30.6.2023 – 12th Week in Ordinary Time, Friday /၁၂ ကြိမ်မြောက် သာမန်ကာလသောကြာနေ့
Matthew 8:1-4
Reflection by Rev. Fr. Rafael Ramirez (S.S.C)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
သခင်ယေဇူးက နူနာစွဲကပ်နေတဲ့ လူတစ်ဦးကိုကုသပျောက်ကင်းစေတဲ့အကြောင်း ဒီကနေ့ရဲ့ဧဝံဂေလိကျမ်းမှာဖတ်ရှုကြားနာရတာဖြစ်ပါတယ်။အဲဒီနူနာစွဲကပ်နေသူဟာသူ့ရဲ့သခင်ယေဇူးနဲ့ဆုံတွေ့မှုကသူ့ရဲ့ဘဝတစ်ခုလုံးကိုအကြီးအကျယ်ပြောင်းလဲစေပါတယ်။သခင်ယေဇူးက သူ့ရဲ့ အနာရောဂါကနေ ပျောက်ကင်းစေယုံတာမက သူ့ကိုဘုရားရှင်ရဲ့သားသမီးအဖြစ်သို့ပြန်လည်ဖိတ်ခေါ် ခြင်းခံခဲ့ရပါတယ်။သူ့ရဲ့နူနာရောဂါကြောင့် သူဟာ လူအများ၊ လူ့အဖွဲ့အစည်ရဲ့ ပြင်ပကိုအလိုလိုဖယ်ထုတ်ခြင်းခဲ့ရတယ်။ဒီနေရာမှကျွန်ုပ်တို့တစ်ဦးချင်းစီသတိရရမှာကကျွန်ုပ်တို့ ရဲ့အပြစ်ဟာကျွန်ုပ်တို့ကို မိမိရဲ့မိသားစု၊လူမျိုး၊ လူ့အဖွဲ့အစည်းနဲ့ အသင်းတော်ကနေဝေးကွာသွားစေနိုင်တယ်ဆိုတာပါပဲ၊ဒါကြောင့် အမိကက်သလစ်အသင်းတော်မှာမိမိတစ်ဦးတည်းဘုရားကို ယုံကြည်ကိုးကွယ်နေယုံမရပါဘူး၊အဖွဲ့အစည်းနဲ့သွားလာဖို့အသင်းတော်တစ်ခုလုံးနဲ့တစ်လုံးတစ်ဝတည်းနေထိုင်အသက်ရှင်ဖို့လိုအပ်ပါတယ်။ဆိုရိုးစကားရှိသလို “ငါ့မြင်းငါဆိုင်း စကိုင်းရောက်ရောင်”ဆိုတာမျိုးမရပါဘူး။သခင်ယေဇူးက အသင်းအဖွဲ့နဲ့၊ အများနဲ့အတူနေထိုင်အသက်ရှင်ဖို့လိုလားတဲ့အတွက်ကြောင့်သူ့ရဲ့တပည့်တော်ကြီးများအဖွဲ့ကိုတည်ဆောက် တယ်။ သမ္မာကျမ်းစာထဲမှာသူ့ရဲ့နောက်လိုက်သားများကို တစ်မူထူးခြားစွာ တည်ထောင်တယ်။ ရောမလူမျိုးအဖွဲ့အစည်းလို အာဏာနဲ့ဥစ္စာတွေနဲ့ပဲတည်ဆောက်တာမဟုတ်ပါဘူး။ ချစ်ခြင်းမေတ္တာပေါ် အခြေခံတဲ့အသင်းတော်ကိုတည်ဆောက်စေတယ်။ ကက်သလစ်အသင်းတော်ဟာ သခင်ယေဇူး ကိုယ်တော်တိုင်တည်ထောင်ထားတဲ့အသင်းတော်ဖြစ်တဲ့အတွက်မိမိဟာအသင်းတော်နဲ့တစ်လုံးတစ်ဝတည်း မိမိရဲ့သာသနာ၊ဘုန်းတော်ကြီးပိုင်နယ်၊အဖွဲ့အစည်းနဲ့ မပါဝင်ချင် ခွဲထွက်ခြင်ပြီဆိုရင် မိမိကို မိမိပြန်ဆန်းစစ်ရသလို၊မိမိ(သို့) အဖွဲ့အစည်းမှာ အပြစ်ဆိုတဲ့အရာတည်ရှိကိန်းအောင်းနေပြီဆိုတာကိုသတိရရပါမယ်။ ဒါကြောင့် အသင်းတော်မှာအာပတ်ဖြေခြင်းစက္ကရင်မင်းတူးကိုသခင်ယေဇူးကိုယ်တော်တိုင်သူ့ရဲ့တရားနဲ့ ညီညွတ်စွာဖွဲ့စည်တည်ဆောက်ထားတာဖြစ်ပါတယ်။ အာပတ်ဖြေကြားနာတဲ့ ရဟန်းဟာ အသင်းတော် တစ်ခုလုံးကို ကိုစားပြုတာဖြစ်ပါတယ်။ ဘာဖြစ်လို့ အသင်းတော်ဆီမှာ၊ဘုန်းတော်ကြီးတွေဆီမှာ အပြစ်ဖြေရတာလဲ။ ဘုရားဆီမှာ တိုက်ရိုက်ဖြေလဲရတဲ့ဟာကိုလို့တမာန်ကာလျှံကာတွေးမိလိမ့်မယ်။အပစ်ဆိုတဲ့အရာဟာ ဘုရားကိုပဲပစ်မှားမိခဲ့တာမဟုတ်ဘူး၊တစ်ပါသူကိုနစ်နာစေတယ်နာကျင်စေတယ်။ထိခိုက်စေချင်တယ်။ မိမိတစ်ဦးတည်းပြုလုပ်လို့ရတဲ့အပြစ်ဆိုတာမှမရှိတာ၊ အပြစ်ဆိုတဲ့မကောင်းမှုအစီစဉ်တစ်လျှောက်မှာ တစ်ခြားသူ (သို့)နောက်လူတစ်ဦးက တစ်နည်းမဟုတ်တစ်နည်းပါဝင်နေတယ်။ထိခိုက်နှစ်နာနေပြီ၊ အဲဒီလူပ္ပုဂ္ဂလ်ဟာ လူ့အဖွဲအစည်းထဲကတစ်ဦး၊ အသင်းတော်ထဲက အဖွဲ့ဝင်တစ်ဦးလဲဖြစ်တဲ့အတွက်ကြောင်း မိမိဟာ အပြစ်ပြုမိတဲ့အခါ အသင်းတော်ကိုလဲထိခိုက်ပြီးသားဖြစ်နေတဲ့အတွက်ကြောင့် လူသားနဲ့ဘုရားရှင်ကို ကိုစားပြုသူအသင်းတော်ထံ၊ရဟန်းထံမှာ အပြစ်ဖြေပြီး မိမိနဲ့ ဘုရားရှင်ကြား၊ မိမိနဲ့အသင်းတော်အဖွဲ့အစည်းကြားပြန်လည်ကြေအေးပြီး အသင်းတော်ဆိုတဲ့အဖွဲ့အစည်းမိသားစုထဲ ပြန်လည်ဝင်ရောင်ခွင့်ရတာဖြစ်ပါတယ်၊ ဒီကနေ့သမ္မာကျမ်းစာထဲက နူနာစွဲကပ်နေသူကိုလည်းသခင်ယေဇူးက သူ့ရဲ့ နူနာဆိုတဲ့အပြစ်ကို ကုသပေးလိုက်ခြင်းအားဖြင့် သူ့ရဲ့မူလမိသားစုထဲ၊ လူ့အဖွဲ့အစည်းထဲပြန်လည်ဝင်ရောက်ခွင့်ကိုရခဲ့ပါတယ်။ဒီကနေ့ကျွန်ုပ်တို့တစ်ဦးချင်းစီတိုင်းမှာ နူနာရောဂါဖြစ်တဲ့အနာရောဂါအပြစ်တွေ အများကြီးရှိပါတယ်။ကျွန်ုပ်တို့ ကုသခြင်းခံယူရပါမယ်။ ဒါကြောင့်ကျွန်ုပ်တိုတစ်ဦးချင်းစီဟာလည်းသမ္မာကျမ်းစာထဲကနူနာစွဲကပ်နေသူလိုပဲ“ကိုယ်တော့်အလိုတော်အတိုင်းအကျွန်ုပ်ကို သန့်ရှင်းစေတော်မူပါ၊ကုသပေးတော်မူပါ”လို့ ဒီနေ့သခင်ယေဇူးထံတောင်းခံကြရအောင်။ကိုယ်တော်ရှင်ကုသပေးမှာသေချာပါတယ်။ကျွန်ုပ်တို့ရဲ့အပြစ်ဖြစ်တဲ့အနာတရားမကျန်းမမာခြင်းတွေနဲ့နေထိုင်သက်ရှင်နေမှုကိုမလိုလားမနှစ်မျို့လို့ပါပဲ။ဥပမာဆိုကြပါစို့ မိမိချစ်ခင်တဲ့သူရဲ့ခြေထောက်မှာအနာစိမ်းအကြီးကြီးပေါက်နေပြီး အဲဒီသူဟာအနာအဆိပ်တက်ပြီး မစားနိုင်မသောက်နိုင်၊မသွားမလာနိုင်တဲ့ တစ်မြေ့မြေ့ခံစားနေရတာကို မိမိခံစားပြီးကြည့်နေနိုင်လား။ဘုရားရှင်လဲ အဲလိုပဲ ကြည့်မနေနိုင်ဘူးလို့ ကျွန်ုပ်ယုံကြည်ပါတယ်။သူဟာကျွန်ုပ်တို့တစ်ဦးချင်းစီကို ချစ်လွန်းလို့ သူ့ရဲ့အသက်နဲ့အာမခံရွေးထားပြီးပြီပဲ။ ကျွန်ုပ်တို့ရဲ့အနာတွေကိုသခင်ယေဇူးရဲ့ရှေ့မှာ ရဲရဲကြီးဖွင့်ချပြီး“ကိုယ်တော်အလိုတော်ရှိသည့် အတိုင်းကုသပေးတော်မူပါလို့”တောင်းခံကြရအောင်။