Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-05-27 09:39:01

သန့်ရှင်းသောဝိညာဥ်တော်ဘုရားဆင်းသက်သောပွဲနေ့(သို့)သာသနာတော်ကြီး မွေးဖွားသောနေ့၏သမိုင်းကြောင်း

အမိကက်သလစ်သာသနာတော်ကြီးသည်ယခင်အပတ်ကယေဇူးသခင်ကောင်းကင်ဘုံသို့ တက်ကြွတော်မူသောပွဲနေ့ကိုကျင်းပခဲ့သည်။ယေဇူးသခင်သည်သေခြင်းမှဘုန်းတော်ဂုဏ်တော်နှင့်ရှင်ပြန်ထမြောက်ပြီးရက်ပေါင်း(၄၀)သူ၏တပည့်တော်ကြီးများ အားမကြာခဏကိုယ်ယောင်ထင်ရှားပြ၍သီတင်းသုံးနေခဲ့သည်။(တမန်တော်၀တ္ထု ၁း၃)ထို့နောက်ကောင်းကင်ဘုံသို့ပြန်လည်တက်ကြွသွားခဲ့သည်။သန့်ရှင်းသောဝိညာဥ်တော်ဘုရားဆင်းသက်သောပွဲနေ့ကိုဂျူးဘာသာ၌'ပင်တေကော့စ်'ပွဲနေ့ဟုခေါ် သည်။'ပင်တေကော့စ်'ဤအနက်ကား'၅၀'ဟုဆိုလိုသည်။အဘယ်ကြောင့်ဆိုသော် ဤပွဲနေ့ကို'ပါစကား'ပွဲတော်ကျင်းပပြီး ရက်ပေါင်း(၅၀)အကြာတွင်ကျင်းပ သည်။ကျင်းပရသည့်အကြောင်းအရင်းမှာကောက်ပဲသီးနှံရိတ်သိမ်းခြင်းကိုအမှတ်ရရန် ဖြစ်သကဲ့သို့အီစ္စရေးလူမျိုးတို့အီဂျစ်နိုင်ငံ၌ကျွန်ခံနေရာမှဘုရားသခင်မိုးဇက်အားစေလွှတ်၍ကယ်နှုတ်စေခဲ့ပြီးဆီနာရီတောင်ခြေအရောက်၌ဘုရားသခင်နှင့်အီစ္စရေးလူမျိုးတို့သည်'ပဋိညာဉ်'ကိုပြုခဲ့ကြသည်။ထိုနေ့ကိုလည်းပြန်လည်အမှတ်ရရန်ဖြစ်သည်။ထိုပဋိညာဉ်အားဖြင့်အီဂျစ်ကျွန်ခံနေခဲ့သောအီစ္စရေးလူမျိုးတို့သည်ဘုရားသခင်ရွှေးကောက်ခြင်းခံရသောဘုရားသခင်၏လူမျိုးတော်အဖြစ်အသစ်တစ်ဖန်မွေးဖွားခဲ့သည်။ထို့အတူဓမ္မာသစ်ကျမ်းစာ၌လည်းသန်းရှင်းသောဝိညာဥ်တော်ဘုရားဆင်းသက်ခြင်းသည်ပဋိညာဉ်သစ်ကိုပြုခြင်းဖြစ်ပြီးထိုသို့ဆင်းသက်ခဲ့ခြင်းကြောင့်သာသနာတော်ကြီးသည်အဘယ်သူ၏ကျွန်မျှမဟုတ်တော့ဘဲဘုရားသခင်၏သားသမီးများအဖြစ်အသစ်တဖန်ပြန်လည်မွေးဖွားခဲ့သည်။ဂျူးတို့၏အရေးကြီးလှသောဘာသာရေးရက်ကြီးအခါကြီး(၃)ပွဲ ဂျူးတို့၏ဘာသာရေး၀တ္တရား၌မိမိတို့ကိုယ်ကိုဘုရားတရားရှိသည်၊ဘာသာရေးကိုင်းရှိုင်းသည်ဟုဆိုလျှင်'ပင်တေကော့စ်'ပွဲနေ့၌ဂျေရူးဆလင်မြို့နှင့်ဗိမာန်တော်သည်ဘုရားဖူးများဖြင့်ကျိတ်ကျိတ်တိုးစည်ကားလေ့ရှိသည်။'ပင်တေကော့စ်'ပွဲကဲ့သို့လူစည်ကားသောပွဲနှစ်ပွဲကျန်သေးသည်။၎င်းတို့မှာ 'ပါစကားပွဲနှင့်တဲတော်ပွဲ' (Tabernacles, Tents or Booths) တို့ဖြစ်ကြသည်။ဤပွဲတော်ကြီး(၃) ပွဲသည်အသက်(၁၂)ပြည့်သောအီစ္စရေးအမျိုးသားများအတွက်ဘာသာရေး၀တ္တရားမဖြည့် ဆည်းဘဲပျက်ကွက်၍မရသောပွဲတော်များဖြစ်သည်။ ထို့ကြောင့်လည်းယေဇူးသခင်သည်ဂျေရုဆလင်မြို့သို့သွားပြီး ဗိမာန်တော်၌ကျန်ခဲ့သည်။(သံလုကာ ၂း၄၁-၄၂၊တရားဟောရာကျမ်း ၁၆း၁၆)ပင်တေကော့စ်ပွဲနေ့၌နေထိုင်ရာဒေသမတူသောဂျူးလူမျိုးများအဆိုပါရက်ကြီးအခါကြီးနေ့၏၀တ္တရားကိုဖြည့်ဆည်းရန်အတွက်ရောက်ရှိနေကြခြင်းဖြစ်သည်။၎င်းတို့သည်ပါသိယလူမျိုး၊မေဒလူမျိုး၊ဧလာမိလူမျိုး၊မေဆိုပိုတမိယ၊ဂျူဒေးယ၊ကပ္ပါဒိုးစိယပြည်၊ပုန္တုပြည်၊အာရှ-ဖရိဂျီယနှင့်ပမ်ဖိလိယပြည်၊ အီဂျစ်ပြည်၊ဆီးရီးနေမြို့လက်အောက်ရှိလစ်ဗျားပြည်မှနယ်ပယ်တို့တွင်နေထိုင်သူများ၊ရောမမြို့မှလာကြသောဂျူးလူမျိုးများနှင့်ဂျူးဘာသာသို့ကူးပြောင်းလာသူများ၊ခရိကျွန်းသူကျွန်းသားများနှင့်အာရေးဘိယပြည်သားများရောက်ရှိနေကြခြင်းဖြစ်သည်။ဂျူးလူမျိုးတို့သည်မိမိတို့၏ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သောဘုရားကတိထားသောတိုင်းပြည်၊၎င်းတို့ဘိုးဘေးများရိုးကျခဲ့သောမြေကိုအလွန်စွာသံယောဇဥ်ကြီးကြသည်။သို့သော်အဘယ်ကြောင့်ယခုကဲ့သို့ပါလက်စတိုင်း(ယေဇူးသခင်လောက၌သက်ရှိ ထင်ရှားရှိစဉ်ကာလကိုညွှန်းဆိုသည်။)အပြင်ဖက်အာရှမိုင်းနားဒေသများသို့ပျံ့နှံ့သွားကြရသနည်း။ဂျူးလူမျိုးများပါလက်စတိုင်းဒေသ၏အပြင်ဖက်သို့ရောက်ရှိသွားရခြင်း၏အကြောင်းအရင်းအကြမ်းအားဖြင့်(၃)ချက်ရှိသည်။(၁)နိုင်ငံရေးကြောင့်(စစ်ရှုံး)၊(၂)ရေ ကြည်ရာမျက်နုရာရှာခြင်း၊(၃)ဘာသာရေးပဋိပက္ခကြောင့်ဖြစ်သည်။(၁)နိုင်ငံရေးကြောင့်ဟုဆိုရာ၌ဂျူးလူမျိုးတို့၏သမိုင်း၌လူမျိုးခြားများနှင့်စစ်မခင်းဘဲအေးချမ်းလုံခြုံစွာနေခဲ့ရသည့်အချိန်ဟူ၍ဆောလုဘုရင်အုပ်ချုပ်သောအစောပိုင်းကာလ၊ဒါဝိတ်ဘုရင်နှင့်စောလမှုန်ဘုရင်တို့အုပ်ချုပ်သောနှစ်(၈၀)ကာလ၌သာရှိခဲ့သည်။ကျန်ကာလများ၌မူတောင်ပြည်၊ မြောက်ပြည်ကွဲသွား၍နိုင်ငံရေးအရရန်သူပြိုင်ဘက်များ ဖြစ်သွားကာအချင်းချင်းစစ်တိုက်ခြင်း၊ဘာသာရေးသက်၀င်ယုံကြည်မှုကွဲလွဲသွားခြင်းများ ဖြစ်ပေါ်လာခဲ့သည်။ လူမျိုးကြားဘာသာရေးအရ၊ လူမျိုးရေးအရစည်းလုံးညီညွှတ်မှု မရှိသောကြောင့်သူတစ်ပါး၏ကျွန်တစ်ပေါက်ဘ၀ဖြင့်နေခဲ့ရသည်။စစ်ရှုံးသည့်အခါစစ်နိုင်သောလူမျိုးတို့၏ကျွန်အဖြစ်၎င်းတို့နိုင်ငံသို့ခေါ်ဆောင်သွားခြင်းကိုလည်းခံခဲ့ရရာမှတစ်ကြောင်းပါလက်စတိုင်းအပြင်သို့ ဂျူးလူမျိုးများရောက်ရှိသွားခဲ့သည်။(၂)ရေကြည်ရာမျက်နုရာရှာခြင်းဖြင့်လည်းပါလက်စတိုင်းအပြင်ဘက်သို့ရောက်ရှိသွားခဲ့သည်။ပါလက်စတိုင်းအတွင်း၌လုပ်ကိုင်စားသောက်ရန်မြေဆီမြေနစ်ကောင်းသောနေရာသိပ်မကျယ်ပြောလှ။တောင်ကုန်းတောင်တန်းများသာထူထဲနေခဲ့သည်။ထို့ကြောင့် လုပ်ကိုင်စားသောက်ရန်၊မျိုးဆက်သစ်တို့၏နောင်ရေးကိုတွေးသူများ၊အမြင်ရှိသူများသည် မိမိတို့၏ဇာတိချက်ကြွေမြေကိုစွန့်၍လုပ်ကိုင်စားသောက်ရန်ကောင်းသေ ာနေရာဒေသများသို့ပြောင်းရွေ့သွားရာမှပါလက်စတိုင်း၏ပြင်ပသို့ရောက်ရှိသွားခဲ့ကြသည်။(၃)ဘာသာရေးပဋိပက္ခကြောင့်လည်းဂျူးလူမျိုးတို့သည်ပါလက်စတိုင်းပြင်ပသို့ရောက်ရှိသွားခဲ့ကြသည်။ဤအခြေအနေသည် လက်ဦး၌ဂျူးဘာသာကိုသက်၀င်ယုံကြည်သောသူများနှင့်ရှေ့ဦးခရစ်ယာန်တို့ကြား၌တင်းမာမှုများဖြစ်ရာမှသန္ဓေတည်လာခဲ့ခြင်းဖြစ်သည်။ဆိုလိုသည်မှာဂျူးဘာသာ၀င်တို့သည်ခရစ်ယာန်တရားကို သာသနာဖျက်၊သာသနာပျက်ဟုသတ်မှတ်စော်ကားနှောက်ယှက်ပြီးစောလုကဲ့သို့ကိုယ်ထိလက်ရောက် တိုက်ခိုက်သောတက်ကြွများစွာလည်းပေါ်ထွက်ခဲ့ကြသည်။ (တမန်တော်၀တ္ထု ၈၁-၃၊ ၉း၁-၁၉)လက်ဦးပိုင်း၌ရောမအစိုးရသည်အချင်းချင်းဖြစ်သောဘာသာရေးပဋိပက္ခဖြစ်၍ မကြာမီငြိမ်သွားမည်ဟုထင်မှတ်ခဲ့သော်လည်းထိုသို့ဖြစ်မလာခဲ့။တစ်စတစ်စအရှိန်မြင့်တက်လာသည်။ထို့ကြောင့်ရောမအစိုးရမှဂျူးမှန်သမျှကိုနှိပ်ကွပ်သည့် အဆင့်ထိဖြစ်သွား ရာမှ လွတ်ရာ၊ဝေးရာထွက်ပြေးရင်းပါလက်စတိုင်းအပြင်ဘက်သို့ရောက်ရှိသွားခဲ့ကြသည်။ထိုသို့ပါလက်စတိုင်းအပြင်ဖက်သို့ရောက်ရှိသွားသောဂျူးလူမျိုးတို့သည်အနည်းစုမျှသာမိမိတို့၏မိခင်ဘာသာစကားကိုဆက်လက်ထိန်းသိမ်းနိုင်ကြပြီးအများစုမှာမူမိမိတို့ပတ်၀န်းကျင်ရှိဂရိယဉ်ကျေးမှု၊စာပေတို့၏လွှမ်းမိုးမှုကိုခံခဲ့ကြရသည်။ထို့ကြောင့်သွေးအားဖြင့်ဂျူးဟုဆိုသော်လည်းအာမိုက်စကားကိုမပြောတတ်ကြသူများလာခဲ့သည်။သန့်ရှင်းသောဝိညာဥ်တော်ဆင်းသက်ပြီးနောက်ပေတရုဟောပြောသည်ကို၎င်းတို့သည်မိမိတို့ပြောဆိုသောဘာသာစကားများဖြင့်ကြားရကြသည်။(တမန်တော်၀တ္ထု ၂း၁-၁၃)ဖာသာရ်ကလေးမင်းအိန်ဂျယ်

Daily Reflection