ဒီကနေ့ကျမ်းစာတော်မြတ်ထဲမှာ သခင်ယေဇူးဟာ သူ့ရဲ့နေရင်းမြို့ တရားဇရပ်မှာ လူတွေကို တရားဒေသနာ ဟောကြားခဲ့တယ်။ သခင်ယေဇူးရဲ့ ဟောကြားသွန်သင်ချက်ကို လူတွေက လက်မခံ ကြဘူးလို့ ဖော်ပြထားတယ်။ တခါတလေ ဘဝမှာ ကျွန်တော်တို့တွေဟာ အပြင်ပိုင်းနဲ့ ဆိုင်တဲ့အရာတွေ ကိုကြည့်ပြီး သူတပါးကို ဆုံးဖြတ်တတ်ကြတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ မိသားစု အပေါင်းအသင်းတွေကိုကြည့်ပြီး သူဟာ ဘယ်လိုလူ ဖြစ်တယ်၊ သူဟာ ဒီလိုမျိုးလူပဲဖြစ်လာမှာပဲဆိုပြီး များသောအားဖြင့် သတ်မှတ်ကြတယ်၊ ကောက်ချက်ချတတ်ကြပါတယ်။ ကျွန်တော်တို့နဲ့ ရင်းနှီးတဲ့သူတွေ အပေါ်မှာလည်း ကျွန်တော်တို့ဟာ လွယ်လွယ်လေးနဲ့ အပေါ်ယံကိုကြည့်ပြီး ဆုံးဖြတ် တတ်ကျတယ်။ ဒီကနေ့ ကျွန်တော်တို့ ပြန်လည်ထောက်ရှုစဉ်းစားပြီး တရားယူရမဲ့အချက်က ကျွန်တော်တို့ဟာ သူတပါးအပေါ်မှာ မကောင်းခြင်းတွေနဲ့ ဆုံးဖြတ်ချက်ချ နေတတ်သလား။ သူရဲ့ကောင်းခြင်းတွေ အပေါ်မှာကော ဘယ်လောက်ထိ အရေးယူ ခွန်အားပေး ချီးကျူးပေးခဲ့သလဲ ဆိုတဲ့အချက်ကို ပြန်လည် သုံးသပ်ရမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတပါးရဲ့ မကောင်းတဲ့အရာတွေကို ကြည့်ပြီး ထင်မြင်ဆုံးဖြတ်နေမဲ့အစား သူရဲ့ ကောင်းခြင်းတွေကို မြင်တတ်တဲ့သူတွေဖြစ်ဖို့ ဘုရားသခင် ထံမှာ ခွန်အားယူ တောင်းလျှောက်ကြပါစို့။
#Rev. Brian Joseph, MS