4.6.2023 - THE HOLY TRINITY (ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူပွဲနေ့ကြီး)
John 3:16-18 (ရှင်ယောဟန် ၃း၁၆-၁၈)
Reflection By: Rev. Fr.Eamon Sharidorn(SSC) (S.S.C.)
Posted by Sr. Benedetta Myat Hnin Nwe (ISR)
ကျွန်တော်တို့အားလုံးဟာ ခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်ဆိုပြီး မကြာခဏတားလေ့ရှိတယ်၊ဘာအတွက်ခမည်းတော် သားတော်တားကြတာလဲ?ဘေးကင်းဖို့အတွက်ဖြစ်ချင်ဖြစ်မယ်၊ကျွန်တော်ကတော့လေယာဉ်စီးခါနီးတိုင်း ခမည်းတော် သားတော်တားလေ့ရှိပါတယ်၊ကျွန်တော်ငယ်စဉ်ကဆိုရင် ကျွန်တော့်ရဲ့အမေကကျွန်တော်အိမ်ကနေခရီးထွက်ခါနီးတိုင်းမေတ္တာရေ၊မင်္ဂလာရေနဲ့ပက်ဖြန်းပေးလေ့ရှိတယ်၊တစ်ခါတစ်လေဘောလုံးသမားတွေဘောလုံးကွင်းထဲ့ဝင်လာရင်သူ့အတွက်ဖြစ်စေ၊အသင်းသားများအတွက်ဖြစ်စေ၊ခမည်းတော်၊သားတော် တားတာမျိုးတွေ တွေ့ရတတ်ပါတယ်၊ဒီအမှတ် အသားလက္ခဏာဟာ ခရစ္စတူးအမှတ်အသားဖြစ်ပြီးတော့သခင်ယေဇူးကျွန်ုပ်တို့အားလုံးကိုအပြစ်ရဲ့ကျေးကျွန်ဘဝကနေကယ်တင်ခဲ့တဲ့လက်ဝါးကားတိုင်ကိုလည်းအမှတ်ရသက်သေခံချက်ဖြစ်ပါတယ်၊အကြီးမားဆုံးကတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းကိုသက်သေခံနေတာ၊ပုဂ္ဂိုလ်သုံးပါးတစ်ဆူတည်းသောဘုရားရဲ့နက်နဲရာဖြစ်တည်မှုကိုယုံကြည်ပါကြောင်း၊ထိုပုဂ္ဂိုလ်သုံးပါးစလုံးဟာကွဲပြားတဲ့ အမည်နာမနဲ့ကယ်တင်ခြင်းသမိုင်းတစ်လျှောက်မှာဖြစ်တည်ပါဝင်မှုကွဲပြားကြသော်လည်းပဲထိုဂ္ဂိုလ်သုံးပါးလုံးဟာတူညီကြပြီးဘုရားတစ်ဆူတစ်ပါးတည်းဖြစ်ကြောင်း၊ပုဂ္ဂိုလ်အနေဖြင့်သာခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်အဖြင့်ကွဲပြားကြကြောင်းကျွနိုပ်တို့ရဲ့ယုံကြည်မှုကိုသက်သေခံဖော်ပြတဲ့အနေနဲ့ခရစ္စတူးအမှတ်အသားကိုပြုလုပ်ကြပါတယ်။အသင်းတော်ရဲ့ သွန်သင်ရာအချက်အချက်ထဲမှာ ဘုရားရှင်ဟာ နက်နဲကြီးမားလွန်းတဲ့ အတွက်ကြောင့် ကျွန်တော့်ရဲ့ ဥာဏ်နဲ့၊လူ့ဥာဏ်နဲ့ဘုရားတစ်ဆူလုံးကိုသိမြင်တွေးဆနိုင်လို့မရဘူး၊ပုဂ္ဂိုလ်သုံးပါးဘုရားတစ်ဆူ ဆိုတာကိုနားလည်ရအင်မတန်ခက်ခဲပါတယ်၊ဒါပေမဲ့ကျွန်တော်တို့ ဥာဏ်မှီသလောက်ကနေ ဒီအချက်ကိုသိမြင်နားလည်နိုင်ပါတယ်၊အဲဒီအချက်ကတော့ ပုဂ္ဂိုလ်သုံးပါးဟာ တစ်ဦးနဲ့တစ်ဦးနှီးနှောဆက်ဆံမှုရှိတယ်။ဆိုတဲ့အချက်ပဲဖြစ်ပါတယ်၊ကျတော့်အတွက်ကတော့ဘုရားရှင်နဲ့ထိတွေ့သိမြင်မှုဟာတစ်ပါးသူကနေထိတွေ့သိမြင်တာပါ၊မိမိတစ်ဦးတည်း ဘုရားနဲ့ကိုယ်နဲ့နှစ်ကိုယ်ကြားဆုတောင်းမေတ္တာပြုခြင်းဟာမိမိနဲ့ဘုရားနဲ့ နှီးနှောဆက်ဆံမှုကို အထူးနက်ရှိုင်းစေသော်လဲပဲ တစ်ပါးသူမိတ်ဆွေနဲ့ မှဘုရားကိုမိမိလက်တွေ့သိမြင်ခံစားနိုင်ပါတယ်၊တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်ဘုရားကိုလက်တွေ့သိမြင်ထိတွေ့ခံစားနိုင်ဖို့ကတစ်ပါးသူမိတ်ဆွေက တစ်ဆင့်ဖြစ်တယ်၊အာရုံငါးပါးနဲ့ထိတွေ့ကြားမြင်ခံစားနိုင်တဲ့တစ်ပါးသူမိတ်ဆွေလိုအပ်ပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့အတ္တစိတ်မလိုမုန်တီးစိတ်တွေ၊တစ်ကိုယ်ကောင်းဆန်မှုစိတ်ထား၊မကောင်းတဲ့အပြုအမူစိတ်ထားတွေဟာတစ်ပါးသူနဲ့ပြောဆိုဆက်ဆံတဲ့အချိန်မှပေါ်လာတာ၊တစ်ပါးသူက မိမိရဲ့ အတ္တကြီးမှုတစ်ကိုယ်ကောင်းဆန်မှုတွေကိုထောက်ပြနေသလိုဖြစ်ပြီး၊ ကိုယ့်ကိုကိုယ် သေချာပြန်လည်သုံးသပ်တဲ့အချိန် မိမိဟာ မိမိရဲ့ အတ္တစိတ်တွေကနေထွက်ပြီး တစ်ပါးသူအတွက်အချိန်ပေးခြင်း၊ကိုယ်ချင်းစာခြင်းတွေဖြစ်ပေါ်လာတဲ့အချိန်မှာမိမိရဲ့အတ္တစိတ်ထဲမှာပဲမရှိတော့ပဲ၊မိမိရဲ့ခန္ဒာကိုယ်စိတ်ထဲကနေရုန်းထွက်ကျော်လွန်ပြီးတစ်ပါးသူရဲ့ နေရာမှာ ဝင်ရောက်စဉ်းစား အချိန်ပေးနိုင်သွားပါတယ်၊ကျွန်တော်တို့အများစုဟာ မိသားစုကနေစပြီးဘုရားနဲ့ဆုံဆည်းခဲ့ကြတယ်၊သိမြင်ခဲ့ကြတယ်၊ဆိုတော့ မိသားစုမှာဘယ်တော့မှ တစ်ကိုယ်ကောင်းဆန်လို့မရပါဘူး၊ မိမိရဲ့အတ္တစိတ်၊ဒေါသ၊မောဟ၊မာန်မာနတရားတွေကို မိမိရဲ့ မိသားစုဝင်တွေအတွက်မျိုသိမ့်ပယ်ဖျောက်လိုက်ရပါမယ်၊ ယခုကဲ့သို့ ကျင့်ကြံလုပ်ဆောင်တိုင်း မိမိဟာ ဘုရားနဲ့ ပိုမိုနီးကပ်လာပါတယ်၊တစ်ချို့လူတွေကပြောတတ်ကြတယ်။ငါ့အတွက်ဘုရားကျောင်းသွားမတက်၊မစ္ဆားတရားတွေသွားနာနေစရာမလိုဘူး၊ငါ့ဘာသာငါဘုရားရှင်နဲ့ တိုက်ရိုက်ဆုတောင်းဆက်သွယ်လို့ရတယ်လို့ဆိုကြတယ်။ဒါပေမဲ့ မိမိရဲ့ယုံကြည်ခြင်းဟာအများနဲ့မဆက်ဆံအသင်းတော်နဲ့မပါဝင် တစ်သီးတခြားအဖြင့်လျှောက်လမ်းခြင်းဟာ စိတ်ကူးယဉ်ဆန်သော ယုံကြည်မှုမျိုးသာ ဖြစ်ပါလိမ့်မယ်၊ အသင်းတော်ထဲမပါဝင်ပဲမိမိနဲ့ဘုရားသာဟုခံယူသောယုံကြည်ခြင်းမျိုးဟာဘုရားကို မိမိရဲ့ပုဂ္ဂိုလ်ရေးဘုရားဟု လွဲမှားစွာခံယူပြီးပုဂ္ဂိုလ်သုံးပါးဟူသောခမည်းတော်၊သားတော်၊သန့်ရှင်းသောဝိညာဉ်တော်သုံးပါးရဲ့တစ်ဦးနဲ့တစ်ဦး တစ်စုတစ်စည်းထဲတစ်သင်းတစ်ဖွဲ့ထဲတည်ရှိနေမှုကိုမျက်ကွယ်ပြုညင်းပယ်ရာရောက်ပါတယ်၊ကက်သလစ်အသင်းတော်ဟာသခင်ယေဇူးကိုယ်တိုင်ကဖွဲ့စည်းတည်ထောင်ထားသောလူသားထူးအဖွဲ့အစည်း အသင်းတော်ဖြစ်တဲ့အတွက်ကြောင့် လူသားတွေ့ရဲ့ သဘောသဘာ၀ပီပီ မှားယွင်မှုအားနည်းချက်ပေါင်းများစွာ အသင်းတော်မှာရှိနေသော်လည်းပဲ ယနေ့ထိတိုင် နှစ်နှစ်ထောင်ကျော်ကြာတစ်စုတစ်စည်းထဲကြိုးစားအားထုတ်ဆုတောင်းခြင်းနဲ့သခင်ယေဇူးရဲ့ချစ်ခြင်းမေတ္တာကိုကြိုးစားပြသသက်သေခံနေတဲ့အသင်းတော်ဖြစ်ပါတယ်၊ဒီကနေ့ရဲ့ပုဂ္ဂိုလ်သုံပါးတစ်ဆူဘုရားပွဲနေ့မှာကျွန်ုပ်တို့ကို အသိပေးသက်သေခံနေတာကတစ်ပါးသူတွေနဲ့အသင်းတော်သာမရှိရင် ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းဟာဘုရားကိုသိမြင်ထိတွေ့ခံစားနိုင်ဖို့မဖြစ်နိုင်ပါဘူး၊ဒါ့ကြောင့်ကျွန်ုပ်တို့ရဲ့နေစဉ်အသက်သာလုပ်ဆောင်သမျှတွေမှာ၊ တွေးတော သမျှတွေမှာ၊ဆုတောင်းဝတ်ပြုသမျှနေရာတိုင်းအချိန်းတိုင်း၊နေရာမရွေးအချိန်အခါ ပတ်ဝန်းကျင်မရွှေးခမည်းတော်သားတော်ခရစ္စတူးအမှတ်အသားကိုစိတ်ရောကိုယ်ပါနဲ့ ပြုလုပ်ပြီးမိမိကိုယ်ကိုယ်ကောင်းကြီးခံယူရင် သက်သေခံကြပါစို့လို့တိုက်တွန်းအားပေးလိုက်ပါရစေ။