်ကြွပြီးမှတနေ့ကျွန်ုပ်တို့လည်းရောက်ရှိမည်။ ဦးခေါင်းသည်ခန္ဓမခွဲနိုင်သကဲ့သို့ ယေဇူးသည်အသင်းတော်နှင့် မခွဲနိုင်ပေ။ ငါသည်ကား ကမ္ဘာကုန်သည့်တိုင်အောင်သင်တို့နှင့်အတူအစဉ်ရှိမည်ဟုသူတို့အား မိန့်တော်မူလေ၏။ အေမာနူအဲလ် ငါတို့နှင့်အတူရှိတော်မူသောဘုရားဧုရှင်မာတေးဦးတွင်ဖော်ပြထားသည်။ခရစ်တော် ကောင်းကင်ဘုံတက်တော်မူခြင်း နက်နဲဖွယ်ရာအချက်သိစေချင်သည်။ ၁။ယေဇူးသည်မိုးကောင်းကင်မှ ဆင်းကြွလာ၍ ကောင်းကင်သို့ပြန်သွားခြင်းဖြစ်သည်။ လူ့အဖြစ်ယူတော်မူသောဘုရားဖြစ်သည်။ ၂။ယေဇူးသည် ကယ်တင်ခြင်း လုပ်ငန်းပြီးမြောက်ခဲ့သဖြင့် ကောင်းကင်သို့တက်ကြွသည်။ လူသားများအပေါ်သို့ကျေးဇူးတော်သွန်းလောင်းတော်မူသည်။၃။ယေဇူးသည်လက်တွေ့ဘဝအခြေအနေမှ ထာဝရဘုန်းဂုဏ်တော်အဖြစ်ပြောင်းလဲသွားသည်။ ကျွန်ုပ်တို့အားလုံးထာဝရသုခချမ်းသာရကြမည်။ ၄။ ယေဇူးသည်ကောင်ကင်ဘုံတက်ပြီးခမည်း တော်လက်ယာတွင် ထိုင်တော်မူ၏။ကျွန်ုပ်တို့အတွက်ဆုတောင်းပေးနေသည်။ အမြင့်ဆုံးသောထာဝရရဟန်းတော်သည် လူသားဘဝကို ဖြတ်သန်းခဲ့သည်။စိန့်ပေါလ်သည် “သင်သည်သခင်ယေဇူးနှင့်အတူရှင်ပြန်ထမြောက်ခဲ့ပါလျှင် သင်တို့၏နှလုံးသားသည် မြင့်မြတ်သောဘုရားကို စဥ်စားလိမ့်မည်။လောကီရေးရာကိုရှာဖွေခြင်းမဟုတ်ပဲ လောကုတ္တရာရှိသောအရာများကိုသာရှာဖွေကြမည်ဖြစ်သည်။” ဟုမျှဝေလိုက်ပါသည်။