၁.၆.၂၀၂၃ -သာမန်ကာလအဌမပတ်၊ ကြာသပတေးနေ့
ရှင်မာကု ၁၀း၄၆-၅၂
Reflection by Rev. Fr.Eamon Sharidon (S.S.C.)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဘုရားရှင်၏အမြင်ဖြင့်ကြည့်မြင်ခံယူတတ်ခြင်းဒီကနေ့ဖတ်ရှုကြားနာရတဲ့ ရှင်မာတေဦး(၁၀:၄၆-၅၂) ထဲမှာ သခင်ယေဇူးခရစ်တော်နဲ့ဗာတီမေဦး လို့ခေါ်တဲ့မျက်မမြင်သူတောင်းစားတို့တွေ့ဆုံကြတဲ့အကြောင်းဖြစ်ပါတယ်။ဗာတီမေဦးကိုအထီးကျန်တစ်ကိုယ်တည်းတစ်မားလို့ကျနော်ကိုသတိထားမိစေပါတယ်။သူနာမည်ရဲ့ အဓိပ္ပယ်က တီမေဦးရဲ့သားလို့ အဓိပ္ပယ်ဆောင်းပေမဲ့သူ့ရဲ့အဖေကို အနားမှာမတွေ့ရဘူး။သူဟာတစ်ကိုယ်တည် အထီးကျန်စွာနဲ့လမ်းဘေးမှာတောင်းစားနေခဲ့ပါတယ်။သူ့ကိုကြည့်ရတာချစ်ခင်ရင်းနှီးသူအရှိ၊အဖော်ပြုချင်သူမရှိလူတစ်ကာရဲ့ပစ်ပယ်ထားချင်းကိုခံနေရသူ၊ ဘယ်သူမှ သူ့အသံကို နားမထောင်ချင်၊မကြားချင်သူအဖြင့်ရှိနေခဲ့တယ်။ သူ့အသံကျယ်လောင်စွာနဲ့ ဖြတ်သွားဖြတ်လာသူတွေကို အကူအညီတောင်းတဲ့အခါ လူတိုင်းက ဆူညံတယ် အသံတိတ်ဖို့ သူ့ကို့ ငေါက်ငန်းပြောဆိုကြတယ်။တစ်ပည့်တော်ကြီးတွေအပါအဝင်ပေါ့ သခင်ယေဇူးအပေါ်သူတို့ရဲ့ အစီအစဉ်ကိုဖျက်စီးနှောက်ယှက်စေတယ်ဆိုပြီး ဗာတီမေဦးကို နုတ်စိတ်ဖို့ ငြူဆူငေါက်ငန်းကြတယ်။ ဒါပေမဲ့ လူအများအားလုံးသူ့ရဲ့အသံတိတ်ဖို့ ကြိုးစားအားထုတ်နေချိန် သခင်ယေဇူးက သူ့ရဲ့အသံကို အများကြားကနေ အလေးပေးပြီးနားထောင်ကာသူ့ရဲ့ရင်တွင်း ဖြစ်စကားသံ၊ သူ့ရဲ့ အလိုချင်ဆုံးဆန္ဒ ဆုတောင်းသံကို နားညောင်းပြီး ဖြည့်စည်းပေးခဲ့တယ်။သူဟာလဲဘုရားရှင်ရဲ့ အခွင့်ထူးခံလူသားတစ်ဦးဖြစ်ကြောင်း၊သူဟာလဲ လူသားထဲကလူသားတစ်ဦး ဖြစ်ကြောင်း၊သူဟာလဲ ဘုရားရှင်ရဲ့သား/သမီးဖြစ်ကြောင်း ကို တစ်ပည့်တော်ကြီးတွေအပါအဝင် လူအများကို လက်တွေ့ဖြင့်သက်သေပြဆောင်ရွက်ခဲ့တယ်။ကျွန်ုပ်တို့ အနေနဲ့ မိမိကိုကိုယ်ထောင့်ရှုစဉ်ခြင်သုံးသတ်ဖို့က၊ ကျွန်ုပ်တို့ဟာ ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါသူတောင်းစားများ၊ဆင်းရဲသားများ၊အကူအညီလိုအပ်နေသူများကို အသိကျေးကျွန်ပြုပြီးနေထိုင်ကျော်လွှားနေလဲ?သူတောင်းစားများမိမိရဲ့ကားအနား(သို့) မိမိအနားတို့ချဉ်းကပ်လာစဉ်ကားမှန်ကိုပိတ်ပြီးမတွေ့ချင်ယောင်ဆောင်၊မျက်စိမှိတ် နားပိတ်ပြီးလက်ချီးဗလာသူတို့ကိုထားရစ်၊ပစ်ပယ်ထားခဲ့ပြီလဲ?သူတောင်းစားများနဲ့ဆင်းရဲသူများကိုကျွန်ုပ်တို့ရဲ့ အစီအစဉ် နဲ့ အချိန်တွေကိုဝင်ရောက်နှောက်ယှက်သူများအဖြင့်ကြည့်မြင်ခံယူးခဲ့ပြီလဲ?သူတို့အတွက် မိမိကဘာတွေလုပ်ပေးခဲ့ဖူးပြီလဲ?အကူအညီလိုအပ်နေသူတွေကို မိမိဘယ်လောက်အချိန်ပေးခဲ့ဖူးလဲ? ပါဖြစ်လို့လဲဆိုတော့ သခင်ယေဇူးအတွက် ဆင်းရဲ့ချမ်းသာမခွဲခြား၊ လူကြီးလူငယ်၊ အာဏာရှိသူနဲ့ အာဏာမဲ့သူ၊ လက်အောက်ငယ်သားဆိုပြီးမခွဲခြားခဲ့ဘူး။ မည်သို့သောအခြေအနေ ပ္ပုဂ္ဂိုလ်နဲ့ တွေ့ဆုံစေကာမူ ဘုရားရှင်ရဲ့ဘုန်းဂုဏ်တော်၊ဘုရားရှင်ရဲ့ ကရုဏာတရားချစ်ခြင်းမေတ္တာကို သက်သေခံဖို့ အခွင့်အရေးအဖြင့်ခံယူဆောင်ရွက်ခဲ့တယ်။ဒီကနေ့ဘုရားရှင်ဟာကျွန်ုပ်တို့အားလုံးကို သူ့ရဲ့မျက်စိအမြင်နဲ့ ကြည့်မြင်ပြီး သူ့ရဲ့ နှလုံးသားထဲ့က စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဖြင့် တစ်ပါးသူနဲ့လိုအပ်နေသူများ၊ မိမိ၏မိသားစုဝင်များ၊ ပတ်ဝန်းကျင် အိမ်နီးနားချင်းတွေရဲ့ လိုအပ်ချက်တွေကို မျက်ကွယ်မပြုပဲမိမိအနေနဲ့အတတ်နိုင်ဆုံးကူညီဖေးမပေးနိုင်ဖို့ ကျွနှုတ်တို့ တစ်ဦးချင်းစီကို ဖိတ်ခေါ်နေပါတယ်၊သခင်ယေဇူးသာ မိမိနေရာမှာဆိုဘယ်လိုလုပ်မလဲဆိုတဲ့အသိသတိနဲ့သခင်ယေဇူးရဲ့ မျက်စိကို ငှါးယူကြည့်ကြရအောင်။သခင်ယေဇူးရဲ့ နှလုံးသားကို ငှါးယူကြည့်ကြရအောင်။