1.7.2023 – 12th Week in Ordinary Time, Saturday
၁၂ ကြိမ်မြောက် သာမန်ကာလ၊ စနေနေ့
ဧဝဂေလိကျမ်း ။ ။ မာတေးဦး ၈း ၅-၁၇, Matthew 8:5-17/ပထမကျမ်း ။ ။ ကမ္ဘာ ၁၈း ၁-၁၅
Reflection by Sr. Judith, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကိုယ်တော်သည်ကာဗာနာအုပ်မြို့သို့ကြွဝင်တော်မူသောအခါလူတစ်ရာတပ်မှူးတစ်ယောက်သည်အထံတော်သို့ချည်းကပ်ပြီးလျှင်သခင်၊အကျွန်ုပ်၏အစေခံတစ်ယောက်သည်လေဖြတ်သည်ရောဂါဖြင့်ဝေဒနာပြင်းထန်စွာခံစားလျက်အိမ်တွင်လဲလျောင်းနေပါသည်ဟုလျှောက်ထားလေ၏။ထိုအခါကိုယ်တော်ကငါလာ၍ထိုသူကိုကုသပျောက်ကင်းစေမည်ဟုသူ့အားမိန့်တော်မူ၏။သို့သော်လူတစ်ရာတပ်မှူးကပြန်၍လျှောက်သည်မှာသခင်၊အကျွန်ပ်၏အိမ်မိုးအောက်သို့ကိုယ်တော်ကြွဝင်တော်မူခြင်းကိုအကျွန်ပ်မခံထိုက်ပါ။သို့သော်တစ်ခွန်းမျှသာအမိန်ရှိတော်မူပါလျှင် ကျွန်ုပ်၏အစေခံသည်ရောဂါ ပျောက်ကင်းပါလိမ့်မည်။ထောက်ရှုချက်။ဒီကနေ့ဝဂေလိကျမ်းမှာတပ်မှူးတစ်ဦးဟာနာမကျန်းဖြစ်နေတဲ့သူရဲငယ်သားတစ်ယောက်ကိုကုသပေးဖိုးသခင်ခရစ်တော်ကိုလာရောက်တောင်းဆိုပါတယ်။တပ်မှူးသည်သူ့ရဲ့ငယ်သားအပေါ်မှာ ထားရှိသောသနားကြင်နာမှု၊ဂရုစိုက်မှု၊ငယ်သားပြန်လည်ကျန်းမာအောင်မျှော်လင့်ချက်ကြီးစွာဖြင့်သခင်ယေဇူးရောက်လာတာနဲ့အခွင့်ထူးရခဲ့တယ်။တပ်မှူးကသခင်ခရစ်တော်သူ့ရဲ့အိမ်ကိုကြွလာစရာမလိုဘဲနဲ့သခင်ခရစ်တော်ရဲ့စကားတစ်ခွန်းနဲ့ ရောဂါပျောက်ကင်းမယ်ဆိုသူတာကိုယုံကြည်တယ်။ကျွန်ုပ်တို့ လည်းတစ်ပါးသူအကူအညီတောင်းတဲ့အချိန်ရှိလိမ့်မယ်လို့ထင်ပါတယ်။ ကိုယ်တောင်းလိုက်တဲ့အရာတစ်ခု၊ချက်ချင်းရပါ့မလားဆိုတဲ့အတွေးတော့ရှိခဲ့မယ်ဆိုရင်သူ့အပေါ်မယုံကြည်လို့၊ စိတ်မချလို့ဘဲ၊ ကိုယ်ရဲ့ယုံကြည်မှုအားနည်းတာလည်းပါတယ်ပေါ့။ဒါပေမဲ့တပ်မှူးတော့အဲလိုစိတ်မရှိပဲ ပြီးတောင်းခဲ့တာဖြစ်တယ်။တပ်မှူးရဲ့ယုံကြည်ခြင်းကိုသခင်ခရစ်တော်ကအံ့သြချီးမွမ်းခဲ့တယ်။ယုံကြည်ခြင်းဆိုတာတစ်စုံတစ်ယောက်စကားကိုလက်ဆုပ်လက်ကိုင်ထားခြင်းဖြစ်တယ်။ ဘုရားသခင်ရဲ့စကားကိုအကြွင်းမဲ့လက်ဆုပ်လက်ကိုင်ထားခြင်းဖြစ်တယ်။မမြင်မတွေ့ရ၊မခံစားရသေးပေမဲ့၊အကြွင်းမဲ့ယုံကြည်ခြင်းမျိုးဖြစ်တယ်။ဒီကနေ့ဖတ်ရှုရတဲ့ကျမ်းစာထဲကသခင်ခရစ်တော်ရဲ့စကားကိုတပ်မှူးကလက်ဆုပ်ကိုင်ထားတဲ့ယုံကြည်ခြင်းနဲ့ ဘုရားအပေါ်ကျွန်ုပ်တို့ယုံကြည်အားကိုးကြပါစို့။