Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-02 06:20:08

3.7.2023 – 13th Week in Ordinary Time, Monday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ တနင်္လာနေ့ ၊ တမန်တော်ကြီး စိန့်သောမတ်စ်ပွဲနေ့
ဧဝံဂေလိကျမ်း ။   ။ ရှင်ယောဟန်  ၂၀း ၂၄-၂၉
Reflection by Sr.Benedetta OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ပထမကျမ်း။ ဧဖက် ၂၀ ၁၉ ၂၂

တစ်ဆယ့်နှစ်ပါးတွင်တစ်ပါးအပါအဝင်ဖြစ်သောဒီးဒီမုဟုခေါ်သည်။ ယေဇူးကြွလာတော်မူသောအချိန်တွင်သူတို့နှင့်အတူမရှိချေ။သို့ဖြစ်၍အခြားသောတပည့်တော်တို့ကအကျွန်ုပ်တို့သည် သခင်ဘုရားကိုဖူးမြင်ကြရသည်ဟုသူ့အားဆိုကြ၏။သို့သော် သောမတ်စ်ကကိုယ်တော်၏လက်တော်၌ သံရိုက်ရာကို အကျွန်ုပ်မမြင်ရလျှင်၊သံရိုက်ထဲသို့အကျွန်ုပ်၏လက်ညိုးကို မသွင်းရလျှင်၊ကိုယ်တော်၏နံဘေးတော်ကို အကျွန်ုပ်လက်ဖြင့်မစမ်းသပ်ရလျှင်အကျွန်ုပ်ယုံကြည်လိမ့်မည်မဟုတ်ဟု သူတို့အားဆိုလေ၏။ ရှစ်ရက်မြောက်သောနေ့၌တပည့်တော်တို့သည်အိမ်အတွင်း၌တစ်ဖန် ယေဇူးလည်းသူတို့နှင့်အတူရှိ၏။ တံခါးများပိတ်ထားလျှက်ရှိသော်လည်းယေဇူး သည်ကြွလာပြီးလျှင်အလယ်၌ရပ်တော်မူလျှက်သင်တို့၌ ငြိမ်းချမ်းသာယာခြင်းရှိစေဟုသူတို့အားမိန့်တော်၏။ထို့နောက်ကိုယ်တော်ကသောမတ်စ် သင်၏လက်ညိုးကိုဤနေရာ၌သွင်း၍ငါ၏လက်များကိုကြည့်လော့။သင်၏လက်ကိုလည်းဆန်း၍ ငါ၏နံဘေးကိုစမ်းသပ်လော့။ယုံမှားသံသယမဖြစ်လေနှင့်၊ယုံကြည်လော့ဟုမိန့်တော်မူ၏။သောမတ်စ်ကလည်းအကျွန်ုပ်၏သခင်၊ အကျွန်ုပ်၏ဘုရားပါတကားဟုကိုယ်တော်အားပြန်၍ လျှောက်လေ၏။ယေဇူးကလည်းသင်သည်ငါ့ကို မြင်ရသောကြောင့် ယုံကြည်သလော့။ မမြင်ရဘဲ ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ဟုမိန့်တော်မူ၏။*ထောက်ရှုချက်*ယုံကြည်ခြင်းဆိုတာမျက်စိနဲ့မမြင်နိုင်တဲ့အရာကိုယုံကြည်ပြီးအဲဒီယုံကြည်ခြင်းဟာမိမိအတွက်တနေ့နေ့မှာကောင်းကင်နိုင်ငံတော်ရဲ့ဆုလာဘ်ကိုခံစားရစေမှာဖြစ်ပါတယ်။ဒီကနေ့ကျွန်ုပ်တို့ရဲ့အသင်းတော်ကြီးဟာတမန်တော်ကြီးတစ်ဆယ့်နှစ်ပါးထဲကတစ်ပါးဖြစ်တဲ့ သောမတ်စ် ရဲ့ပွဲနေ့ကိုကျင်းပကြပါတယ်။ တမန်တော်ကြီးသောမတ်စ်ဟာသူ့ရဲ့ဆရာသခင်ဖြစ်တဲ့ခရစ်‌တော်ကြွလာတဲ့အချိန်မှာသူသည်အခြားတမန်တော်တွေနဲ့အတူမရှိတဲ့အတွက်အခြားတမန်တော်တွေကငါတို့ဆရာသခင်ကိုဖူးမြင်တွေ့ရတယ်ပြောပေမဲ့သူသည် သခင်ခရစ်တော်ရဲ့ဒါဏ်ရာဒါဏ်ချက်ကိုသူ့လက်ညိုးနဲ့မထိရ၊သူ့မျက်စိနဲ့သူကိုယ်တိုင်မမြင်ရရင်မယုံဘူးလို့သူပြောခဲ့တယ်။ တခါတလေကျွန်ုပ်တို့ဘဝမှာလည်းသောမတ်စ်လိုဘဲယုံမှားသံသယရှိကောင်းရှိနိုင်တယ်။အထူးသဖြင့်ဒီလိုအခက်ခဲဆုံးအခြေအနေကြုံရတဲ့အချိန်၊ကျွန်ုပ်လိုချင်ဖြစ်ချင်တာမရလာတဲ့အချိန်မှာဆိုစိတ်ဓါတ်ကျတယ်၊။ဘုရားသခင်ပေါ်ယုံကြည် မှုလျော့နည်းလာတယ်။သို့သော်ဒီကနေ့ကျမ်စာထဲမှာဖတ်ရှုရတဲ့အတိုင်း မမြင်ပဲယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏ဟုမိန်တော်မူ၏။ကျွန်ုပ်တို့အရှင်သခင်ဟာ သေခြင်းတရားကိုအောင်နိုင်ပြီးကျွန်ပ်တို့အတွက်ရှင်ပြန်ထမြောက်ခဲ့ပြီ။ဒါကြောင့်ကျွန်ုပ်တို့လည်းသခင်ခရစ်တော်ကြွလာတဲ့အချိန်သူတို့မြင်တွေ့နိုင်ရန်သောမတ်စ်ကဲ့သို့ အကျွန်ုပ်၏ ဘဝတွင်သခင်ခရစ်တော်ကို အစဉ်အမြဲသိမှတ်ဝန်ခံရင်း ခရစ်တော်ကိုတစ်ကမ္ဘာလုံးသိအောင်ဟောပြောသက်သေခံကြပါစို့။

Daily Reflection