Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-04 07:54:11

၅.၆.၂၀၂၃ - နဝမအပတ်မြောက်သာမန်ကာလ၊ တနင်္လာနေ့
Mark 12;1-12
Reflection  By: Michael Javier (Columban Lay Missionary)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

စပျစ်ခြံပုံဥပမာဒီကနေ့ကြားနာရတဲရှင်မာကုရဲ့ဧဝံဂေလိကျမ်းမှာသခင်ယေဇူးဟာစပျစ်ဥယာဉ်ခြံနဲ့အဲဒီဥယာဉ်ခြံမှာအလုပ်လုပ်တဲ့ အငှါးအလုပ်သမားတွေအကြောင်းပုံဥပမာခိုင်းနိုင်းဖော်ပြထားတာကိုဖတ်ရှုကြားနာရပါတယ်၊ဖန်တီးထားတဲ့စပျစ်ခြံမှာကျန်တော်တို့တစ်ဦးချင်းစီတိုင်းဟာ ဘုရားရှင်ကိုယ်တော်တိုင်စိုက်ပျိုးထားပြီး အလုပ်လုပ်ဖို့တာဝန်ပေးယုံကြည်လက်ခံထားရသူတွေနဲ့တူပါတယ်။ကျွန်တော်ရရှိပိုင်ဆိုင်ထားတဲ့အသိပညာ၊အတတ်ပညာ၊ဥာဏ်စွမ်းကိုယ်စွမ်းရှိသမျှနဲ့ဤကမ္ဘာကြီးဖြစ်တဲ့ဥယာဉ်ခြံမှာတာဝန်ထန်းဆောင်ဖို့ကျွန်တော်တို့တစ်ဦးချင်းစီတိုင်မှာ မွေးဖွားလာကတည်းကတာဝန်ရှိပြီးသားဖြစ်ပါတယ်။ဥယာဉ်ခြံပိုင်ရှင်ကစေလွတ်လိုက်တဲ့သူတွေဟာကျွန်တော်တို့ကောင်းကျိုးအတွက်စေလွတ်ခံထားရသူတွေ၊တာဝန်ပေးခြင်းခံထားရသူတွေဖြစ်ပါတယ်။ထိုသူတွေဟာ မိမိရဲ့မိဘတွေ၊ဆရာသမားတွေ၊ဘုန်းတော်ကြီးရဟန်းသူတော်စင်တွေ၊သာသနာပြုတွေဖြစ်ပါလိမ့်မယ်။သေချာတာတစ်ခုကတစ်နေ့ကြရင်ဥယာဉ်ပိုင်ရှင်ကြွလာလိမ့်မယ်အဲဒီအချိန်မှာ'ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းဟာမိမိတို့မွေးဖွားလာကတည်းကပေးအပ်ထားတဲ့တာဝန်ကိုမသိပျင်းရိစွာနဲ့လူ့အသိုင်းအဝိုင်းကြားမှာကောင်းကျိုးမရှိသူဖြစ်နေသလား၊ရရှိထားတဲ့ ဥာဏ်ပညာကိုယ်စွမ်းတွေကို အများကောင်ကျိုးအတွက်ဆောင်ရွက်ခဲ့သလား၊တစ်ပါးသူအတွက်ဆက် ကပ်အသုံးချခံခဲ့သလား၊ဒါမှမဟုတ် မိမိကောင်ကျိုးအတွက်သာအသုံးချ၊အသုံးပြုနေသလားဆိုတာတွေကိုကျွန်တော်တို့တစ်ယောက်မကျန်အစစ်ဆေးခံရမှာဖြစ်ပါတယ်၊ဘုရားရှင်ဟာကျွန်တော်တစ်ဦးချင်းစီတိုင်းကိုလက်ချဥ်းဗလာဒီလောကကြီးထဲကိုလွတ်လိုက်တာမဟုတ်ဘူး။ကျွန်တော်တို့အာရုံစူးစိုက်ပြီးသေချာတွေးကြည့်မယ်ဆိုရင်မိမိအပေါ်ဘုရားရှင်ပေးအပ်ထားတဲ့အရည်အချင်းတွေ၊ကောင်းချီးတွေဟာအများကြီးရှိပါတယ်။ရေတွက်မကုန်အောင်ရှိနေနိုင်ပါတယ်။ကျွန်တော်တို့ဟာအဲဒီအရည် အချင်း ကောင်းချီးတွေကိုမြင်နိုင်ဖို့လဲသန့်ရှင်းသောဝိညာဉ်တော်ဆီမှာ အားကိုးဆုတောင်းကြရပါမယ်။လူတိုင်းမှာ မိမိရဲ့ပတ်ဝန်းကျင်၊မိသားစု၊အိမ်နီးနားချင်း၊တစ်ပါးသူအတွက်အကျိုးပြုပေးနိုင်၊အကူအညီဖြစ်စေနိုင်တဲ့အရည်အချင်းရှိကိုရှိပါတယ်။လူတိုင်းမှာရှိပါတယ်။  ဘုရားရှင်ဟာ အဲဒီအရည်အချင်းတွေကိုပေးထားပြီး  ကျွန်တော်တို့ကို ဒီလောကမှာ တစ်ဦးထဲစေလွတ်ထားတာလဲမဟုတ်ပြန်ဘူး၊ ဘုရားရှင်ဟာ အဲဒီအရည်အချင်းတွေကိုလဲ ပေးထားတယ်ပြီးတော့ ကျွန်တော်တို့ အနားမှာ၊ ကျွန်တော်တို့ရဲ့နှလုံးသားထားမှာကျွန်တော်တို့နဲ့ အတူအမြဲရှိနေပြန်ပါတယ်၊ဒါ့ကြောင့် ကျွန်တော်တိုဟာဘာမှကိုပူပင်နေစရာ၊ကြောက်ရွံ့နေစရာကိုမရှိတာ၊ ဒီတော့ကျွန်တော်တို့တစ်ဦးချင်းစီတိုင်းကိုဒီကနေ့ရဲ့ကျွန်တော်တို့အယောက်ချင်းစီတိုင်းမိမိရဲ့ဘုရားပေးတာဝန်တွေကို သေချာလေ့လာဆန်းစစ်ပြီးအဆုံးတိုင် သခင်ယေဇူးနဲ့ မျက်နှာချင်းဆိုင်ပြန်တွေ့တဲ့အချိန်ထိ သစ္စာရှိသောငယ်သားကောင်း၊သမာကျမ်းစာတော်မြတ်ကနေသွန်သင်လမ်းညွန်နေတာကတော့မှန်မှန်ကန်ကန်ရိုးရိုးသားသား နဲ့ သစ္စာရှိစွာ ထမ်းဆောင်နေပါသလား၊ မိမိရဲ့ အရည်အချင်းကောင်းချီးမင်္ဂလာတွေနဲ့ တစ်ပါးသူရဲ့အရည်အချင်းကောင်းချီးမင်္ဂလာတွေကို သိမြင်တန်ဖိုးထားတတ်သလား ဆိုတာတွေကို သေချာလေ့လာစမ်းစစ်ပြီအဆုံးတိုင်၊ သခင်ယေဇူးနဲ့တည်ကြည်သောငယ်သားကောင်းများအဖြစ်ရှိနေနိုင်ဖို့ဆက်လက်ကြိုးစားပြီးဘုရားရှင်ထံမှ ဆုကျေးဇူးများကိုဆက်လက်တောင်းခံသွားကြရအောင်။

Daily Reflection