Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-27 05:21:19

ဝိညာဉ်တော်ဘုရားမြတ်ဆင်းသက်တော်မူသောပွဲနေ့ (A)

ကနေ့ ဧဝံဂေလိကျမ်းစာကဘုရားရှင်ယေဇူးဟာတပည့်တော်အပေါင်းတို့အပေါ်မှာမှုတ်တော်မူပြီး“ဝိညာဉ်တော်မြတ်ကို ခံယူလော့၊“လို့ မိန့်ဆိုခဲ့ကြောင်း ဖော်ပြပေးထားတယ်။ကိုယ်တော်ရှင်ရဲ့ယခုကဲ့သို့လုပ်ဆောင်ချက်ဟာကမ္ဘာဦးကျမ်း(၂:၇)မှာ ဘုရားသခင်ကမြေကြီးဖြင့်ပထမဆုံးလူသားကိုဖန်ဆင်းရင်းသူရဲ့နှာခေါင်းထဲဇီဝအသက်ကို မှုတ်သွင်းလိုက်ရာလူဟာအသက်ရှင်တဲ့သတ္တဝါဖြစ်လာခဲ့ခြင်းဖြစ်ရပ်ကို ပြန်လည်မြင်ယောင်မိပါတယ်။ အာဒံဟာဘုရားသခင်လက်တော်မှတဆင့်အသက်ရှင်ခြင်းကို ခံယူခဲ့ရသလို တပည့်တော်များက ဘဝအသက်တာသစ်ကိုယေဇူးရှင်အားဖြင့်ရရှိခဲ့ကြတယ်။ဝိညာဉ်တော်ဘုရားမြတ်ရဲ့ပထမဆုံးတာဝန်က ကျွန်ုပ်တို့နဲ့ အတူအစဉ်ထာဝရရှိနေခြင်းပါ(ယော ၁၄:၁၆)။ရှင်ပေါလူးကကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ဟာဝိညာဉ်တော်မြတ်ရဲ့ဗိမာန်တော်ဖြစ်ကြောင်း(ပ-ကော ၆:၁၉) သွန်သင်ထားပါတယ်။ဒါကြောင့် မိမိတို့ဟာဘယ်တော့အခါမှအထီးကျန်ဖြစ်မနေပါဘူး။သင်နဲ့ကျွန်ုပ်တို့အာလုံးအဖော်ပြုပေးခြင်းကို ခံယူနိုင်ကြတယ်။သင်ဟာ အထီးကျန် ဆန်နေသလို ခံစားနေခဲ့ရင်သင့်ကို နှစ်သိမ့်ပေးသောအရှင်ဖြစ်တဲ့ ဝိညာဉ်တော်မြတ်ကို သတိရချဉ်းကပ်လိုက်ပါ။ ရှင်ဩဂတ်စတင်းနဲ့အတူ“အကျွန်ုပ်တို့ရဲ့နုလုံးသားဟာ ကိုယ်တော့်အတွက်ဖန်ဆင်းထားပြီးကိုယ်တော့်ထံပါးသို့ တိုးဝင်ခိုလှုံခြင်းမပြုသရွှေ့မငြိမ်းအေးနိုင်ပါ။“လို့ဝန်ခံကြရပါမယ်။ဒုတိယအချက်မှာ ဘုရားရှင်ယေဇူးက ဝိညာဉ်တော်မြတ်ကို ပါရာကလိတ်(Paraclete) အဖြစ် သရုပ်ဖော်ထားပါတယ်။ဒီခေါ်ဝေါ်သုံးနှုန်းမှုမှာ အဓိပ္ပါယ်များစွာ ရှိနေပြီးတိုက်တွန်းနိူးဆော်သူ၊ နှစ်သိမ့်အားပေးသူ၊ ကူညီစောင်မသူ၊ကြားဝင်ရပ်တည်ပေးသူဖြစ်ခြင်း စတဲ့သဘောတရားတွေနဲ့ပြည့်စုံနေပါတယ်။အထက်ပါအဓိပ္ပါယ်များနဲ့ အကျိုးရလာဒ်တွေဟာတန်ဖိုးထားတတ်ကြသူများအတွက် မိမိတို့ရဲ့လမ်းကမ်းမှီရာမှာ အမြဲတည်ရှိနေပါတယ်။တတိယအချက်မှာ ယေဇူးရှင်က“ဝိညာဉ်တော်မြတ်သည်ဤအကြောင်းအရာအလုံးစုံတို့ကို သင်တို့အားသွန်သင်မည်ဖြစ်၍ ငါမိန့်မှာထားသမျှကိုတစ်ဖန်ပြန်သတိရစေတော်မူလိမ့်မည်(ယော ၁၄:၂၆)” လို့ မိန့်ဆိုထားပေးတယ်။ဝိညာဉ်တော်မြတ်ကခရစ်တော်ရှင်ကို မယုံကြည်ခြင်းဆိုင်ရာအပြစ်၊ဖြောင့်မတ်ခြင်းတရားနဲ့ တရားစီရင်ခြင်းအကြောင်းတွေကိုသွန်သင်ရှင်းလင်းပေးလိမ့်မယ်လို့ ညွှန်းခဲ့လေတယ်။ စတုတ္ထအချက်မှာ ဝိညာဉ်တော်မြတ်ကသမ္မာတရားအကြောင်းအလုံးစုံကို(ယော ၁၆:၁၃) မိမိတို့အား သွန်သင်ပေးတော်မူလိမ့်မယ်။ဘုရားရှင်ရဲ့သမ္မာတရားကမိမိတို့ကို လွတ်လပ်စေလိမ့်မယ်(ယော ၈:၃၂)။ပဥ္စမအချက်မှာ ရှင်ပေါလူးက ဝိညာဥ်တော်မြတ်အားဖြင့်အသက်ရှင်ကြပြီးဝိညာ်တောာ်ဘုရားရဲ့လမ်းညွှန်မူအတိုင်းအသက်ရှင်ကြခြင်းဖြင့်ချစ်ခြင်း၊ဝမ်းမြောက်ခြင်း၊ ငြိမ်းချမ်းခြင်း၊ စိတ်ရှည်ခြင်း၊ သနားခြင်း၊ ကောင်းမြတ်ခြင်း၊သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမကိုယ်ကို ချုပ်တီးခြင်းစတာတွေနဲ့ပြည့်ဝရှင်သန်လာဖို့ ဖိတ်ခေါ်ထားပါတယ်။ဒါတွေအပြင် ကနေ့ဧဝံဂေလိကျမ်းမှာလည်း ဘုရားရှင်ယေဇူးကတပည့်တော်များကို ဝိညာဉ်တော်မြတ်ကို ခံယူစေပြီး နောက်ဆက်တွဲအကျိုးများအဖြစ် အပြစ်လွတ်ခြင်းနဲ့ ငြိမ်သက်ခြင်းကို မျှဝေခံစားစေပါတယ်။တနည်းအားဖြင့်တော့နှလုံးသားတစ်ခုမှာ နာကျင်မှု၊ဒေါသစိတ်၊နာကျည်းစိတ်၊ ကလဲ့စားချေလိုစိတ်တွေပြည့်နေရင် ဝိညာဉ်တော်မြတ်ရဲ့အသီးအပွင့်ဟာငုတ်လျှိုးပျက်သုန်းသွားနိုင်ကြောင်းသတိပြုမိစေပါတယ်။ဝိညာဉ်တော်မြတ်အသီးအပွင့် ဝေဆာစေနိုင်ဖို့ အချက်(၃)ချက်လိုအပ်ပါမယ်။ ပထမအချက်မှာ ဘုရားရှင်ရဲ့နူတ်ကပတ်တော်ကိုကြားနာဆင်ခြင်ပြီး ယုံကြည်လက်ခံရပါမယ်။ကနေ့ရဲ့ပ-ကျမ်းမှာ တစ်နေရာတည်းမှာအတူတကွစုရုံးနေကြတဲ့ ယုံကြည်သူများအပေါ်ဝိညာဉ်တော်မြတ်ဆင်းသက်တော်မူခဲ့ကြောင်းဖော်ပြပေးထားတယ်။တမန်တော်ကျမ်း (၁၀:၄၄)မှာလည်းပေတရုရဲ့ ဟောပြောပေးနေစဉ်အတွင်း ဝိညာဉ်တော်မြတ်ဟာကြားနာနေကြသူများအပေါ် ဆင်းကြွတော်မူကြောင်း မှတ်တမ်းတင်ထားပါတယ်။နူတ်ကပတ်တော်၌ တည်နေပြီး မိမိဘဝ၌ နူတ်ကပတ်တော်ကို တည်စေမှသာလျင် ဝိညာဉ်တောမြတ်ကိုခံယူပိုင်ဆိုင်ပါလိမ့်မယ်။ဝိညာဉ်တော်မြတ်ကို ခံယူရရှိနိုင်ဖို့နောက်ထပ်လိုအပ်ချက်(၂)ချက်တွေက ချစ်ခြင်းမေတ္တာ နဲ့ နာခံခြင်းတို့ ဖြစ်တယ်။“ငါ့ကိုချစ်လျင် ငါ့ပညတ်တော်က်ု စောင့်ထိန်းကြလိမ့်မည်။ကိုယ်တော်သည်လည်းသင်တို့နှင့်အတူ အစဉ်ထာဝရရှိနေမည့် ကူညီစောင်မသူနောက်တစ်ပါးဖြစ်သောသမ္မာတရား၏ဝိညာဉ်တော်ကို သင်တို့အား ပေးတော်မူလိမ့်မည် . (ယော ၁၄:၁၆)။” ယေဇူးရှင်မိန့်တဲ့ချစ်ခြင်းက လူကို ရှုးသွပ်ခံစားစေတတ်သော ရင်ခုန်စရာအချစ်မျိုးကိုမဆိုလိုပါ။ဘုရားရှင်အပေါ်သစ္စာရှိခြင်း၊ မိတ်သဟာရဖွဲ့ခြင်းကို အလေးထားခြင်း၊ပညတ်ဥပဒေများကို နာခံခြင်း စတာတွေနဲ့ပြည့်ဝသော ချစ်ခြင်းမေတ္တာကိုသွန်သင်ညွှန်းဆိုလိုက်ခြင်းပါ။ အချစ်လည်းရှိပြီး အကျင့်တရားလည်းရှိကြရမှာ ဖြစ်တယ်။ဖတ်ရှုဆင်ခြင်သူတိုင်းအပေါ်ဝိညာဉ်တော်ဘုရားမြတ်ဆင်းသက်တည်နေပါစေသော်။

Daily Reflection