21.6.2023 - 21th Week in Ordinary Time (၂၁. ၆. ၂၀၂၃ - (၁၁) ကြိမ်မြောက် သာမန်ကာလ ဗုဒ္ဓဟူးနေ့)
ရှင်မာသေးဦး ဧဝံဂေလိကျမ်း ၆း၁-၆၊ ၁၆-၁၈
Reflection by: Bro.Mathew Htoo Hkaw(SSC)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
*ထောက်ရှုချက်*ကျွန်ုပ်တို့၏ ခမည်းတော်ဘုရားသခင်သည်လျို့ဝှက်ဖုံးကွယ်သောအရာများကိုသိမြင်တော်မူသည်။ ကောင်းမြတ်သောလုပ်ဆောင်ချက်လုပ်ဆောင်မှုများသည် တခြားသူများ၏အမြင်၌ကောင်းမွန်အောင်လုပ်ဆောင်ခြင်း၊အမြင်ကောင်းအောင် မျက်နှာသာရအောင်လုပ်ဆောင်ခြင်းမဟုတ်ပါဘူး ကောင်းမြတ်သောလုပ်ဆောင်မှုဟူသည် ချစ်ခြင်းးမေတ္တာအပေါ်၌ အခြေခံတော်မူသည်။ချစ်ခြင်းမေတ္တာကိုမိမိ၏ အပြုအမူလုပ်ဆောင်မှုအပေါ်၌ ဘယ်လိုဘယ်လောက်အခြေခံလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။ဘာကြောင့်လဲဆိုတော့ အသက်ရှင်သောဘုရားသခင်ကကျွန်ုပ်တို့ရဲ့လုပ်ဆောင်မှုအားလုံးကို သိမြင်တော်မူပြီးချစ်ခြင်းမေတ္တာပါသော လုပ်ရပ်မူမျိုးကိုပိုပြီးနှစ်သက်မြတ်နိုးတော်မူသောကြောင့်ဖြစ်ပါတယ်။ဤကနေ့ရဲ့ရှင်မာဿဲကျမ်း စာတော်မြတ်၌ သခင်ခရစ်တော်က ကျွန်ုပ်တို့ လူသားတွေရဲ့ဖြောင့်မက်ဖြူစင်တဲ့ အတွင်းစိတ်ကိုပိုပြီးတော့ ကျေနပ်နှစ်သက်အားရတယ်ဆိုတာကိုကျွန်ုပ်တို့ အတိအလင်းမြင်နိုင်ပါတယ်။လူသူအရပ်ရဲ့အရှေ့မှာယောင်ဆောင်သော ကိုယ်ကျိုးကိုကြည့်ပြီး နာမည်ရယူလိုသောစိတ်၊အထင်ကြီးခံလိုသောစိတ်ဖြင်သာကူညီတတ်သော၊ဘာသာရေးကိုင်းရှိုင်းယောင်ဆောင်သော ကျမ်းတတ်ပုဂ္ဂိုလ်ဖာရီရှဲများကဲ့သို့မဖြစ်စေရန်နဲ့။ ဤကနေ့ကျမ်းစာတော်မြတ်ဖြင့် တိုက်တွန်းအားပေးနေပါတယ်။ယောင်ဆောင်သောဘာသာရေးခေါင်းဆောင်များကဲ့သို့အများရဲ့ပုံဥပမာနောက်ကိုမလိုက်ကြဖို့ရန်နှင့်ဖြူစင်ဖြောင့်မတ်သောစိတ်နှလုံးသားဖြင့်ကောင်းမှုကုသိုလ်များကို ပြုကျင့်ကြဖို့ရန်ယုံကြည်သူတို့အားဘုရားသခင် ဤကနေ့ကျမ်းစာတော်မြတ်ဖြင့်တိုက်တွန်းအား ပေးနေပါတယ်။ကျွန်ုပ်တို့အတွက်စစ်မှန်သောဆုရလဒ်က လူသားတွေရဲ့ဂုဏ်သရေအားပေးချီးမြောက်မှုမဟုတ်ပါဘူး၊လျို့ဝှက်ဖုံးကွယ်သော အရာများကိုသိမြင်တော်မူသော ခမည်းတော်ဘုရား၏နှစ်သက်မြတ်နိုးမှု၌အရင်းခံမူတည်ပါသည်။စစ်မှန်သောဆုရလဒ် ကျွန်ုပ်တို့ ယုံကြည်သူတို့ အတွက်ကခမည်းတော်၏ချစ်ခြင်းမေတ္တာဖြင့်တည်ဆောက်တဲ့ နိုင်ငံတော်ကို စံစားခွင့်ရရှိခြင်းဖြစ်ပါတယ်။အဲတာကြောင့် ခမည်းတော်ရဲ့စစ်မှန်တဲ့ နောက်လိုက်ကောင်းသားသမီးကောင်းဖြစ်ဖို့ရန် ကျွန်ုပ်တို့ရဲ့နေ့စဉ်အသက်တာ၌ကိုယ့်ရဲ့ လုပ်ဆောင်မူများက ဘယ်လိုအတွင်းစိတ် စေ့ဆော်မှုကိုအခြေခံလဲဆိုတာအမြဲတမ်းဆန်းစစ်သိရှိနားလည်ဖို့ လိုပါတယ်။ကိုယ့်ရဲ့လုပ်ဆောင်မှုများကလူများရဲ့အသိအမှတ်ပြုခံရဖို့အတွက်ပဲလား၊အထင်ကြီးခံရဖို့၊မျက်နှာသာရဖို့ အတွက်ဘဲလား၊အဲလိုဆိုရင်တော့ စစ်မှန်ဖြောင့်မတ်တဲ့ရည်ရွယ်ချက်ဘုရားသခင်မြတ်နိုးတဲ့လုပ်ဆောင်မှုတစ်ခု မဟုတ်ပါဘူး။အဲဒါကြောင့်နေ့စဉ်အသက်တာ၌စစ်မှန်တဲ့ခရစ်ယာန် အသက်တာကို ကြိုးစားနေထိုင်လားဆိုတာကိုဆန်းစစ်ဖို့ အရမ်းအရေး ကြီးပါတယ်။ကျွန်ုပ်တို့ရဲ့ပြုမူလုပ်ဆောင်မှုတိုင်း၌စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ပြုမူနေထိုင် သွားနိုင်ဖို့ရန်ကျေးဇူးတော်ကိုတောင်ခံသွားကြပါစို့။နေ့စဉ်အသက်တာ၌ သခင်ခရစ်တော်ချစ်မြတ်နိုးတော်မူသောဖြူစင်ဖြောင့်မတ်တဲ့ အတွင်းစိတ်ဖြင့်မိမိရဲ့ လုပ် ဆောင်ချက်များကို လုပ်ဆောင်သွားနိုင်ဖို့ရန်ဆုကျေးဇူးတော်များကို အမြဲအစဉ်တောင်းခံသွားကြပါစို့။