Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-02 04:23:00

၃.၆.၂၀၂၃ - သာမန်ကာလ ၈ပတ်မြောက် စနေနေ့
ရှင်မာကုခရစ်ဝင်ကျမ်း ၁၁:၂၇-၃၃
Reflection by Bro. Francis Xavier Nbwi La Aung (S.S.C.)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ထောက်ရှုချက်.... ချစ်သောဘာသာသူအပေါင်းတို့ဒီနေ့ကြားနာရသောဧဝံဂေလိကျမ်းစာကိုကောင်းမွန်စွာနားလည်နိုင်ဖို့ ဒီကျမ်းပိုဒ်မတိုင်မီသခင်ယေဇူးဘာတွေလုပ်လဲနားလည်ဖို့လိုတယ်။(မာကု၁၁:၁၅,မှာသခင်ယေဇူးဗိမာန်တော်မှာအရောင်းအ ဝယ်လုပ်နေကြသူတွေကိုနှင်ထုတ်ခဲ့တယ်မာကု ၁၁:၂၅,၂၆ မှာတော့"ဆုတောင်းကြဖို့နဲ့တပါးသူတွေအပြစ်ခွင့်လွတ်ကြဖို့သွန်သင်ခဲ့ပါတယ်။ယဇ်ပ‌ရောဟိတ်နဲ့ကျမ်းတတ်ဆရာတွေဟာသခင်ယေဇူးရဲ့လုပ်ဆောင်ချက်တွေကိုဘယ်သူ့အခွင့်အာဏာနဲ့လုပ်ကြောင်းမေးခွန်းထုတ်ခဲ့ကြတယ်။ပြောရရင်တော့“ငါတို့ခွင့်မပါပဲနင်ဘာမှလုပ်ပိုင်ခွင့်မရှိဘူး”ဆိုတဲ့လေသံနဲ့ပေါ့။ ယဇ်ပ‌ရောဟိတ်နဲ့ကျမ်းတတ်ဆရာတွေရဲ့စိတ်ကိုကောင်းစွာသိတော်မူသောသခင်ယေဇူးဟာသူတို့လိုချင်တဲ့အဖြေကိုမပြောပဲအဖြေကိုရှာတွေ့နိုင်မဲ့မေးခွန်းမျိုးနဲ့တုန်ု့ပြန်ခဲ့ပါတယ်။ဒါပေမဲ့တော်လှတတ်လှပါတယ်ဆိုတဲ့ယဇ်ပ‌ရောဟိတ်နဲ့ကျမ်းတတ်ဆရာတွေဟာအမှန်တရားကိုသိလျှက်နဲ့မဝန်ခံပဲ“ကျွန်တော်တို့မသိပါ” ဆိုတဲ့စကားနဲ့ပဲအဆုံးထိတိုင်ဟန်ဆောင်မျက်နှာဖုံးတွေနဲ့သခင်ယေဇူးကိုညင်းဆိုခဲ့ပါကြတယ်။*ချစ်သောမိတ်ဆွေတို့ ကျွန်ုပ်တို့နေ့စဥ်ဘဝအသက်တာမှာ အမှားကိုအမှားသိလျက်နဲ့ဘယ်နှစ်ခါတောင်မသိဟန်ဆောင်ပြုခဲ့ကြပြီလဲ။**ခံစားခဲ့ရတဲ့ဘုရား ရဲ့ချစ်ခြင်းမေတ္တာ၊ကောင်းကြီးတွေကို မမြင်ဟန်ဆောင်ပြုကာဘယ်လိုမေးခွန်းတွေနဲ့ဘုရားကိုစမ်းသပ်ငြင်းဆန်နေကြအုံးမလဲ။

Daily Reflection