သာမန်ကာလ ၁၀ ကြိမ်မြောက် စနေနေ့, စိန့်အဲမလီပွဲနေ့
Saturday of Week 10; St. Emily de Vialar
ရှင်မာသေဦး ၅:၃၃-၃၇၊ Matthew 5:33-37
Reflection & Posted by Sr. Benedetta Myat Hnin Nwe(ISR)
တစ်ဖန်မမှန်ကန်သောကျိန်ဆိုခြင်းကိုမပြုနှင့်။သင်ပြုခဲ့သောကတိသစ္စာကို ထာဝရဘုရားသခင်ရှေ့တော်၌ တည်စေလော့ဟု ရှေးလူကြီးတို့အားပညတ်ထားခဲ့သည်ကို သင်တို့ကြားခဲ့ရလေပြီ။ သို့သော် သင်တို့အား ငါဆိုသည်မှာ ကျိန်ဆိုခြင်းအမှုကိုလုံးဝမပြုရ။ကောင်းကင်ကိုလည်းတိုင်တည်၍ မကျိန်ဆိုရ။အကြောင်းမူကားကောင်းကင်သည် ဘုရားသခင်၏ပလ္လင်တော်ဖြစ်၏။ကမ္ဘာမြေကြီးကိုလည်း တိုင်တည်၍မကျိန်ဆိုရ။ အကြောင်းမူကားကမ္ဘာမြေကြီး သည် ကိုယ်တော်၏ ခြေတင်ရာခုံဖြစ်၏။ ဂျေရုဆလင်မြို့တော်ကိုလည်း တိုင်တည်၍ မကျိန်ဆိုရ။အကြောင်းမူကား ထိုမြို့သည်ကြီးမြတ်သောဘုရင်၏ မြို့တော်ဖြစ်၏။သင်၏ ဦးခေါင်းကိုလည်းတိုင်တည်၍ မကျိန်ဆိုရ။အကြောင်းမူကား ဆံခြည်တစ်ပင်ကိုမျှဖြူစေခြင်း၊မည်းစေခြင်းငှာ သင်မတတ်နိုင်။သင်တို့ပြောဆိုသောအရာကို ဟုတ်လျှင်ဟုတ်သည်၊မဟုတ်လျှင်မဟုတ်ပါဟုပြောလော့။ထို့ထက်ပိုသောစကားသည်မကောင်းမှုမှလာ၏။*ထောက်ရှုချက်*လူတိုင်းဘဝမှာ ကတိသစ္စာကိုယ်စီခံယူကျင့်ကြံနေထိုင်ခဲ့ကြသည်။လူတွေအပေါ်ထားရှိသောကတိသစ္စာ၊ဘုရားသခင်အပေါ်ထားရှိခဲ့သောကတိသစ္စာစသည်ဖြင့်ထားခဲ့ကြသောကြောင့် ဘုရားရှေ့တော်၌ တည်စေနိုင်ရမည်။ လူတွေ ကတိသစ္စာမတည်သောအခါ လိမ်ညာတတ်လာသည်။မဟုတ်မမှန် ကျိန်ဆိုပြောဆိုတတ်လာသည်။ဤကဲ့သို့မဟုတ်မမှန်ကျိန်ဆိုခြင်းထက်လွန်စွာပြောဆိုခြင်းကမကောင်းမှုဘက်သို့ဦးတည်လာယိမ်းယိုင်လာမည်ဖြစ်သည်။ လူမုန်းများလာမည်။ အန္တရာယ်ရှိလာနိုင်ပါသည်။ထို့ကြောင့်မိမိတို့အရှိရှိအတိုင်း မှန်မှန်ကန်ကန်ပြောဆိုကျင့်ကြံနေထိုင်ကာကိုယ်စီခံယူထားသောကတိသစ္စာအတိုင်းကျင့်ကြံနေထိုင်နိုင်ရန်လိုအပ်သောကျေးဇူးတော်ကို ဘုရားရှင်ထံဆုတောင်းကြပါစို့။