9.6.2023 - 9th Week in Ordinary Time, Friday
၉.၆.၂၀၂၃ - သာမန်ကာလ နဝမအကြိမ်မြောက်သီတင်းပတ် သောကြာနေ့
ရှင်မာကုခရစ်ဝင်ကျမ်း ၁၂:၃၅-၃၇
Reflection by Fr. Neil Magill (S.S.C.)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့တဲ့ဘဝမှာ ကြိမ်ဖန်များစွား မျှော်မှန်းချက်တွေမပြည့်မှီမပြီးမြောက်နိုင်လို့ မကြာခဏဆိုသလိုစိတ်ဓာတ်ကျတတ်ကြပါတယ်။မိမိကိုယ်ကိုအားမလိုအားမရဖြစ်ပြီး မကျေမနပ်နိုင်ဖြစ်တတ်ကြပါတယ်။တစ်ခါတစ်ရံကြတော့မျှော်မှန်းချက်တွေသိပ်ကြီးပြီးလက်တွေ့မှာတော့ ကိုယ်မဖြည့်စည်းနိုင်ပြီးမြောက်အောင်မလုပ်နိုင်တဲ့ အချိန်တွေမှာမိမိဟာလက်မြှောက်အရှုံးပေးပြီးစိတ်ထောင်းကိုယ်ကြေလည်းဖြစ်တတ်ပါတယ်။သူတော်မြတ်တစ်ပါးလဲဖြစ်၊ဆရာတော်ကြီးတစ်ပါးလဲဖြစ်တဲ့ ရှင်အော်စကာရိုမဲရိုးဟာလည်း အဲလ်ဆာဗာဒေါ နိုင်ငံကစစ်အာဏာရှင်တွေနဲ့သူတို့ရဲ့မတရားမှုတွေကြောင့်ပြည်သူပြည်သာပေါင်းများစွာဒုက္ခဆင်းရဲ့ကြုံနေရတဲ့အကြောင်းတွေကိုအဲဒီချိန်မှာ အုပ်စိုးနေတဲ့စစ်အာဏာရှင်တွေနဲ့ထိတွေ့ပြောဆိုဆက်ဆံတဲ့အခါ စိတ်ဓာတ်ကျဆင်းမှုတွေနဲ့အများကြီးရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။အဲဒီလိုအချိန်မှာ သူမိန့်ဆိုခဲ့တဲ့စကားက၊“ကျွန်ုပ်တို့တစ်ဦးချင်စီတိုင်းဟာအရာရာကို မိမိတစ်ဦးတည်းမလုပ်ဆောင်နိုင်ဘူးဆိုတဲ့အချက်လေးတစ်ခုကိုသတိမူ၊အသိအမှတ်ပြုမိတယ်ဆိုရင်တောင် အဲဒီအချက်လေးနဲ့တင် မိမိမှာလွတ်လပ်မှုကိုခံစားနိုင်ပါတယ်။(အရာရာကို မိမိပိုင်နိုင်ရအောင်၊ လုပ်ဆောင်နိုင်ရအောင်မိမိဟာ ဘုရားမှမဟုတ် ဆိုတဲ့စိတ်ထားမျိုး မိမိရဲ့ အတ္တစိတ်ကို လွတ်ငြိမ်းခွင့်ပေးလိုက်တာမျိုး)ဒီလိုဖြေသာအောင်ခံယူတတ်ခြင်းဟာလဲ အနည်းဆုံးတစ်ခုခုကို မိမိဟာကောင်းမွန်စွာလုပ်ဆောင်နိုင်သေးတယ်ဆိုတဲ့စိတ်ဓာတ်ခွန်အားကိုရစေပါတယ်။မိမိပြီးနိုင်သလောက် အကောင်းဆုံး အတတ်နိုင်ဆုံးလုပ်မယ်ကြိုးစားမယ်။အဲဒီလုပ်ဆောင်မှုအရာတစ်ခုကပြီးမြောက်ချင်မှပြီးမြောင်မယ်၊ ဒါပေမဲ့ဒါဟာအစပျိုးနေပြီ၊ ခရီးဝေးအတွက် ခြေတစ်လှမ်းဖြစ်နေပြီ၊ အဲဒီအချိန်ဟာဘုရားရဲ့ကျေးဇူးတော်တွေကိုမျှော်လင့်ရမဲ့အကောင်းဆုံးအချိန်ဖြစ်ပါတယ်။(မိမိတတ်နိုင်သမျှအစွမ်းကုန်ကြိုးစားလုပ်ဆောင်မယ်။ ကျန်တာ ဘုရားရဲ့အပိုင်းဆိုတဲ့စိတ်ထားမျိုး)လို့ ဆရာတော်ဘုရားကြီးရိုမဲရိုကမိန့်ကြားခဲ့ပါတယ်၊ဒီနေ့ရဲ့ ရှင်မာကုခရစ်ဝင် ကျမ်း ၁၂:၃၅-၃၇ ထဲမှာကျမ်းတတ်ဆရာတွေရဲ့စိတ်ထား၊သူတို့ကိုသူတို့တော်လှပြီတတ်လှပြီထင်မှတ်ပြီးဘဝင်မြင့်နေတဲ့စိတ်ထားတွေဟာမှားယွင်းနေကြောင်း၊သူတိုထင်မြင်ခံယူထားတဲ့အချက်ဟာ အမှားကြီးဖြစ်နေကြောင်းထောက်ပြခဲ့တယ်။ကျွန်ုပ်တို့ရဲ့ဘဝမှာလည်းမိမိကိုကိုနားမလည်နိုင်တဲ့အရာတွေဘုရားကို အပ်နှံဖို့နေနေသာသာ၊ဘုရားကို စောဒကတက်မေးခွန်းထုတ်နေတဲ့အချိန်တွေအများကြီးရှိပါလိမ့်မယ်။ဒီလိုစိတ်ထားဟားမိမိရဲ့ ညဏ်ပညာကိုသာအားကိုးရာရောက်ပြီးဘုရားကိုနေရာမပေးပဲ မိမိသာ မိမိဘဝရဲ့ ပဲ့ကိုင်ရှင် နေရာမှာ နေရာယူထားတာမျိုးဖြစ်နေတတ်ပါတယ်။ကျွန်တော်တို့စီမှာ အမှန်တစ်ကယ်ရှိရမဲ့စိတ်ထားက၊မိမိတတ်စွမ်းနိုင်သလောက်ကြိုးစားလုပ်ဆောင်ပြီး ဘုရားရှင်ကို လုံးလုံးကြီးယုံကြည်ချက်ကြီးစွာနဲ့ အပ်နှံထားရမှာဖြစ်ပါတယ်။မိမိဟာခရီးသည်ဖြစ်ပြီး ဘုရားရှင်ဟာ မိမိရဲ့ပဲ့ကိုင်ရှင်ဖြစ်ကြောင်းကိုလဲသတိမူရပါမယ်။ဒါကြောင့်ဆုတောင်းမေတ္တာပြုခြင်းဆိုတာဘုရားရှင်ထံမိမိကိုယ် မိမိလက်မြောက်အရှုံးပေးခြင်း လို့လဲဆိုနိုင်ပါတယ်။