၆.၆.၂၀၂၃ - နဝမအပတ်မြောက်သာမန်ကာလ၊ အင်္ဂါနေ့
Mk 12:13-17 - Reflection By Fr. Augustine Jehoon Lee (SSC)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့အရှင်သခင်ယေဇူးဟာ မေတ္တာကရုဏာရှင်သာမက အင်မတန်ပညာရှိတဲ့သူဖြစ်ပါတယ်။ဖာရိဇဦး(Pharisees)တွေနဲ့ဟေရုတ်ရဲ့နောက်လိုက်သားများ Herodian)ဆိုတဲ့ အဖွဲ့နှစ်ဖွဲ့ဟာသဘောထားမတိုက်ဆိုင်တဲ့ အဖွဲ့နှစ်ဖွဲ့ဖြစ်ပေမဲ့ ဒီကိစ္စမှာ သခင်ယေဇူးကို နှစ်ဖက်ညှပ်မေးခွန်းနဲ့ ချောင်ပိတ်လုပ်ကြံဖို့ စီစဉ်ကြတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့မေးတဲ့မေးခွန်းကအဖြေနှစ်ခုစလုံးဟာသခင်ယေဇူးကိုဒုက္ခရောက်စေမဲ့၊ မတရားဖမ်းဆီးချုပ်နှောင်ဖို့ရတဲ့ အဖြေတွေဖြစ်ပါတယ်။ခေတ်စကားနဲ့ပြောမယ်ဆို မေးခွန်း သတ်တာပေါ့၊သူတို့ရဲ့မေးခွန်းက သခင်ယေဇူးကို ဘုရားကိုနာခံမှာလား၊လောကရှင်ဘုရင်အုပ်ချုပ်သူကိုနာခံမလားဆိုပြီး ဘုရင်ဆီဇာရဲ့ရုပ်ပုံရိုက်နှိပ်ထားတဲ့ပိုက်ဆံကိုဆီဇာကိုပေးရမယ်။မြှောက်ပြပြီးမေးတယ်။ဒါပေမဲ့သခင်ယေဇူးအတွက်ခက်ခဲတဲ့မေးခွန်း၊အဖြေမရှိတဲ့မေးခွန်းပုဒ်စ္ဆာဆိုတာမရှိဘူး၊မကျော်လွှားနိုင်တဲ့စိန်ခေါ်မှုပြဿနာဆိုတာမရှိဘူး၊သူတို့မေးတဲ့အေးခွန်းအတိုင်း သူတို့ကိုသခင်ယေဇူးကပြန်မေးလိုက်တယ်။အဲဒီပိုက်ဆံမှာဘယ်သူ့ပုံရိုက်နှိပ်ထားလဲလို့ မေးတော့သူတို့က ဆီဇာဘုရင်ရဲ့ရုပ်ပုံပါဆိုပြီးအတည်ပြုဖြေကြားခဲ့ကြတယ်။ ဒါ့ကြောင့် သမ္မာကျမ်းစာထဲကပညာအရှိဆုံးအဖြေတွေထဲက အဖြေတစ်ခုလို့ပြောလို့ရတဲ့ စကားအဆိုအရ“ဘုရားနဲ့ဆိုင်တဲ့ဟာဘုရားကိုပေးပါ။ဆီဇာဘုရင်နဲ့ဆိုင်တဲ့ဟာဆီဇာဘုရင်ကိုပေးပါ”ဆိုပြီ ပညာရှိစွာဖြေကြားခဲ့တယ်။ဟုတ်ပါပြီ ပိုက်ဆံမှာရိုက်နှိပ်ထားတာကဆီဇာဘုရင်ရဲ့ပုံဖြစ်တဲ့အတွက်ကျနော်တို့မေးခွန်းထုတ်ရမှာက ဘုရားနဲ့သက်ဆိုင်တဲ့အရာနဲ့ ဘုရားကိုပြန်ပေးရမဲ့ အရာကိုဘယ်လိုခွဲခြားသိမြင်မလဲ၊ဘုရားနဲ့ဆိုင်တဲ့အရာကဘာလဲ။သမ္မာကျမ်းစာက ကမ္ဘာဦးကျမ်းကတည်းကပြောထားတယ်။ကျွန်ုပ်တို့ တစ်ဦးချင်းစီဟာ ဘုရားရှင်ရဲ့ပုံတော်နဲ့တစ်ထပ်တည်း ထုဆစ်ဖန်ဆင်းထားတယ် လို့ဆိုထားတယ်။ကျွန်ုပ်တို့ တစ်ဦးခြင်းစီရဲ့နှလုံးသားအနက်ရှိုင်းဆုံးမှာ ဘုရားရှင်ရဲ့ပုံတော် ရိုက်နှိပ်ခြင်း ခံထားရတဲ့သူတွေပါ။ဒါကြောင့်ကျွန်ုပ်တို့တစ်ဦးချင်းစီ ဘုရားရှင်ကိုပြန်ပေးရမယ့်အရာဟာကျွန်ုပ်တို့ရဲ့အသက်တာကျွန်ုပ်တို့ရဲ့ဘဝပဲဖြစ်ပါတယ်။ပိုက်ဆံမှာလောကရှင်ဘုရင်အုပ်ချုပ်သူတွေရဲ့ပုံရိုက်နှိပ်ထားသလိုကျွန်ုပ်တို့တစ်ဦးချင်းစီးဟာ ဖန်ဆင်းရှင်ရဲ့ပုံတော်ရိုက်နှိပ်ထားပါတယ်။ဒီအချက်ကကျွန်ုပ်တို့တစ်ဦးချင်းစီကို သတိပေးနေပါတယ်။ကျွန်ုပ်တို့အယောက်စီတိုင်းဟာဒီလောကနဲ့မသက်ဆိုင်ဘူး။အကယ်၍မိမိရဲ့နေထိုင်ကျင့်ကြံမှုဟာဒီလောကနဲ့သာသက်ဆိုင်သလိုကျင့်ကြံနေထိုင်သက်ရှင်မယ်ဆိုရင်မိမိဟာဖန်ဆင်းရှင်ရဲ့မူလရည်ရွယ်ချက်နဲ့တွေဖီလွဲချော်နေပြီဆိုတာသတိမူရတော့မှာဖြစ်ပါတယ်။ကျွန်ုပ်တို့ရဲ့ဘဝမှာ မည်ကဲ့သို့သော ဘေးဒုက္ခဆင်းရဲ့နွမ်ပါးမှုတွေတဲ့ကြုံတွေ့ရပါစေ မိမိကိုယ်ကို သတိမူရမှာက မိမိဟာ မတည်မြဲတဲ့ ဒီလောကကိုအစေခံဖို့၊ လောကစည်းစိမ်ဥစ္စာတွေကို အစေခံနောက်လိုက်ဖို့မဟုတ်ဘူး၊မိမိဟာ ဖန်ဆင်းရှင်ဘုရားရဲ့ပုံတော်ရိုက်နှိပ်ခံထားရတာနဲ့ အညီ မိမိရဲ့ ဘဝအသက်တာကိုဘုရားနှစ်သက်တဲ့အတိုင်း၊ ဘုရားရဲ့အလိုတော်အတိုင်းကြိုးစားအသက်ရှင် နေထိုင်နိုင်မှ ကျွန်ုပ်တို့တစ်ဦးချင်းစီဟာ စစ်မှန်တဲ့ဖန်ဆင်းရှင်ဘုရားရဲ့ ပုံတော်နဲ့ တံဆိပ်ရိုက်နှိပ်ထားခြင်းခံထားရတဲ့ပုဂ္ဂိုလ်စစ်၊ပုဂ္ဂိုလ်မှန်တွေ၊ ဘုရားရဲ့မူလရည်ရွယ်ချက်နဲ့မိမိတို့ရဲ့ဘဝလေးတွေကိုထိမ်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။အားလုံးအပေါ်ဘုရားရှင်ရဲ့ကောင်းချီးအစဉ်အမြဲသက်ရောက်ပါစေ၊အာမင်