Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-21 04:45:58

22.6.2023 - 11th Week in Ordinary Time, Thursday (၂၂. ၆. ၂၀၂၃ ၊၁၁ ကြိမ်မြောက် သာမန်ကာလ၊ကြာသပတေးနေ့)
Matthew 6:7-15
Reflection by: Bro. Hkun Myat Aung (SSC)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
 22 June 2023 Reflection by: Columban Hkun Myat Aung

အားလုံးကိုမင်္ဂလာပါလို့ရှေးဦးစွာနှုတ်ဆက်လိုက်ပါတယ်။ဒီကနေ့ရဲ့ဧဝံဂလိကျမ်းတွင် သခင်ယေဇူးသည်သူ၏တပည့်တော်များကို မည်ကဲ့သို့ဆုတောင်းရမည်ကိုသွန်သင်ပေးလျက်ရှိသည်။အဘယ်ကြောင့်ဆိုသော်ဆုတောင်းခြင်းသည် ဘ၀၏အခြေခံအုတ်မြစ်ဖြစ်သည်။ထို့နောက် သခင်ယေဇူးသည်သူ၏တပည့်တော်များကိုကောင်းကင်ဘုံမေတ္တာဖြင့်ဆုတောင်းဖို့သွန်သင်သည်။ကျွန်ုပ်တို့သခင်ယေဇူး၏ဘဝအသက်တာကိုလေ့လာကြည့်ရင်သခင်ယေဇူးမည်ကဲ့သို့ဆုတောင်းခြင်းပါရမီဖြင့် သူ၏ဘဝရှင်သန်ခြင်းကိုတွေ့ရမည်ဖြစ်သည်။၎င်းနောက် သခင်ယေဇူးသည် ဆုတောင်းခြင်းတွင်လှပသောစကားလုံးများစွာသုံးပြီး ဆုတောင်းခြင်းထက်တိတ်ဆိတ်စွာမိမိ၏စိတ် အတွင်းမှဆုတောင်းခြင်းသည်ပို၍အရေးကြီးကြောင်း သူ၏တပည့်များကိုသွန်သင်ပေးသည်။ အဘယ်ကြောင့်ဆိုသော်ဘုရားသခင်သည် ကျွန်ုပ်တို့စိတ်နှလုံးအတွင်းမှ သူနှင့်ဆုတောင်းခြင်းသည်ဘုရားသခင်နှင့် နက်ရှိုင်းသော ဆက်ဆံရေးတည်ဆောက်သည်။ ချစ်ခင်လေးစားသော ဘာသာတူများကျွန်ုပ်တို့မိမိကိုယ်ကို ကျွန်ုပ်တို့၏ ဆုတောင်းခြင်းဘဝအသက်တာကိုပြန်လည်ဆန်းစစ်ရအောင်၊ကျွန်ုပ်တို့၏ဆုတောင်းခြင်းဘဝအသက်တာသည်ဘုရားသခင်နှင့်အပေါ်ယံဆက်ဆံရေးလား၊ သို့မဟုတ်စစ်မှန်နက်ရှိုင်းသော ဆက်ဆံရေးလား။ အဖဘုရားရှင်ဖြစ်ကြောင်းသွန်သင်သည်။ ကျွန်ုပ်တို့လူသားမျိုးနွယ်သည်လူမျိုးဘာသာကွဲပြားသော်လည်းကျွန်ုပ်တို့အားလုံးသည်ဘုရားသခင်၏သားသမီးများဖြစ်သောကြောင့်တစ်ဦးနှင့်တစ်ဦး ကြင်နာပြီး၊ ချစ်ခြင်းမေတ္တာပြပြီးရှင်သန်ရမည်။ ဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သူ၏သား သမီးများဖြစ်ကြသောကျွန်ုပ်တို့လူမျိုးမတူ ဘာသာမတူသော်ငြားလည်း တစ်ဦးနှင့်တစ်ဦး သဟဇတရှိပြီးငြိမ်းချမ်းစွာ ချစ်ကြည်ရင်းနှီးမှုနှင့်ဘဝကိုရှင်သန်ဖို့ ဘုရားသခင်လိုလားသည်။သဟဇာတရှိဖို့၊ ငြိမ်းချမ်းမှုရှိဖို့၊ ချစ်ကြည်ရင်းနှီးမှုရှိဖို့ကျွန်ုပ်တို့ဘဝတွင်အချင်းချင်းခွင့်လွှတ်ခြင်းပါရမီကို ကျွန်ုပ်တို့ဘဝအသက်တာတွင်ကျင့်ကြံဖို့လိုအပ်သည်။ချစ်ခင်လေးစားရသောဘာသာတူများကောင်းကင်ဘုံဆုတောင်းမေတ္တာကိုနေ့စဉ်အပေါ်ယံဘဲရွတ်ဆိုနေသလား သို့မဟုတ် စိတ်နှလုံးထဲတွင်သွန်းလျက် မိမိဘဝတွင်ကျင့်ကြံနေသလား။ဒါကိုယ်ကိုဆန်းစစ်ကြရအောင်။ အာမင်

Daily Reflection