Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-11 06:23:09

12.6.2023 – 10th  Week in Ordinary Time, Monday
Matthew 5:1-12, ရှင်မာသေဦး ၅:၁-၁၂ - (မင်္ဂလာတရားရှစ်ပါး)
Reflection & Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကိုယ်တော်သည် လူအစုအဝေးတို့ကိုမြင်လျှင် တောင်ပေါ်သို့တက်တော်မူ၏။ထို့နောက်ကိုယ်တော်သည် ထိုင်တော်မူသောအခါ တပည့်တော်တို့သည်စုဝေးလာကြ၏။ထိုအခါကိုယ်တော်သည် မိမိ၏နှုတ်တော်ကိုဖွင့်၍ သူတို့အားဟောပြောသွန်သင်တော်မူသည်ကား၊အတွင်းစိတ်၌ ဆင်းရဲသောသူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏။ဝမ်းနည်းငိုကြွေးသောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်နှစ်သိမ့်ခြင်းခံကြရလိမ့်မည်။ စိတ်နှလုံးနူးညံ့ သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်မြေကိုအမွေခံကြရလိမ့်မည်။ဖြောင့်မတ်ခြင်းတရားကိုဆာမွတ်တောင့်တသောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်လိုအင်ဆန္ဒပြည့်ဝကြလိမ့်မည်။သနားကြင်နာတတ်သောသူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားသူတို့သည်သနားကြင်နာခြင်းခံကြရလိမ့်မည်။စိတ်နှလုံးရိုးသားဖြူစင်သောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကား သူတို့သည်ဘုရားသခင်ကိုဖူးမြင်ကြရလိမ့်မည်။ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်သော သူတို့သည်မင်္ဂလာရှိကြ၏။ အကြောင်းမူကားသူတို့သည် ဘုရားသခင်၏သားများဟုအခေါ် ခံကြရလိမ့်မည်။ဖြောင့်မတ်ခြင်းတရားအတွက်ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောသူတို့သည် မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏ နိုင်ငံဖြစ်၏။လူတို့သည်ငါ့အတွက်ကြောင့်သင်တို့ကိုစော်ကားညှဉ်းဆဲပြီး မဟုတ်မမှန်ဘဲအမျိုးမျိုးပြစ်တင်ရှုတ်ချကြသောအခါ သင်တို့သည်မင်္ဂလာရှိကြ၏။ရွှင်လန်းဝမ်းမြောက်ခြင်းရှိကြလော့။ အကြောင်းမူကား ကောင်းကင်နိုင်ငံတော်၌သင်တို့ခံစားရမည့်ဆုလဒ်သည်ကြီးမားလှပေ၏။သူတို့သည်သင်တို့မတိုင်မီ ရှိခဲ့သောပရောဖက်များကိုလည်းဤနည်းတူညှဉ်းဆဲခဲ့ကြ၏။ထောက်ရှုချက်-ဤယနေ့ဧဝံဂေလိကျမ်းတွင်တောင်ပေါ်ဒေသနာ မင်္ဂလာတရားရှစ်ပါးကိုဘုရားပေးထားခဲ့တယ်။များစွာခွန်အားယူစရာဖြစ်တယ်။သို့သော်လူတွေကအားလုံးလက်ခံနိုင်မှလည်းလက်ခံနိုင်မှာဆိုတော့ကျွန်ုပ်တို့ရှင်သန်နေထိုင်တဲ့ဘဝအသက်တာမှာမင်္ဂလာတရားရှစ်ပါးအတိုင်းကျင့်ကြံနေထိုင်ရင်တော့  ခရစ်တော်ကိုသက်သေခံခြင်းပဲဖြစ်တယ်။ဖြောင့်မတ်ခြင်းတရားအတွက်ညှဉ်းပန်းနှိပ်စက်ခြင်းခံရသော သူတို့သည်မင်္ဂလာရှိကြ၏။အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည် ထိုသူတို့၏နိုင်ငံဖြစ်၏။ဤအချက်ကိုထောက်ရှုရာမှာ ဖြောင့်မတ်မှန်ကန်နေထိုင်၊ပြောဆိုသူတွေဟာလူမုန်းများတယ်။ ကြည့်မရဘူး။မနာလိုဝန်တိုတတ်တယ်။ဒါကြောင့် ညှဥ်း ပန်းနှိပ်စက်ခြင်း၊ဝေဖန်ကဲ့ရဲခြင်း၊ အသက်စွန့်ရသည့်အထိခံစားနေကြရပါတယ်။ လောလောလပ်လပ်မှာတော့ အမျက်ဒေါသထွက်မိမယ်။ မခံမရနိုင်ဖြစ်မယ်။သို့‌သော် အမှန်တရားအတွက်ခံရချိန်မှာခါးသီးပေမဲ့မင်္ဂလာရှိတယ်။ခွန်အားယူကာ တနေ့ကောင်းကင်နိူင်ငံတော်ဟာပိုင်ဆိုင်ရမယ်ဆိုတာကိုသတိရပြီးစုံစမ်းနှောက်ယှက်ခြင်း၊ပြစ်တင်ရှုတ်ချခြင်း၊ညှဉ်းပန်းနှိပ်စက်ခြင်း၊နာကျင်မှုစသောခံရတဲ့အရာတွေခံထမ်းပြီးခရစ်တော်၏ခြေရာအတိုင်းလျှောက်လှမ်းနိုင်ရန်လိုအပ်သောခွန်အားကျေးဇူးကိုဘုရားရှင်ထံတောင်းခံရင်းကြိုးစားကြပါစို့။ 

Daily Reflection