Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-27 08:55:44

28.6.2023 – 12th Week in Ordinary Time, Wednesday
Matthew 7:15-20
Reflection by Rev. Fr. Rafael Ramirez (S.S.C)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီကနေ့ကျွန်ုပ်တို့ဖတ်ရှုကြားနာရတဲ့ရှင်မာတေဦးခရစ်ဝင်ကျမ်း 7:15-20 ကအင်မတန်မှကိုရှင်လင်းပါတယ်၊သခင်ခရစ်တော်ရဲ့နောက်လိုက်များအနေနဲ့အမှန်တရားအတွက်၊တရားမျှတခြင်းအတွက်၊အများအကျိုးအတွက်သယ်ပိုးဆောင်ရွက်ခြင်း၊လူတစ်ဦးချင်းစီရဲ့ ဂုဏ်သိက္ခာကိုလေးစားတန်ဖိုးထားတတ်ဖို့တွေအတွက် လုပ်ဆောင်ဖို့၊ကျင့်ကြံနေထိုင်အသက်ရှင်ဖို့ဖြစ်ပါတယ်။မိမိရဲ့နေထိုင်သက်ရှင်မှုဟာဒီအရာတွေကနေတွေဖီနေတယ်ဆိုရင်မိမိကိုမိမိသတိမူရမှာက မိမိဟာခရစ်တော်ရဲ့နောက်လိုက်ကောင်း၊ခရစ်ယာန်ကောင်းပီသသူမဟုတ်ဘူးဆိုတာပါပဲ၊ ပါဖြစ်လို့လဲ ဆိုတော့ မိမိရဲ့ အနက်ရှိုင်းဆုံးသော နှလုံးသားထဲမှာ ဘုရားရှင်ကိုကိန်းဝပ်စေတဲ့သူဆိုရင်အထက်ပါပြောတဲ့အချက်တွေကို မျက်ကွယ်ပြုပြီးအသက်ရှင်နေထိုင်နိုင်ခြင်းရှိပါဘူး။ဘုရားရှင်ကို အမှန်တစ်ကယ်ချစ်မြတ်နိုးသူဆိုရင် မတရားမှု မှန်သမျှကိုမျက်ကွယ်မပြုဘူး။ဘုရားရှင်ရဲ့တရားတော်ဟာ ဘာသာရေအတွက်နဲ့ဘာသာရေးအတွင်းမှာပဲ အကျုံးဝင်တာမဟုတ်ပါဘူး။ လူ့လောက၊ဒီကမ္ဘာကြီးနဲ့သက်ဆိုင်တဲ့အလွှာအားလုံး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ တရားရေး၊ဥပဒေပြုရေးအစရှိသဖြင့် အလွှာအားလုံးမှာ ဘုရားရှင်ရဲ့တရားတော်ဟာသက်ရောက်တယ်။သက်ဆိုင်တယ်။ ဘုရားရှင်ရဲ့တရားကို ဘာသာရေးအတွင်းထဲမှာ ကျင့်ကြံရတာမဟုတ်ပါဘူး။ ခုပြောသွားတဲ့ အရာအားလုံးထဲမှာလဲ ကျင့်ကြံရတာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဘုရားရှင်ဟာလူသားကောင်းကျိုးအတွက်လိုလားသူဖြစ်ပါတယ်။ ဒါကြောင့်သမ္မာကျမ်းစာထဲမှာ သခင်ယေဇူးဟာ ဘာသာရေး အစွန်းရောက်တွေဖြစ်တဲ့ဖာရီဇေဦးနဲ့ ဥပပြေုသူတွေ၊ကျမ်းတတ်ဆရာတွေကို ယုတ်ညံ့တဲ့သူတွေလိုအများရှေ့မှာကိုယ်တိုင်ပြောတယ်။ရဟန်းတွေဖြစ်တဲ့ ဖာရီဇေဦးတွေကိုလဲ ဘာသားရေနဲ့အမြတ်ထုတ်သူတွေ၊ ဆင်းရဲသားတွေရဲ့အလှူငွေတွေကို အလွဲသုံးစားပြုလုပ်နေသူတွေ၊အဲဒီအချိန်အခါက မင်းအုပ်စိုးသူဖြစ်တဲ့ ရောမလူမျိုးတွေနဲ့အခွန်ကောက်ခံပေးသူတွေကိုလဲရှုံ့ချတယ်၊ ဥစ္စာပေါများပြီး မာနထောင်လွှားနေသူတွေကိုမနှစ်သက်ဘူး၊ အစာငတ်နေတဲ့သူတွေကို လဲကျွေးမွေးတယ်။ ဖျားနာနေသူတွေကိုလဲကျန်းမာစေချင်တယ်။ကျိုးကမ်းနေသူတွေ မျက်မမြင်သူတွေကိုလဲ ကောင်းစေချင်တယ်။မြင်စေချင်တယ်။ သခင်ယေဇူးရဲ့အသက်တာမှာ ကောင်ကင်နိုင်ငံအတွက် သီးသန့်ပဲတမလွန်ဘဝအတွက် ဘာသာရေးအတွက်ပဲ သီးသန့်ဟောပြောသက်သေခံသွန်သင်ခဲ့တာမဟုတ်ဘူး။ လူသားထုနဲ့သက်ဆိုင်တဲ့အရာအားလုံးမှန်သမျှ၊သဘာဝပတ်ဝန်းကျင်၊ဒီကမ္ဘာကြီးတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အရာအားလုံးမှာလဲဘုရားရှင်ရဲ့တရားတည်ရှိဖို့ကျင့်ကြံနေထိုင်ဖို့ ဒီကနေ့ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေတယ်။ဘာဖြစ်လိုလဲဆိုတော့ကောင်းကင်နိုင်ငံတရားတော်၊ ထာဝရအသက်ရရှိရေးဟာယခုလက်ရှိကမ္ဘာလောကကြီးမှာအသက်ရှင်နေထိုင်မှုနဲ့ဆက်နွယ်နေတယ်။ အဆက်ပြတ်နေတာမဟုတ်ပါဘူး။ဤလောကရဲ့ကောင်းကျိုး၊လူသားအားလုံးရဲ့ကောင်းကျိုးဟာဘုရားရှင်လိုလားတဲ့အရာမို့လို့ပါဘုရားရှင်ဟာ ဘယ်သူ့ကိုမှ မဖျားမနာစေချင်ဘူး။ ဘယ်သူ့ကိုမှလဲအစာရေစာငတ်ပြတ်နေတာမဖြစ်စေချင်ဘူး။အယောက်တိုင်းစီကို မိမိအိမ်ယာနဲ့အေးအေးချမ်းချမ်းလုံလုံခြုံခြုံနေစေချင်တယ်။အရာအားလုံးမှာ တရားမျှတပြီး ပျော်ပျော်ရွှင်ရွှင်နေစေချင်တယ်။ဖျက်လို ဖျက်စီးလုပ်နေတဲ့သူတွေ၊ ဖြစ်စေတဲ့သူတွေဟာ သခင်ခရစ်တော်ရဲ့တရားနဲ့အသက်ရှင်ပြီး နေထိုင်တဲ့သူမဟုတ်သလို ဒီကနေ့သမာကျမ်းစာမှာ သခင်ခရစ်တော်ပြောတဲ့ အသီးအပွင့်ရှိသူမဟုတ်ပါဘူး။ အဲဒီလိုလူမျိုးဟာ ကောက်ကျစ်စဉ်းလဲပြီးလိမ်လည်လှည့်ဖျားမှုတွေနဲ့ ပြည့်နက်နေတဲ့ မစစ်မှန်တဲ့ပရောဖက်တွေလိုလူမျိုး၊မြေခွေးလိုလူးမျိုးလို့ဆိုပါတယ်။ဒီလိုလူမျိုးတွေမဖြစ်ဖို့ကျန်ုပ်တို့ခရစ်ယာန်အနေကျင့်ကြံနေထိုင်နိုင်မှကျွန်ုပ်တို့ရဲ့ယုံကြည်ခြင်းအသက်တာမှာလက်တွေဘုရားရှင်ရဲ့တရားကိုကျင့်ကြံနေထိုင်သူ၊ အသီးအပွင့်ရှိတဲ့ယုံကြည်ခြင်းအသက်တာမှာ နေထိုင်သက်ရှင်သူဖြစ်ပါလိမ့်မယ်။မတရားတာမှန်သမျှကို ဘုရားရှင်မနှစ်သက်ပါဘူး။  ဒါကြောင့်ကျွန်ုပ်တို့တစ်ဦးချင်းစီရဲ့ကျန်ရှိနေသေးတဲ့အသက်တာမှာမိမိနေ့တိုင်းနေထိုင်အသက်ရှင်နေတဲ့ ပတ်ဝန်းကျင်မှာ ဘုးရားရှင်ရဲ့တရားတော်တွေနဲ့တွေဖီနေမှု မှန်သမျှကိုတိုက်ထုတ်ရမှာဖြစ်ပြီး၊သခင်ယေဇူးရဲ့မျက်စိနဲ့တွေ့မြင်နိုင်ဖို့သန့်ရှင်းသောဝိညာဉ်တော်ဆီကနေအလင်းကျေးဇူးတောင်းခံပြီးနေထိုင်အသက်ရှင်ကြရအောင်။သခင်ယေဇူးဟာ ကျွန်ုပ်တို့ရဲ့အပြစ်အတွက်ပဲအသေခံသွားတာမဟုတ်ဘူး မတရားမှုတွေကို ထောက်ပြစိန်ခေါ်ခဲ့လို့ ရောမလူမျိုးတွေနဲ့ အဲချိန်က ဂျူးလူမျိုးတွေက သူ့ကို ကားတိုင်ပေါ်မှာ အသေခံဖို့ အခြေအနေကိုတွန်းပို့ခဲ့တာကို ရဲရဲကြီးလက်ခံပြီး အသေခံသွားခဲ့တယ်ဆိုတာကိုလဲ သတိရကြရအောင်။ဒါကြောင့်သခင်ယေဇူးထံခွန်အားယူပြီးလူသားကောင်းကျိုးနဲ့သက်ဆိုင်တဲ့အရာမှန်သမျှမှာမိမိရဲ့ယုံကြည်ခြင်းအသက်တာဟာ အသီးအပွင့်တွေဝေဆာတဲ့သူဖြစ်နိုင်ဖို့ရန်အတွက်ဆက်လက်ကျေးဇူးတော်တောင်းခံပြီးကြိုစားအသက်ရှင်ကြရအောင်။

Daily Reflection