27.6.2023 – 12th Week in Ordinary Time, Tuesday
Matthew 7:6,12-14
Reflection by Bro. Dominic Lum Zaung (S.S.C).
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ဖြူစင်သောအရာများကို ခွေးတို့အား မပြကြနဲ့၊ပုလဲရတနာတို့ကိုဝက်တို့ရှေ့မှာ မချထားကြနဲ့။သို့ပြုလျှင်ထိုအရာတို့ကိုကျော်နင်း၍ သင်တို့ကို လိုက်လံကိုက်ဖျက်ကြလိမ့်မည်။ဒီကနေ့ ဤကျမ်းပိုဒ်ကိုထောက်ရှုခြင်းအားဖြင့် မိမိတန်ဖိုးကိုသိရှိဖို့ရန်အရေးကြီးသလိုကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ရန်လည်း အလွန်ကိုမှအရေးကြီးကြောင်းသိမြင်မှတ်သားရပါတယ်။ဘ၀တန်ဖိုးနဲ့ စပ်လျင်းလျှက်ပုံပြင်လေးတစ်ပုဒ်ကိုဝေမျှချင်ပါတယ်။တစ်ခါက သားအဖနှစ်ယောက်ရှိတယ်တစ်နေ့တော့သားဖြစ်သူက လူ့ရဲ့တန်ဖိုးဆိုတာဘာလဲဆိုပြီး အဖေဖြစ်သူကိုမေးတယ် အဖေဖြစ်သူကသူ့သားရဲ့မေးခွန်းကိုချက်ချင်းမဖြေဘဲ သူ့သားကိုပြောတယ်တဲ့ ဒီကျောက်တုံးကိုယူပြီးဈေးထဲမှာသွားရောင်းခဲ့ ဒါပေမဲ့ဝယ်သူတွေ ကမ်းလှမ်းလာတဲ့အခါဘယ်လောက်ဈေးနဲ့ဘဲဖြစ်ဖြစ် ကျောက်တုံးကို မရောင်းဘဲနဲ့ ပြန်လာခဲ့အဲဒီနောက်သားဖြစ်သူကကျောက်တုံးကိုယူပြီး ဈေးကိုထွက်သွားတယ်တဲ့..ပထမဦးစွာဟင်းသီးဟင်းရွက်ရောင်းတဲ့ ဈေးသည်နဲ့..တွေ့တော့ ဒီကျောက်တုံးကိုရောင်းမယ်ဘယ်လောက်ပေးမလဲလို့မေးတယ်။ ဈေး သည်က ကျောက်တုံးကိုကြည့်ပြီး ငါးထောင်နဲ့…ဝယ်မယ်လို့ ပြောတယ်တဲ့… ကောင်ကလေးကအဖေမှာတဲ့.. အတိုင်းမရောင်းဘဲနဲ့ထွက်သွားလိုက်တယ်တဲ့နောက်တစ်ခေါက် ကောင်လေးကအပေါင်ဆိုင်ကို သွားပြီးမေးတယ်တဲ့ဒီကျောက်တုံးကို ပေါင်ရင်ဘယ်လောက်ရနိုင်မလဲလို့ မေးတယ်တဲ့ ဆိုင်ရှင်ကနှစ်သိန်းလောက်တော့ ရမယ်လို့ ပြောတယ်တဲ့ ကောင်လေးက ကျောက်တုံးကို ယူပြီးနောက်တနေရာကို ထွက်သွားလိုက်တယ်တဲ့ တတိယတစ်ခေါက်တော့ ရွှေကုန်သည်တစ်ဦးနဲ့ တွေ့တယ် သူရဲ့ ကျောက်တုံးကို ပြပြီးဒီကျောက်တုံးရောင်းရင်တန်ဖိုးဘယ်လောက်ဖြတ်ပေးနိုင်မလဲလို့မေးတယ် ရွှေကုန်သည်ကြီးကကောင်လေးရဲ့ကျောက်တုံးကိုကြည့်ပြီး ဒီကျောက်ကတန်ဖိုးမဖြတ်နိုင်လောက်အောင်တန်ဖိုးကြီးလှပါတယ်လို့ပြန်ဖြေလိုက်တယ်တဲ့။ ကုန်သည်ကြီးရဲ့စကားကို ကြားတော့ကောင်လေးကအရမ်းကို အံ့အားသင့်သွားပြီးသူ့အဖေဆီချက်ချင်းပြန်သွားပြီးဖြစ်ရပ်အားလုံးကို ပြောပြတယ်တဲ့ ကုန်စိမ်းသည်ကငါးထောင်ပေးတယ်ငါးထောင်တန်ကြောင်း၊အပေါင်ဆိုင်ကနှစ်သိန်းတန်တယ်ပြောကြောင်း၊ ကုန်သည်ကြီးကသားလက်မှာ ကိုင်ထားတဲ့ကျောက်တုံးက အင်မတန်မှတန်ဖိုးမဖြတ်နိုင်လောက်အောင်တန်ဖိုးရှိကြောင်း သူ့အဖေကိုပြောပြတယ်တဲ့။ အဲဒီခါမှ အဖေဖြစ်သူက တန်ဖိုးရှိတဲ့ ကျောက်မျက်ရတနာဖြစ်တယ်လို့ပြောလိုက်တယ် အခုသားလေးရဲ့ဘ၀ကို သိနားလည်ပြီလားလို့ပြန်ပြီးမှမေးလိုက်တယ်။သားလေးတစ်ခုမှတ်ထားရမှာက မိမိကိုယ်ကိုယ်နေရာမှန်မှာ မထားဘူးဆိုရင်သားရဲ့ဘဝတန်ဖိုးကလည်း ရှိသင့်ရှိထိုက်သလောက်မရှိဘူးဖြစ်မှာပဲ။ဒီပုံပြင်လေးအတိုင်းပါပဲဒီကနေ့ရဲ့ ကျမ်းစာတော်မြတ်၌ သခင်ခရစ်တော်က မိမိရဲ့ဘဝတန်ဖိုးကို သိရှိနားလည်ပြီးမိမိကိုယ်ကိုယ်နေရာမှန်မိတ်ဆွေအပေါင်းအသင်းမှန်တွေနဲ့နေထိုင်ရှင်သန်ဖို့ရန် ခွန်အားပေးတိုက်တွန်းနေပါတယ်။ကျွန်ုပ်တို့ ဘဝအသက်တာ၌ မိမိကိုဘယ်လောက်ချစ်မြတ်နိုးသလဲမိမိဘဝတန်ဖိုးရှိအောင်ဘယ်လိုအသက်ရှင်နေထိုင်နေလဲဆိုတာကိုအမြဲသတိရဆန်းစစ်သွားကြပါစို့။ဘုရားသခင်ရဲ့မျက်မှောက်တော်မှာကျွန်ုပ်တို့အားလုံးဟာတန်ဖိုးရှိတဲ့သူတွေဖြစ်ကြပါတယ်။အဲဒါကြောင့်ကိုယ့်ကိုယ်ကို ရိုသေမြတ်နိုး တန်ဖိုးထားဖို့အရေးကြီးသလို သူတစ်ပါးကိုလည်းရိုသေလေးစားချစ်မြတ်နိုးဖို့အရေးကြီးပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်။