Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-06-28 07:54:47

29.6.2023 – St. Peter and St. Paul, Solemnity
Matthew 16:13-19
Reflection by Bro. Matthew  Tu Hkawng (SSC)
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဤကျောက်ပေါ်၌ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ ကိုယ်တော်ရှင့်ရဲ့နိုင်ငံတော်အတွက်ကိုယ်တော်ရှင်ရဲ့သတင်းကောင်းကို ကမ္ဘာတစ်လောကလုံးပျံ့စေဖို့သူတို့၏ဘဝအသက်တာ၌ ရွတ်ရွတ်ချွန်ချွန်ကြိုးပမ်းအသက်အသက်ပေးခဲ့ကြသော ရှင်ပေတရုနဲ့ရှင်ပေါလုတို့နှစ်ဦးကိုကျွန်ုပ်တို့ အားလုံးရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါတယ်။ဒီကနေ့ယုံကြည်ခြင်းမျိုးစေ့ကိုကြဲခဲ့သောသူတို့နှစ်ဦးရဲ့ ဘဝအသက်တာပွဲနေ့ကိုကျွန်ုပ်တို့ကျင်းပနေကြပါတယ်။ကျွန်ုပ်တို့ အသင်းတော်ကြီးက သခင်ခရစ်တော်ဟာကျွန်ုပ်တို့နဲ့အတူရှိသောဘုရားအသက်ရှင်သောဘုရားရဲ့သားတော်ဖြစ်တယ်ဆိုတဲ့ယုံကြည်ခြင်းကျောက်ဆောင်မှာရပ်တည်နေပါတယ်။ဒီယုံကြည်ချက်ကိုလူမျိုးခြားဘာသာပများထံသို့ပျံ့နှံ့စေဖို့ရန်ရှင်ပေါလုနဲ့တကွများစွာသောယုံကြည်သောကိုယ်တော်ရှင်ရဲ့နောက်လိုက်များကဝိုင်းဝန်းကြိုးပမ်းခဲ့ကြပါတယ်။ရှင်ပေတရုရဲ့ဘာဝသက်တာကိုထောက်ရှုစဉ်းစားကြည့်ရင်သူဟာနေ့စဉ်စားဝတ်နေရေးထမင်းတလုတ်စာအတွက်ရုန်းကန်လှုပ်ရှားရတဲ့သာမန်တံငါသည်တစ်ဦး ဖြစ်ပါတယ်။ဒါပေမဲ့သခင်ခရစ်တော်ရဲ့ခေါ်သံကိုကြားပြီးနောက်သူ့ရဲ့ ပိုင်ဆိုင်မှုအားလုံးကိုစွန့်ခွါပြီးခရစ်တော်နောက်ကိုလိုက်ခဲ့ပါတယ်။သူ့ရဲ့ ဘဝအသက်တာတစ်ခုလုံးသခင်ခရစ်တော်ထံအပ်နှံပြီးနောက်သူဟာလူကိုဖမ်းတဲ့ တံငါသည်ဖြစ်လာခဲ့ပါတယ်။ထို့အပြင်သခင်ခရစ်တော်ကိုယ်၌က သူ့ရဲ့အသင်းတော်တစ်ခုလုံးကိုစိန့်ပီတာရဲ့လက်ထဲကိုအပ်နှံခဲ့ပါတယ်။ဒီကနေ့ကျွန်ုပ်တို့ဟာဒီအသင်းတော်ရဲ့တစ်စိတ်တစ်ပိုင်းအဖွဲ့ဝင်တစ်ဦးချင်းစီဖြစ်ကြပါတယ်။ရှင်ပေါလုကလည်းယုံကြည်သူသခင်ခရစ်တော်ရဲ့နောက်လိုက်ခရစ်ယာန်တွေအားလုံးကိုသနားကြင်နာမဲ့စွာနှိပ်စက်ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါပေမဲ့သခင်ခရစ်တော်ရဲ့အဆင်းအာရုံကိုလက်ခံရရှိခဲ့ပြီးနောက်သူဟာအကြီးမားဆုံးသောခရစ်ယာန်သာသနာပြုဖြစ်လာခဲ့ပါတယ်။လူမျိုးခြားတို့အားခရစ်ယာန်ယုံကြည်ခြင်းကို မိတ်ဆက်ပေးခဲ့ပါတယ်။သူရဲ့ဦးခေါင်းဖြတ်ခံရခဲ့သည့်တိုင်အောင်ယုံကြည်ခြင်းကိုသက်သေခံခဲ့သူတစ်ဦးဖြစ်ပါတယ်။ကျွန်ုပ်တို့နေထိုင်တဲ့ကမ္ဘာကြီးမှာနိုင်ငံတိုင်းလူမျိုးတိုင်းမှာခေါင်းဆောင်ရှိကြပါတယ်။အထူးသဖြင့်ကျွန်ုပ်တို့ယုံကြည်သူဘာသာဝင်များအတွက်စိန့်ပီတာနဲ့စိန့်ပေါလ်ဟာကျွန်ုပ်တို့ယုံကြည်ခြင်းရဲ့သူရဲကောင်းကြီးဖခင်ကြီးများဖြစ်ကြပါတယ်။ဒီကနေ့ကျမ်းစာတော်မြတ်ရဲ့ဖိတ်ခေါ်ချက်ကတော့ကျွန်ုပ်တို့ခရစ်ယာန်ဘာသာဝင်ခရစ္စတူးသခင်ရဲ့နောက်လိုက်များဖြစ်ကြတဲ့ကျွန်ုပ်တို့ ဘ၀ အသက်တာမှာမိမိရဲ့အချိန်တွေလုပ်ဆောင်မှုများကိုကိုယ်တော်ရှင်ဘုရားအတွက် ဘယ်လောက်ထိပေးဆပ်နိုင်သလဲလို့မေးမြန်းဆန်းစစ်ဖို့လိုပါမယ်။စိန့်ပီတာနဲ့ စိန့်ပေါလ်ကဲ့သို့မိမိရဲ့ယုံကြည်ခြင်းကိုဘယ်လောက်ထိရဲရဲဝံ့ဝံ့သက်သေခံနိုင်သလဲလို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ထို့အပြင်မိမိတို့ရဲ့နေ့စဉ်အသက်တာတွင်သူတစ်ပါးနဲ့ပြောဆိုဆက်ဆံရာ၌ ကိုယ်တော်ဘုရားရဲ့အလိုတော်အတိုင်းသင်ကြားမှုတိုင်းကျင့်ကြံနေထိုင်နိုင်ဖို့ ခွန်အားကျေးဇူးတော်များကိုတောင်းခံလျှက်ယုံကြည်ခြင်းလက်တွေ့သက်သေခံသွားကြပါစို့။အားလုံးကိုကျေးဇူးတင်ပါတယ်။

Daily Reflection