19.6.2023 –11th Week in Ordinary Time (၁၁ ကြိမ်မြောက် သာမန်ကာလ တနင်္လာနေ့)
Reflection by: Ms. Son Seon Young Catharina (Columban Lay Missionary)
Matthew 5:38-42
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဒီကေနေကျွန်ုပ်တို့နေတရထိုင်သက်ရှင်သွားဘာနေတဲ့ ကမ္ဘာကြီးဟာမိမိအတွက်အရာရာအဆင်ပြေချောမွေ့နေဖို့အတွက်တစ်ပါးသူကိုထိခိုက်သွားနိုင်တယ်၊နှစ်နာသွားစေမယ်ဆိုတာသိသော်ငှါးလဲ မိမိရဲ့လိုအပ်ချက်ကိုပဲဦးစားပေးတယ်၊မိမိရဲ့အခွင့် အရေးကိုပဲဦးစားပေးပြီး ကိုယ်ပိုင်လွတ်လတ်မှုကိုအကျယ်ချဲ့ပြီး မိမိပြောချင်သလိုပြော၊ မီဒီယာတွေမှာလဲ မိမိအခွင့်အရေးအဖြင့်တင်ချင်သလိုတင်၊မိမိရဲ့အခွင့်အရေးကိုလွန်စွားဦးစားပေးကြပါတယ်၊မိမိကိုနာကျင်အောင်လုပ်သူတွေဟာလဲမိမိနာကျင်ခံစားရသလိုတစ်ပါးသူလဲပြန်ခံစားရမယ် (သို့ ) ကိုယ်ဖြစ်ကိုယ်ခံ စနစ်၊မကောင်ရတဲ့သူကတော့ သူပြုအမျှမကောင်းမှုအတွက်တန်ပြန်ခံစားစေဆိုတဲ့ခံယူချက်မျိုး၊ အဲလိုမှမဟုတ်ရင် ဒီလူ့အဖွဲအစည်းကအဆင်ပြေချေားမွေ့စွာနဲ့လည်ပတ်နေနိုင်မှာမဟုတ်ဘူး၊မကောင်းတဲ့သူ့ကိုသူ့ပြစ်ဒဏ်နဲ့သူခံထန်းစေမယ်အပြစ်ပေးမယ် ဆိုတဲ့စိတ်မျိုးကယနေ့ကျွန်ုပ်တို့ခေတ်မှာ ပိုမိုစိုးမိုးလာနေပါတယ်၊သို့သော်ငှါးလဲပဲ ဒီကနေ့ကျွန်ုပ်တို့ဖတ်ရှုကြားနားရတဲ့ သခင်ယေဇူးရဲ့ အသက်ရှင်တဲ့ နုတ်တော်ထွက် သမာကျမ်းစာထဲမှာ သခင်ယေဇူးမိန့်မှာထားတာက“သင်၏ ပါးတဘက်ကိုသူတပါးပုတ်လျှင်ပါးတဘက်ကိုလှည့်၍ပေးဦးလော့။ သင့်အင်္ကျီကို ယူလို၍တရားတွေ့သောသူအား သင့်ဝတ်လုံကိုလည်း ယူစေခြင်းငှါအခွင့်ပေးဦးလော့။ အကြင်သူသည် သင့်ကို အနိုင်ပြု၍ ခရီးတတိုင်သွားစေ၏။ ထိုသူနှင့်တကွ နှစ်တိုင်သွားဦးလော့။”လို့မိန်မြွက်ထားပါတယ်။သာမာန်အနေနဲ့ စဉ်းစားကြည့်မယ်ဆိုရင်ကိုယ့်ပါးတစ်ဖက်ကိုရိုက်တဲ့သူကို ဘာမှမတုံ့ပြန်တဲ့အပြင်နောက်ထပ်ပါးတစ်ဖက်ကိုပြန်လှည့်ပေးတယ်ဆိုတာ အဲဒီပုဂ္ဂိုလ်ဟာ ရူးနေတယ်၊စိတ်မနှံသူ၊ဒီနေ့ခေတ်လိုမျိုးမှာနေထိုင်နိုင်ဖို့မဖြစ်နိုင်သူလို့ကျွန်ုပ်တို့ယူဆကြမယ်၊ဒါမှမဟုတ်အဲလိုမိမိအပေါ်အနိုင်ကျင့်ပြီးမကောင်းကြံတဲ့သူကိုပြန်မတုံ့ပြန်ဘူးဆိုရင်အဲဒီသူကိုမကောင်းတာဆက်ပြုကျင့်ဖို့အားပေးသလိုဖြစ်သွားလိမ့်မယ်၊ဒါကြောင့်မြန်မာဆိုရိုးရှိသလိုနဂါးမှန်းသိအောင်အမောက်တော့ထောင်ပြရမယ်ဆိုတဲ့စိတ်ထားမျိုးပေါ့။ဒါပေမဲ့သခင်ယေဇူးကျွန်ုပ်တို့တစ်ဦးချင်းစီကို ဖိတ်ခေါ်နေတဲ့အသက်တာမျိုးကဒီလောကရဲ့ခံယူချက်၊တွေးဆမှုမျိုးနဲ့ပြောင်းပြန်ဆန်တဲ့ အသက်ရှင်နေထိုင်မှုမျိုးဖြစ်ပါတယ်၊သခင်ယေဇူးပြောချင်တာကနုံနုံအအ ထုံထုံထိုင်းထိုင်းအသက်ရှင်နေထိုင်မှုမျိုးကိုမဆိုလိုပါဘူး၊သခင်ယေဇူးကျွန်ုပ်တို့တစ်ဦးချင်းစီကိုဖိတ်ခေါ်နေတဲ့အသက်တာ(သို့)သခင်ယေဇူးရဲ့နောက်လိုက်ကြတဲ့ကျွန်ုပ်တို့ တစ်ဦးချင်းစီကို စိန်ခေါ်နေတဲ့အသက်တာက အစိုးကို အစိုးနဲ့မတုံ့ပြန်ရဘူး၊ အစိုးကိုမေတ္တာဂရုဏာတရားရှေ့ထားပြီးတုံ့ပြန်သက်ရှင်နေထိုင်ဖို့ဖြစ်ပါတယ်။ဒီလိုကျင့်ကြံနေထိုင်မှုဟာပြောသလောက်မလွယ်ကူမှန်း ကျွန်ုပ်တို့တစ်ဦးချင်းစီနားလည်သဘောပေါက်ကြပါတယ်၊ဒါကြောင့်ခရစ်ယာန်အသက်တာမှာ ကျင့်ကြံနေထိုင်ဖို့ဆိုတာ အင်မတန်ခက်ခဲပြီး စိန်ခေါ်မှုတွေ အများကြီးပြည့်နက်နေတဲ့အသက်တာဖြစ်ပါတယ်၊ဒါပေမဲ့ကျွန်ုပ်တို့သတိမူရမှာက လက်ကလေးတွဲဝှေ့ယမ်းကာလေကလေးချွန်ပြီးဝင်ရောက်သွားနိုင်တဲ့ နိုင်ငံတွေထဲမှာကောင်းကင်နိုင်ငံမပါဝင်ဘူးဆိုတဲ့အချက်ပါပဲ၊တရားတော်တွေဟာ ကျွန်ုပ်တို့ခရစ်ယာန်အသက်တာမှာ သခင်ယေဇူးရဲ့မဖြစ်နိုင်အကျင့်ကြံနိုင်တဲ့အရာကိုမိန့်မြွက်ထားတာမဟုတ်ပါဘူး၊ ခက်ခဲတဲ့အရာကျဉ်းမြောင်းတဲ့တံခါးကနေဝင်ရောက်ဖို့ ဖြစ်ပါတယ်၊ရန်ကိုရန်ချင်းတုံ့ပြန်ရမ ယ်ဆိုတဲ့အမြင်၊တစ်ပါးသူကိုမကောင်းတဲ့ ခွန်အားလက်နက်နဲ့အနိုင်ယူမယ်ဆိုတဲ့ အစိုးကိုအစိုးနဲ့ပြန်လည်တုံ့ပြန်မှုတွေကြောင့် ဒီကနေကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်၊ကမ္ဘာ့ဇတ်ခုံမှာ အတောမတတ်ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်ုပ်တို့ မမြင်မသိချင်မှ အဆုံးမြင်တွေ့ ကြားသိနေရတယ်၊ဒီကနေ့ ကျန်ုပ်တို့ရဲ့နှလုံးသားထဲမှာ အတ္တကင်ပြီးခွင့်လွတ်ခြင်းတရား၊ လူလူချင်းကိုယ်ချင်းစားတရာကင်းမဲ့ဆိတ်တုန်းနေပါတယ်၊ ဒီကနေ့သခင်ယေဇူးရဲ့တရားတော်ဟာ ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက် အင်မတန်ကြီးမားတဲ့စိန်ခေါ်မှုဖြစ်စေပါတယ်၊ဒါပေမဲ့အစိုးကိုချစ်ခြင်းမေတ္တာရှေ့ထားပြီးတုံ့ပြန်နိုင်ဖို့ဆက်လက်ကြိုးစားရအောင်၊ဒီတရားကိုကျင့်ကြံနိုင်ဖို့ အခြေအုတ်မြစ်က မိမိရဲ့အတ္တန်မာနတရားကို ဦးစွာလျှော့ချဖို့ဖြစ်ပါလိမ့်မယ်၊မြန်မာ့ဆိုရိုးစကားရှိသလို“လူ့အောက်ကျို့လို့မသေနိုင်ပေမဲ့ တုံးအောက်ပိလို့သေနိုင်တယ်“ဆိုတဲ့စကားလိုပဲမိမိရဲ့အတ္တမာနကိုလျော့နိုင်မယ်ဆိုရင်နှိမ့်ချခြင်းတရားကိုရပြီးတစ်ပါးသူကိုကွင်းလုံးကျွတ်ခွင့်လွတ်တတ်တဲ့သူဖြစ်ဖို့ဆက်လက်ကြိုးစားကြရအောင်၊နှိမ့်ချခြင်းတရားကိုရပြီးတစ်ပါးသူကို ကွင်းလုံးကျွတ်ခွင်လွတ်တတ်တဲ့သူဖြစ်ဖို့ဆက်လက်ကြိုးစားကြရအော မိမိရဲ့ရန်သူ အတွက်ဆုတောင်းမေတ္တာပို့သတတ်ဖို့လဲအရေးကြီးပါတယ် ပါဖြစ်လို့လဲဆိုတော့ဆုတောင်းမေတ္တာဟာမိမိတစ်ဦးတည်းကိုသားပြောင်းလဲစေနိုင်တာမဟုတ်ပဲ၊တစ်ပါးသူကိုလဲပြောင်းလဲစေနိုင်ပါတယ်၊အယုတ်စွဆုံး မိမိရဲ့ရန်သူကိုပါပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားရှိပါတယ်။“အဆိုးအာဖြင့် အရှုံးမခံနှင့်အကောင်းအားဖြင့် အဆိုးကိုနိုင်လော့။"