Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-23 07:24:11

24.6.2023 –11th Week in Ordinary TimeSaturday
THE NATIVITY OF JOHN THE BAPTIST (ရှင်ယောဟန်ဗတ္တိစတာ၏ မွေးနေ့ပွဲ)
Luke 1: 57-66,80
Reflection Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဧလိဇဘက်သည်မွေးဖွားရန်နေ့လစေ့သောအခါသားယောက်ျား ကိုဖွားမြင်လေ၏။သခင်ဘုရားသည် ဧလိဇဘက်အားမိမိ၏ မဟာကရုဏာတော်ကိုပြတော်မူကြောင်းအိမ်နီးချင်းများနှင့်ဆွေမျိုးသားချင်းတို့ကြားကြသောအခါ သူမနှင့်အတူဝမ်းမြောက်ကြ၏။ထို့နောက် ရှစ်ရက်မြောက်သောနေ့၌ သူငယ်ကိုအရေဖျားလှီးခြင်းမင်္ဂလာပေးခြင်းငှာသူတို့သည်လာကြ၍ သူငယ်၏အမည်ကိုလည်း အဖ၏အမည်အတိုင်း ဇခါရိယဟုမှည့်ခေါ်မည်ပြုကြ၏။သို့သော်သူ၏မိခင်ကထိုသို့မဟုတ်ပါ။သူ့ကိုယောဟန်အမည်ဖြင့်မှည့်ခေါ်ရမည်ဟုဆို၏။သူတို့ကလည်း သင်၏ဆွေမျိုးတို့တွင် တစ်ယောက်မျှဤအမည်ဖြင့်မှည့်ခေါ်ထားခြင်းမရှိပါဟုသူမအားပြန်ပြောကြ၏။ထို့နောက်သူငယ်ကိုမည်ကဲ့သို့ မှည့်ခေါ်စေလိုကြောင်းဖခင်ဖြစ်သူအားကိုယ်လက်အမူအရာဖြင့်မေးမြန်းကြ၏။ထိုအခါဇခါရိယသည် သင်ပုန်းတစ်ချပ်ကိုတောင်းပြီးလျှင်သူငယ်၏အမည်ကား ယောဟန်ဖြစ်သည်ဟုရေးလေ၏။ထိုသူတို့လည်းအံ့ဩကြလေ၏။ထိုခဏချင်းတွင်ဇခါရိယ၏နှုတ်သည်ပွင့်၍သူ၏လျှာသည်လည်းအနှောင်အဖွဲ့မှကင်းလွတ်ကာသူသည်ဘုရားသခင်ကို ချီးမွမ်းထောမနာပြုလေ၏။သူတို့၏ အိမ်နီးချင်းတို့သည် လည်းကြောက်ရွံ့ ထိတ်လန့်ကြကုန်၏။ဤအကြောင်းအရာအလုံးစုံကိုဂျူဒေးယပြည်တောင်ကုန်းဒေသအနှံ့အပြားတွင်ပြောဆိုကြလေ၏။ကြားသိသောသူအပေါင်းတို့သည်လည်းထိုအဖြစ်အပျက်များ ကို နှလုံးသွင်းကြ၍ သို့ဖြစ်လျှင် ဤသူငယ်သည်ကား မည်ကဲ့သို့သောသူဖြစ်လာလိမ့်မည်နည်းဟုဆိုကြ ၏။ အကြောင်းမူကားဘုရားသခင်၏ လက်တော်သည် သူနှင့်အတူရှိတော်မူသောကြောင့်တည်း။သူငယ်ကားကြီးပြင်းလာ၍ဉာဏ်ပညာနှင့်ပြည့်စုံလေ၏။သူသည်အစ္စရာအဲလ်လူမျိုးထံသို့ ထင်ရှားစွာထွက်ပေါ်မလာမီတိုင်အောင်တောကန္တာရ၌ နေလေ၏။*ထောက်ရှုချက်*ကက်သလစ်သာသနာတော်သည် မွေးနေ့ပွဲသုံးပွဲကိုကျင်းပလေ့ရှိသည်။ကမ္ဘာပေါ်ရှိ ကြီးမားသောမွေးဖွားခြင်းထင်ရှားသုံးဦးရှိသည်။ ယေဇူးဖွားမြင်ခြင်း၊ယေဇူး၏မိခင်မယ်တော်မာရီးယားဖွားမြင်ခြင်းနှင့်ရှင်ယောဟန်ဗတ္တိစတာ၏ ဖွားမြင်ခြင်းဟူ၍ရှိသည်။မယ်တော်နှင့် ရှင်ယောဟန်တို့သည် အပြစ်မှကာကွယ်ခံရသည်ဟု ခရစ်တော်အားဖြင့်သိမြင်သည်။မယ်တော်သည်ဘုရားသခင်၏မိခင်ဖြစ်လိုသောကြောင့်အပြစ်၏စွန်းထင်းခြင်းမှကာကွယ်ပေးခဲ့သည်။မယ်တော်သည်ဧလိရှဗက်ထံအလည်လာစဉ် ရှင်ယောဟန်သည်အမိဝမ်းတွင်းကပင်အပြစ်ကင်းစင်ခဲ့သည်။ သူတို့သည် အပြစ်မရှိဘဲ မွေးဖွားလာသောကြောင့်ကျွန်ုပ်တို့သည်၎င်းတို့၏မွေးဖွားခြင်းကိုဂုဏ်ပြုကြသည်။ သူတို့သည် အသက်တာတစ်လျှောက် ဘုရားသခင်ကို အမြဲရွေးချယ်ခဲ့ကြသည်။ကျွန်ုပ်တို့၏ဗတ္တိဇံခံယူသည့်နေ့မှစ၍ ကျွန်ုပ်တို့၏အပြစ်များကို သန့်စင်ပေးပါသည်။ ရှင်ယောဟန်ဗတ္တိစတာသည် ခရစ်တော်၏ရှေ့တော်ပြေးသက်သေခံပြပေးသူဖြစ်သလိုကျွန်ုပ်တို့သည်လည်းရှင်သန်နေသောဘဝအသက်တာတွင်တနည်းတစ်လမ်းအားဖြင့် ခရစ်တော်သက်သေခံများဖြစ်ကြရန်ကြိုးစားရမည်။ရှင်ယောဟန်ဗတ္တိစတားသည်ခရစ်တော်အတွက် အမှန်တရားအတွက် သန့်ရှင်းသော အသေခံခြင်းဖြင့်သက်သေခံခဲ့သည်။ဘုရားသခင်အတွက်သက်သေခံရန်ကျွန်ုပ်တို့အားခေါ်ခြင်းခံရသည်။ကျွန်ုပ်တို့၏အသက်တာတစ်လျှောက် ဘုရားသခင်ကိုရွေးချယ်ရန်ကျွန်ုပ်တို့ကိုခေါ်ထားသည်။အမှန်တရားကို လက်ကိုင်ထားကာအပြစ်ကိုရှောင်ရှားပြီးခရစ်တော်ကိုသက်သေခံနိုင်ရန်ဘုရားရှင်ထံခွန်အားယူဆုတောင်းကြပါစို့။  

Daily Reflection