15.6.2023 – 10th Week in Ordinary Time, Thursday
၁၅.၆.၂၀၂၃ - (၁၀) ကြိမ်မြောက်သီတင်းပတ် ကြာသပတေးနေ့
ရှင်မာသေဦး ၅:၂၀-၂၆/ Matthew 5:20-26
Reflection by Lahtaw Aung Li (Columban Seminarian)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
အကြောင်းမူကား သင်တို့၏ဖြောင့်မတ်ခြင်းသည် ကျမ်းတတ်ဆရာများနှင့်ဖာရီဇေးဦးတို့ထက်မသာလျှင် သင်တို့သည်ကောင်းကင်နိုင်ငံတော်သို့ဝင်ကြရလိမ့်မည်မဟုတ်ဟုငါဆို၏။လူ့အသက်ကိုမသတ်နှင့်။သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်၏ဟူ၍ ရှေးလူကြီးတို့အားပညတ်ထားခဲ့သည်ကိုသင်တို့ကြားခဲ့ရလေပြီ။သို့ရာတွင်သင်တို့အားငါဆိုသည်မှာမည်သူမဆိုမိမိ၏ ညီအစ်ကိုအပေါ် အမျက်ဒေါသထွက်လျှင် ရုံးတော်၌အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိ၏ ညီအစ်ကိုအားအသုံးမကျသူဟုခေါ်၍ ကဲ့ရဲ့စော်ကားသောသူသည် လွှတ်တော်၌အပြစ်စီရင်ခြင်းကိုခံထိုက်၏။ မိမိ ၏ ညီအစ်ကိုအား အရူးဟုခေါ်သောသူသည် ဂေဟေ့နာမီးဒဏ်ခံထိုက်၏။ ထို့ကြောင့်သင်သည် သင်၏ပူဇော်သကာကို ယဇ်ပလ္လင်သို့ယူဆောင်လာသောအခါ သင်၏ညီအစ်ကိုသည်သင့်၌ အပြစ် တင်စရာတစ်စုံတစ်ခုရှိနေသည်ကို ထိုနေရာ၌ သတိရလျှင်၊သင်၏ပူဇော်သကာကိုယဇ်ပလ္လင်ရှေ့တွင် ထားခဲ့ပြီးလျှင်သွား၍သူနှင့် သင့်မြတ်အောင်ပထမဦးစွာ ပြုလုပ်လော့။ထို့နောက်မှပြန်လာ၍ သင်၏ပူဇော်သကာကိုဆက်ကပ်လော့။သင်သည်သင်၏တရားပြိုင်ဘက်နှင့်အတူတရားရုံးသို့ သွားနေစဉ်သူနှင့်ပြန်လည်သင့်မြတ်အောင်အလျင်အမြန်ပြုလော့။ ထိုသို့မပြုလျှင်သူသည်သင့်ကို တရားသူကြီး၏လက်သို့ အပ်လိမ့်မည်။တရားသူကြီးသည်လည်းသင့်ကိုမင်းမှုထမ်းလက်သို့အပ်၍ အကျဉ်းချထားလိမ့်မည်။ ထိုအခါသင်သည်ပေးဆောင်ရမည့်ငွေကိုအကုန်အစင်မပေးမချင်းထောင်ထဲမှထွက်ရလိမ့်မည်မဟုတ် ဟုသင့်အားငါအမှန်ဆို၏။ထောက်ရှုချက်*ယနေ့ခေတ်၏ ဖတ်ရှုခြင်းနှင့် ခရစ်ဝင်ကျမ်းများကိုဆင်ခြင်သုံးသပ်ခြင်းဖြင့် မိသားစုများ၊သူငယ်ချင်းများနှင့် အသိုက် အဝန်းတွင်ပြန်လည်သင့်မြတ်ရေးနှင့် ခွင့်လွှတ်ခြင်း၏ အရေးပါမှုကိုသတိပေးပြီးဖိတ်ခေါ်ပါသည်။ပူဇော်သက္ကာကိုယဇ်ပလ္လင်သို့ဆောင်ခဲ့လျှင်၊သင်၏အစ်ကို၌ တစ်စုံတစ်ခုသောပူဇော်သက္ကာကို ယဇ်ပလ္လင်ရှေ့မှာ ထားခဲ့ပြီး၊ အစ်ကိုနှင့် အရင်သင်းမြတ်အောင်လုပ်ပြီးမှပြန်၍ ပူဇော်သက္ကာကို ပူဇော်လော့။ငါသည်သင်တို့ကိုချစ်သကဲ့သို့ အချင်းချင်းချစ်ကြရန်သခင်ယေဇူးကအမြဲသတိပေးသည်။ အချစ်သည်အရာအားလုံးကိုအနိုင်ယူနိုင်သည်။ စစ်မှန်သောအချစ်သည် အဆက်မပြတ် ခြွင်းချက်မရှိ၊ ခွင့်လွှတ်ခြင်းသည် ချစ်ခြင်းမေတ္တာဖြင့် အမြဲဖြစ်စေသည်။ ခွင့်လွှတ်ခြင်းသည် လက်တွေ့တွင် မလွယ်ကူသော်လည်း၊ဤသည်မှာ ကျွန်ုပ်တို့၏ ခရစ်ယာန်ကျင့်စဉ်ဖြစ်သည်။ ခွင့်လွှတ်ခြင်းသည် ရစ်ယာန်တန်ဖိုးဖြစ်သည်။ ရားသခင်၏သားတော်၊ န်ုပ်တို့၏ကယ်တင်ရှင် ရှုခရစ်သည် ကျွန်ုပ်တို့အား လက်ဝါးကပ်တိုင် ပေါ်တွင်ပြသပြီး ဤတန်ဖိုးကို ကျွန်ုပ်တို့အား ပေးပါသည်။ ယနေ့ ကျွန်ုပ်တို့အားလုံးအတွက် မေးစရာမှာ ကျွန်ုပ်တို့၏ညီအစ်ကိုညီအစ်မများကို ခွင့်လွှတ်ရန် အကြိမ်များစွာ က်ကွက်ခဲ့သည်။ ယ့်ကိုကိုယ် ခွင့်လွှတ်တတ်ဖို့လည်း ရေးကြီးပြီး ခြားသူတွေကိုလည်း ဒီလိုပဲ ပ်နိုင်ပါတယ်။ ခါတရံမှာ ကျွန်ုပ်တို့ရဲ့ နေ့စဉ်ဘ၀မှာ တွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒီလိုမျိုး အခြေအနေမျိုး ကြုံရတတ်ပါတယ်။ အများအကျိုးအတွက် အချင်းချင်း သတိပေးပြီး တည့်မတ်ပေးတဲ့အခါ ကျွန်တော်တို့ရဲ့သူငယ်ချင်း အချို့က သင့်ကို မုန်းတီးသွားပါလိမ့်မယ်။ နောက်တစ်ခုကတော့ ယ်မကြိုက်တဲ့အခါ ခြားသူတွေကို စ်ဖို့ ခက်ပါတယ်။တစ်ယောက်ကိုမုန်းတီးနေချိန်တွင် င့်ချစ်ခြင်းမေတ္တာကိုဝေမျှရန် ခက်ခဲသည်။ထိုအချိန်တွင်သင်သည် ထိုလူကိုနားလည်မှုပေးပြီး ခွင့်လွှတ်မည့်အစားအမြဲဝေဖန်နေပေမည်။တကယ်တော့ ဒီနည်းလမ်းတွေဟာအချစ်ကိုပြသဖို့ လက်တွေ့ကျတဲ့နည်းလမ်းတွေမဟုတ်ပါဘူး။ ထို့ကြောင့်၊သင်၏ရန်သူများကို ကြီးမားသောမေတ္တာဖြင့် တုံ့ပြန်ရန်နှင့် သင်၏ဉာဏ်ပညာဖြင့် နားလည်ရန် ကျွန်ုပ်တို့အား ယေဇူးက တိုက်တွန်းထားသည်။ကျွန်ုပ်တို့၏နေ့စဉ်အသက်တာတွင် ခွင့်လွှတ်နားလည်မှုနှင့်ကျေးဇူးတော်အတွက် သခင်ဘုရားထံ တောင်းလျှောက်ကြပါစို့။ အာမင်…