၈.၆.၂၀၂၃ - သာမန်ကာလ၊နဝမအကြိမ်မြောက် သီတင်းပတ် ကြာသပတေးနေ့
ရှင်မာကုခရစ်ဝင်ကျမ်း ၁၂:၂၈-၃၄
Reflection by Bro. Columban Hkun Myat Aung (SS.C)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အားလုံးဘဲမင်္ဂလာပါ။ဒီနေ့ရဲ့ပထမကျမ်းနဲ့ဧဝံဂလိကျမ်းသည် အကျွန်ုပ်တို့အယောက်စီတိုင်းကို ချစ်ခြင်းမေတ္တာဖြင့်ရှင်သန်သော အသက်တာဖြင့်နေထိုင်ဖို့ဖိတ်ခေါ်လျက်ရှိသည်။ပထမကျမ်းတွင်"Tobis နေ Saru သည်ချစ်ခြင်းဖြင့်ပြည့်ဝသောဇနီးမောင်နှ”အဖြစ်လက်ထပ်ခဲ့သည်။သူတို့အသက်တာမင်္ဂလာညတွင် သူတို့နှစ်ဦး၏ပထမဆုံးဇနီးမောင်နှံနှစ်ဦးသည် ညအိပ်ယာမဝင်မှီ၊ရှေးဦးစွာဘုရားသခင်ထံအတူတကွလိုအပ်သောကျေးဇူးကိုတောင်းလျှောက်ခဲ့ကြသည်။ဤပထမကျမ်းသည်ချစ်ခြင်းမေတ္တာပြည့်ဝသောဇနီးမောင်နှံအနေဖြင့်အမြဲအတူတကွချစ်ခင်ကာ ဒီဘုရားသခင်ထံအမြဲအတူတကွ ဆုတောင်းဖို့သွန်သင်လျက်ရှိသည်။ဤနေ့၏ သံမာကုဧဝံဂလိကျမ်းတွင် ကျမ်းပြုဆရာတစ်ပါးသည် သခင်ကိုပညတ်တော်တွင်မည်သည့်ပညတ်သည်သာ၍မြတ်သနည်း ဟုမေးလျှောက်သည်။ထိုအခါ “သခင်သည်"ထာဝရဘုရားကိုအကြွင်းမဲ့ ဉာဏ်စွမ်းရှိသမျှချစ်လော့”ဟုဆိုသည်။နောက်ပြီး အိမ်နီးချင်းများကို“ကိုယ်နှင့်အမျှချစ်လော့”ဟုမိန့်တော်မူသည်။ဤဧဝံဂလိကျမ်းအားဖြင့်သခင်ယေဇူးသည် အကျွန်ုပ်တို့အယောက်စီတိုင်းကို ဘုရား သခင်ကိုစိတ်နှလုံးအကြွင်းမဲ့ချစ်ဖို့ နှင့် အိမ်နီးချင်းတွေကိုကိုယ့်ကိုယ်ကို ချစ်သကဲ့သို့ချစ်ဖို့ဖိတ်ခေါ်လျက်ရှိသည်။ ဤပညတ်နှစ်ပါးသည်တစ်ခုနှင့်တစ်ခုချိတ်ဆတ်လျက်ရှိသည်။ ဤအချိန်တွင်ကျွန်ုပ်တို့ မိမိကိုယ်ကိုမေးမြန်းခြင်းဖြင့်ဆန်းစစ်ကြည်ရအောင်။ကျွန်ုပ်တို့ထာ၀ရဘုရားကိုမည်ကဲ့သို့ချစ်ရမည်နည်း။ကျွန်ုပ်တို့၏အိမ်နီးချင်းများကိုမည်ကဲ့သို့ချစ်ရမည်နည်း။မည်သူသည်ကျွန်ုပ်တို့၏အိမ်နီးနားချင်းဖြစ်မည်နည်း။နေ့စဥ်ဘဝအသက်တာဆုတောင်းဖို့အချိန်အနည်းငယ်ယူခြင်းသည် ထာဝရဘုရားကိုချစ်ခြင်းဖြစ်သည်။ ဘဝတွင်ကျွန်ုပ်တို့ချစ်သောသူကိုအချိန်ပေးကြသည်။ တိကျသောအချိန်ကိုယူပြီးဆုတောင်းချိန်ယူရမည်။ ဆုတောင်းခြင်းသည်ဝိညာဥ်ခွန်အား ပြန်လည်ရရှိသည်။ယခုအချိန်တွင်ကျွန်ုပ်တို့ သည်အိမ်နီးနားချင်းလူမျိုးဘာသာမခွဲခြားပဲတစ်ဦးနှင့်တစ်ဦးပေးမကူညီဖို့လိုအပ်သည်။အချိန်ပေးခြင်း၊ဂရုစိုက်ပေးခြင်း၊အားပေးနှစ်သိမ့်ပေးခြင်းသည်ချစ်ခြင်းကိုဖော်ပြသည်။ချစ်ခင်လေးစားပါသောဘာသာဝင်များသခင်ယေဇူးမိန့်တော်မုသည့်အတိုင်း ကျွန်ုပ်တို့ဘဝအသက်တာ၌ကျွန်ုပ်တို့တတ်နိုင်သောနည်းလမ်းဖြင့်ထာဝရဘုရားကိုမိမိတို့၏အပြည့်အဝနှင့်ချစ်လျက်ကျွန်ုပ်တို့အိမ်နီးချင်းများကိုလည်း မိမိကိုယ်ကိုချစ်သကဲ့သို့ဆက်ပြီးချစ်နိုင်ဖို့ဘုရားရှင်ထံဆက်လက်ပြီးဆုတောင်းခွန်အားယူကြစို့။အာမင်။