Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-13 04:43:20

14.6.2023 – 10th   Week in Ordinary Time, Wednesdaysday
၁၄.၆.၂၀၂၃ - (၁၀) ကြိမ်မြောက်သီတင်းပတ် ဗုဒ္ဓဟူးနေ့  
ရှင်မာသေဦး ၅:၁၇-၁၉/ Matthew 5:17-19
Reflection by Dominic Lum Zaung
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများကိုပယ်ဖျက်ခြင်းငှာငါလာသည်ဟုမထင်ကြနှင့်။ပယ်ဖျက်ခြင်းငှာမဟုတ်၊ပြီးပြည့်စုံစေခြင်းငှာငါလာသတည်း၊သင်တို့အားငါအမှန်ဆိုသည်ကားကောင်းကင်နှင့်မြေကြီးပျောက်ကွယ်သွားသည့်တိုင်အောင်အရာ အားလုံးပြီးပြည့်စုံခြင်းသို့မရောက်မချင်းပညတ်တရားကျမ်းမှအငယ်ဆုံးသောစာလုံးတစ်လုံး၊အသတ်အလပ်တစ်ခုမျှမကွယ်မပျောက်ရာ။ထို့ကြောင့်မည်သူမဆိုဤအငယ်ဆုံးသောပညတ်တို့တွင်တစ်ပါးပါးကိုကိုယ်တိုင်ကျူးလွန်၍အခြားသူတို့အားလည်း ထိုနည်းအတိုင်းသွန်သင်လျှင်ထိုသူသည်ကောင်းကင်နိုင်ငံတော်တွင်အသိမ်ငယ်ဆုံးသောသူဟုအ ခေါ်ခံရလိမ့်မည်။သို့ရာတွင်မည်သူမဆိုပညတ်တော်များကိုကိုယ်တိုင်ကျင့်၍အခြားသူတို့အားလည်းကျင့်ရန်သွန်သင်လျှင်ထိုသူသည်ကောင်းကင်နိုင်ငံ တော်တွင်ကြီးမြတ်သောသူဟုအခေါ်ခံရလိမ့်မည်။*ထောက်ရှုချက်*အချစ်ကအရာရာကိုပြီးပြည့်စုံစေသည်။ဤယနေ့ ရှင်မာသဲ ၅း၁၇ ၌ သခင်ခရစ်တော်မိန့်ကြားတော်မူသည်မှာ“ပညတ်တရားဥပဒေကျမ်းများကိုပယ်ဖျက်ခြင်းငှာလာသည်ဟုမထင်ကြနဲ့ ပယ်ဖျက်ခြင်းငှာငါလာသည်မဟုတ်၊ပြီးပြည့်စုံစေခြင်းငှာငါလာသတည်း”၊ဤကျမ်းပိုဒ်ကဖိတ်ခေါ်လျှက်ရှိပါတယ်။ကျွန်ုပ်တို့ရဲ့လူ့ပြည်၊လူ့အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တိုင်းရဲ့မိန့်ကြားတော်မူသည်မှာပညတ်တရားဥပဒေများကိုပြီးပြည့်စုံစေခြင်းငှာငါလာသည်။မည်ကဲ့သို့ထောက်ရှုဆင်ခြင်ခြင်းအားဖြင့်ယုံကြည်သူကျွန်ုပ်တို့ ရဲ့ဘဝအသက်တာ၌တရားဥပဒေ စည်းမျဉ်းစည်းကမ်းကိုလိုက်နာကျင့်ကြံနေထိုင်ခြင်းသည်အလွန်အရေးပါကြောင်း သခင်ခရစ်တော်ကကျွန်ုပ်တို့ဘဝကိုကြည့်ခြင်းအားဖြင့်လည်းတရားဥပဒေစည်းမျဉ်းစည်းကမ်းအရေးကြီးပုံကိုကွဲကွဲပြားပြားသိနိုင်ပါတယ်။အောင်မြင်တိုးတက်တဲ့တိုင်းပြည်၊လူ့အဖွဲ့အစည်းရဲ့အဓိကအခြေခံအကြောင်းတရားများကလည်းဖြောင့်မတ်မှန်ကန်တဲ့တရားဥပဒေ၊စည်းမျဉ်းစည်းကမ်းများကြောင့်ဖြစ်တယ်ဆိုတာလည်းအမှန်တရားဘဲဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်ုပ်တို့ ဘဝအသက်တာ၌ အများအတွက်အကျိုးပြုတဲ့  တရားမျှတဖြောင့်မတ်မှန်ကန်တဲ့တရားဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို ကျင့်ကြံနေထိုင်ဖို့က ကျွန်ုပ်တို့ရဲ့ ယုံကြည်သူအားလုံးရဲ့တာဝန်၊ဝတ္တရားဘဲဖြစ်ပါတယ်။ဒီကနေ့ကျမ်းစာတော်မြတ်၌သခင်ခရစ်တော်ဘယ်လိုပြီးပြည့်စုံစေမည်နည်း။ကျွန်ုပ်တို့မေးခွန်းမေးကောင်းမေးနိုင်ပါတယ်။ အမှန်တရားတခုကတော့သခင်ခရစ်တော်ကိုယ်၌ကချစ်ခြင်းမေတ္တာတရားဖြစ်ပါတယ်။သူရဲ့ချစ်ခြင်းမေတ္တာတရားဖြင့်ကျွန်ုပ်တို့ရဲ့မပြီးပြည့်စုံတဲ့ဘဝအသက်တာကို ပြီးပြည့်စုံစေခြင်းသာဖြစ်ပါတယ်။ ကျွန်ုပ်တို့ ဘဝအသက်တာ၌ချစ်ခြင်းမေတ္တာ၌ အရင်းခံသောဘ၀အသက်တာ ချစ်ခြင်းမေတ္တာ၌ဗဟိုပြုသောပညတ်ဥပဒေများကို ဖွဲ့စည်းတည် ဆောက်လိုက်နာကျင့်ကြံစေဖို့ရန်ဆိုလိုခြင်းဖြစ်ပါတယ်။အထူးသဖြင့်ကျွန်ုပ်တို့ယုံကြည်သူများအနေဖြင့်စစ်မှန်၊မှန်ကန်တဲ့လူသားဘာသာဝင်များဖြစ်ဖို့လိုက်နာကျင့်ကြံနေထိုင်ရမည့်ပညတ်တရားတော်(၁၀)ပါးရှိတယ်ဆိုတာကျွန်ုပ်တို့သိပါတယ်။အဲဒီပညတ်တရားတော်(၁၀)ပါးအားလုံးရဲ့ အခြေခံအုတ်မြစ်က ပထမပညတ်တော် နှစ်ပါးလို့ ဆိုနိုင်ပါတယ်။ ဖန်ဆင်းရှင် ဘုရားသခင်ကို အကြွင်းမဲ့ချစ်ခြင်းနှင့် ကိုယ်နဲ့နီးစပ်သောသူကိုချစ်ခြင်းဖြစ်ပါတယ်။အဲဒီချစ်ခြင်းက တခြားတခြားသော ပညတ်တရားများကိုပြီးပြည့်စုံစေတာဘဲဖြစ်ပါတယ်။အဲကြောင့် သခင်ခရစ်တော်ရဲ့တရားဥပဒေက ချစ်ခြင်းမေတ္တာဘဲဖြစ်ပါတယ်။ထိုနည်းတူ မေတ္တာတရားထားရှိဖို့ရန်ဖြစ်ပါတယ်။ချစ်ခြင်းမေတ္တာဟုဆိုရာ၌လည်းအပြောသပ်သပ်ဖြင့်မလုံလောက်ပါဘူး။ လက်တွေ့မပါသောချစ်ခြင်းမေတ္တာကစစ်မှန်ပြီးပြည့်စုံတဲ့မေတ္တာတရားတစ်ခုမဖြစ်နိုင်ပါဘူး။ချစ်ခြင်းမေတ္တာကို နည်းလမ်းမျိုးစုံဖြင့်ကျွန်ုပ်တို့တစ်ဦးနှင့်တစ်ဦးဝေမျှနိုင်ပါတယ်။ဥပမာအားဖြင့်မရှိဆင်းရဲသောသူများကိုပေးလှူခြင်းအားဖြင့်ပြနိုင်သလိုသူငယ်ချင်းမိတ်ဆွေများ၊သူစိမ်းများနားထောင်ပေးခြင်းအားဖြင့်လည်းပြနိုင်ပါတယ်။အတင်းအဖျင်းပြောခြင်းကိုမပြုလုပ်ခြင်း၊ဒုက္ခရောက်နေချိန်၌အချိန်ပေးခြင်း၊သူတစ်ပါးကိုချိုသာတဲ့အပြုံးလေးပြသခြင်းနဲ့လက်တွေ့ဆန်တဲ့ချစ်ခြင်းမေတ္တာပြသခြင်းဖြစ်ပါတယ်။ကျွန်ုပ်တို့အသက်တာ၌ စစ်မှန်တဲ့မေတ္တာသည်တစ်ဦးနဲ့တစ်ဦးပြောဆိုပြုမူနေထိုင်သွားမည်ဆိုလျှင်ကျွန်ုပ်တို့ မျှော်လင့်တောင့်တသောငြိမ်းချမ်းပျော်ရွှင်သောတိုင်းပြည်ကြီး၊လူ့အဖွဲ့အစည်းကြီး၊မိသားစုတစ်ခုကိုဧကန်မုချတည်ဆောက်နိုင်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာတရားကအရာရာကိုပြီးပြည့်စုံစေလိုဘဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

Daily Reflection