June 16,2023 - Solemnity of the Most Sacred Heart of Jesus.( သခင်ယေဇူး ရွှေနှလုံးတော်ပွဲနေ့)
First Reading: Deut 7:6-11, Second Reading: 1John 4:7-16, Gospel: Mt 11:25-30
(Reflection By Bro. Francis Xavier Nbwi La Aung)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ချစ်လှစွာသော ဘာသာသူအပေါင်းတို့ ဒီကနေ့ဟာ ကက်သလစ်အသင်းတော်အတွက် အထွတ်အမြတ်ထားရာ သခင်ယေဇူးရဲ့ ရွှေနှလုံးတော်ပွဲနေ့ကို ကျင်းပနေကြပါတယ်။ တနည်းအားဖြင့်ပြောရရင် လူသားတွေအပေါ်ထားရှိသည့် ကြီးမားလှသောသခင်ယေဇူးရဲ့ ချစ်ခြင်းမေတ္တာတော်အတွက် ကျွန်တော်တို့အားလုံး ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ချီးမွမ်းနေကြသည့်ပွဲနေ့ပဲဖြစ်ပါတယ်။ဒီကနေ့ဖတ်ရှုရတဲ့ ကျမ်းစာတွေကလည်း ဘုရားသခင်ရဲ့ ကြီးမားလှသောချစ်ခြင်းတွေနဲ့အတူ သခင်ယေဇူးရဲ့နှလုံးအလှတရားကိုသိရှိနိုင်အောင် ဖော်ပြနေပါတယ်။ပထမကျမ်းမှာဆိုရင် ဘုရားသခင်က Israelites လူမျိုးတွေကို Egypt လူမျိုးတွေရဲ့လက်အောက်ခံကျွန်ဘဝကနေကယ်နှုတ်ခဲ့တဲ့အကြောင်း၊ ဒုတိယကျမ်းမှာဆိုရင်တော့ ဘုရားသခင်က ချစ်ခြင်းမေတ္တာဖြစ်ပြီး၊သားတော်ယေဇူးကို လောကသို့စေလွတ်ခြင်းဖြင့် လူသားတွေအပေါ်ထားရှိသည့် သူ့ချစ်ခြင်းကို သက်သေထူခဲ့တဲ့အကြောင်းတွေကို ကြားနာခဲ့ရပါတယ်။ အထူးသဖြင့် ဒီကနေ့ရဲ့ဧဝံဂေလိကျမ်းတော်အားဖြင့် သခင်ယေဇူးရဲ့ နှလုံးသားဟာသိမ်မွေ့ပြီး၊ နှိမ့်ချခြင်းရှိတဲ့နှလုံးသားဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားတာတွေ့ရပါတယ်။ ချစ်သောမိတ်ဆွေပေါင်းတို့ “ခရစ်တော်သခင်ရဲ့ ခန္ဓာအစိတ်အပိုင်း၊ နှလုံး ဖြစ်ကြတဲ့ ကျွန်တော်တို့ အယာက်စီတိုင်းဟာ ဘယ်လိုရှင်သန်နေကြသလဲ ပြန်သုံးသပ်ကြည့်ကြပါစို့?"လူတစ်ယောက်အသက်ရှင်သန်နိုင်ဖို့ နှလုံးဟာ အလွန်အရေးကြီးလှပါတယ်။ဘာကြောင့်ဆို နှလုံးကပဲ အဓိက ဗဟို နေရာမှာနေပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည့်သွေးတွေကို နေရာအနှံ့ ဖြန့်ချီပေးနေတာပါ။ ဒါကြောင့် ခန္ဓာကိုယ်တစ်ခုမှာ နှလုံးကအလုပ်ရပ်သွားပြီဆိုရင် အဲဒီ ခန္ဓာကိုယ်ဟာ လူသေကောင်ဖြစ်သွားပြီ။ ဒီတော့ သခင်ယေဇူးရဲ့ကိုယ်ပွား၊သခင်ယေဇူးရဲ့ နှလုံးသား ဖြစ်ကြတဲ့ကျွန်တော်တို့၊သခင်ယေဇူးကို အသက်ရှုကျပ်အောင် လုပ်နေကြသလား??ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာတော်၊ သခင်ယေဇူးရဲ့အသွေးတော်ဖြင့်ကယ်နှုတ်ထားသောကျွန်ုပ်တို့ဟာ သခင်ယေဇူးကိုယ်စားပီပီချစ်ခြင်းနှိမ့်ချခြင်း၊သနားခြင်း၊ဆိုတဲ့မွန်မြတ်စိတ်ထားတွေနဲ့ ရှင်သန်တတ်ပြီလား။