Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-02-03 07:26:02
#ဖေဖော်ဝါရီလ (၄) ရက် / ကြာသပတေးနေ့ ၂၀၂၁
#ဧဝံဂေလိကျမ်း / ရှင်မာကု ၆း ၇-၁၃
#Rev. Brian Joseph, MS
Posted by M Sulatthtwe

ကိုယ်တော်သည် တပည့်တော်ကြီး  တစ်ဆယ့်နှစ်ပါးကို အထံတော်သို့ ခေါ်၍  သူတို့ကိုနှစ်ပါးစီ စေလွှတ် တော်မူတယ်လို့  ဖော်ပြထားပါတယ်။ သခင်ယေဇူးရဲ့ စေလွှတ်ခြင်းဟာဆိုရင် သူ့တပည့်တော်ကြီးတွေကိုပဲ စေလွှတ်သက်သေခံခိုင်းတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ တစ်ဦးချင်းစီကိုလည်း  သခင်ယေဇူးကိုယ်တိုင်က စေလွှတ်နေတယ်ဆိုတာကို ကျွန်တော်တို့ သိရှိရမှာပဲ ဖြစ်ပါတယ်။ သာသနာပြုခြင်းဆိုတာ ရဟန်း၊ ကိုရင်၊ သီလရှင်၊ သူတော်စင်တွေရဲ့ အလုပ်ပဲ ဖြစ်တယ်ဆိုတဲ့အချက်ဟာ အလွန်မှားယွင်းတဲ့ထင်မြင်ချက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာလည်း  သာသနာပြု စေလွှတ်ခြင်းခံရတဲ့သူတွေ၊ ဘုရားသခင်ရဲ့နောက်လိုက် တပည့်တော်တွေပဲ ဖြစ်ပါတယ်။ သခင်ယေဇူးက ကျွန်တော်တို့ တစ်ဦးချင်းစီကို ချစ်ခြင်းမေတ္တာပြ အစေခံတတ်တဲ့ သူတွေဖြစ်ဖို့  စေလွှတ်နေပါတယ်။ သူတပါးအပေါ်  မိမိနဲ့နီးစပ်တဲ့သူတွေအပေါ်မှာ ချစ်ခြင်းမေတ္တာ၊ နားလည်တတ်ခြင်း၊ ကူညီရိုင်းပင်းတတ်ခြင်းစတဲ့ ခရစ်တော်ရဲ့ တရားတော်ကို ဖော်ပြသက်သေခံ ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီမှာ တာဝန်ဝတ္တရားရှိပါတယ်။ ဒီလိုအရာတွေကို မိမိဖက်ကနေသူ တပါးအပေါ်မှာ ပြသနေထိုင် အသက်ရှင်ခြင်းဟာဆိုရင် သခင်ယေဇူးရဲ့ သာသနာပြု လုပ်ငန်းမှာ ကျွန်တော်တို့ ကိုယ်တိုင်ပါဝင် လုပ်ဆောင်နေခြင်းပဲ ဖြစ်ပါတယ်။ ကြီးမားတဲ့ သာသနာပြု ခြင်းတွေ ကျွန်တော်တို့ဘဝမှာ မလုပ်ဆောင်နိုင်ရင် နေပါစေ။ ဒီလိုသေးငယ်တဲ့အရာ၊  လူတွေလိုအပ်နေတဲ့ အရာတွေကို မိမိရဲ့ နေ့စဉ်ဘဝအသက်တာမှာ သူတပါးအပေါ် နဲ့ ကိုယ်နဲ့နီးစပ်နေတဲ့ သူတွေအပေါ်မှာ ချစ်ခြင်းမေတ္တာပြခြင်း၊ နားလည်တတ်ခြင်း၊ ကူညီရိုင်းပင်းတတ်ခြင်း ဆိုတဲ့ သခင်ယေဇူးရဲ့  စိတ်နေစိတ်ထားကို ပြသပြီး မိမိဘဝကို အကောင်းဆုံး ရှင်သန်နေထိုင်နိုင်ကြပါစို့ လို့ ခွန်အားပေးလိုက်ပါတယ်……

 #Rev. Brian Joseph, MS

Daily Reflection