11.6.2023 – THE BODY AND BLOOD OF CHRIST
၁၁.၆.၂၀၂၃ - ကိုယ်တော်မြတ်အသွေးတော်အသားတော်ပွဲ
ရှင်ယောဟန် ၆:၅၁-၅၈
Reflection by Sr. Benedetta Myat Hnin Nwe(ISR)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ငါသည် ကောင်းကင်မှဆင်းသက်လာသည့်အသက်ရှိသောမုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူသည်အစဉ်ထာဝရအသက်ရှင်လိမ့်မည်။ ဤလောက၏အသက်အဖို့ငါပေးမည်ဖြစ်သောမုန့်သည်ငါ၏အသားပေတည်းဟုမိန့်တော်မူ၏။ထိုအခါဂျူးလူမျိုးတို့က ဤသူသည်ငါတို့အား သူ၏အသားကိုစားရန်မည်ကဲ့သို့ပေးနိုင်မည်နည်းဟူ၍ မိမိတို့အချင်းချင်းငြင်းခုံကြလေ၏။ယေဇူးကလည်းသူတို့အားမိန့်တော်မူသည်မှာသင်တို့အားငါဧကန်အမှန်ဆိုသည်ကားလူသား၏အသားကိုသင်တို့မစား၊သူ၏အသွေးကိုလည်း သင်တို့မသောက်ကြလျှင်သင်တို့၌ အသက်မရှိနိုင်ရာ။ ငါ၏အသားကိုစား၍ငါ၏သွေးကိုသောက်သောသူသည်ထာဝရအသက်ကိုရ၏။ ါသည်လည်း ထိုသူကိုနောက်ဆုံးသောနေ့ ၌ ရှင်ပြန်ထမြောက်စေမည်။အကြောင်းမူကားငါ၏အသားသည်စားစရာအမှန်ဖြစ်၏။ငါ၏သွေးသည်လည်းသောက်စရာအမှန်ဖြစ်၏။ငါ၏အသားကိုစား၍ ငါ၏အသွေးကိုသောက်သောသူသည်ငါ၌တည်နေ၏။ ါသည်လည်းထိုသူ၌တည်နေ၏။ အသက်ရှင်တော်မူသောခမည်းတော်သည်ငါ့ကိုစေလွှတ်တော်မူသည့်အတိုင်း ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်၏။ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။ ဤသည်ကား ကောင်းကင်မှဆင်းသက်လာသောမုန့်ဖြစ်သတည်း။ ဤမုန့်သည် သင်တို့၏ ဘိုးဘေးများစားခဲ့ကြ၍ သေဆုံးခဲ့ကြသော မန္နာမုန့်ကဲ့သို့မဟုတ်။ ဤမုန့်ကိုစားသောသူမူကားအစဉ်ထာဝရအသက်ရှင်လိမ့်မည်ဟုမိန့်တော်မူ၏။ ထောက်ရှုချက်-ခရစ်တော်ကိုပိုပိုနီးစပ်ရန်ကိုယ်တော်၏အသွေးတော်အသားတော်ကိုထိုက်တန်စွာပင့်ယူဖို့ မိမိတို့ကိုယ်ကိုပြင်ဆင်ထားရပါမယ်။ကိုယ်တော်မြတ်သည် မိမိတို့၏ဝိညာဥ်အတွက်ကုသမှု၊ မေတ္တာခွန်အား၊ခန္ဓာ ခွန်အားအတွက်ဖြစ်စေပြီး ခရစ်တော်၏ချစ်ခြင်းမေတ္တာကိုတည်မြဲစေပါသည်။ဘုရားပေးထားသောစစ်မှန်သည့်အသက်မုန့်သည် မိမိတို့ကို နှစ်သိမ့်မှုရစေသလို အပြစ်များကို ခွင့်လွတ်ခြင်းရစေသည်။သန့်ရှင်းသောကြာသပတေးနေ့ကြီးတွင် ကိုယ်တော်မြတ်စက္ကရာမင်းတူးကိုတည်ထောင်ထားပေးခဲ့ခြင်းသည်စစ်မှန်သောခရစ်တော်၏အသွေးတော်အသားတော်ဖြစ်သည်ကိုအရေးကြီးဆုံးသောယုံကြည်ရာအချက်ဖြစ်သည်။မိမိတို့ခရစ် ယာန်ဘဝအသက်တာသည်ကိုယ်တော်မြတ်နှင့်မတည်ရှိဝေကွာ၍မရနိုင်ပါ။ကိုယ်တော်မြတ်ကို ထိုက်တန်စွာနေ့စဥ်ပင့်ယူလျှင်ခရစ်တော်နှင့်အတူရှိ၍ အတူရှင်သန်နေမည်ဖြစ်ပါသည်။ ခရစ်တော်၏ချစ်ခြင်းမေတ္တာကို လူတွေဆီသယ်ဆောင်သွားပေး နိုင်မည်ဖြစ်သည်။မိမိတို့ဘဝအသက်တာ၌ ကိုယ်တော်မြတ်အသွေးတော်အသားတော်အားဖြင့်ရှင်သန်နေထိုင်ကာမိမိတို့ယုံကြည်ခြင်းဆက်လက်တိုးပွားရန်ခွန်အားယူကြိုးစားကြပါစို့။