4.7.2023 – 13th Week in Ordinary Time, Tuesday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ အင်္ဂါနေ့
ဧဝံဂေလိကျမ်း ။ ။ ရှင်မာတေးဦး ၈း၂၃-၂၇
Reflection by Sr. Francisca Polo OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
တပည့်တော်တို့သည်အထံတော်သို့ချဉ်းကပ်၍ ကိုယ်တော့်ကိုနှိုးပြီးလျှင်သခင်ကယ်တော်မူပါ၊တပည့်တော်တို့သည် ပျက်စီးခြင်းသို့ရောက်ရပါတော့မည်ဟုအသနားခံကြ၏။ (မာတေးဦး ၈း၂၅)**ထောက်ရှုချက်***.ကျွန်ုပ်တို့ဘဝအသက်တာတွင်နံနက်အိပ်ယာနိုးချိန်မှအစညအိပ်ယာဝင်ချိန်အထိပူပင်သောကများနှင့်ပြည့်နှက်နေစမြဲဖြစ်သည်။အထူးသဖြင့်လက်ရှိမြန်မာနိုင်ငံအခြေအနေအရ ကျွန်ုပ်တို့သည်ပို၍ပင်ပူလောင်ခက်ခဲနေချိန်ဖြစ်သည်။ယနေ့ ဧဝံဂေလိနှုတ်ကပါတ်တော်မြတ်၌ တပည့် တော်တို့၏အော်ဟစ်တောင်းလျှောက်သည့်အသံသည်ကျွန်ုပ်တို့၏စိတ်နှလုံးအတွင်း၌ မိနစ်စက္ကန့်အချိန်တိုင်းပဲ့တင်ထပ်လျက်ရှိနေသည်။မိမိကိုယ်ကိုဘုရားသခင်အားယုံကြည်အပ်နှံပူဇော်ခြင်းထက်ပူလောင်သောကများဖြင့်ဘုရားသခင်အား ပူဆာနေ သည်ကသာ၍များလှသည်။မိမိအထင်မိခင်ရင်ခွင်ထဲ၌ စိတ်ချလုံခြုံစွာအိပ်နေသည့်ကလေးသူငယ်၏အလှတရားသည်တုနှိုင်းမမှီသည့်ပန်းချီကားတစ်ချပ်ပမာဖြစ်သည်။ ယနေ့ပထမကျမ်းစာတော်မြတ်၌လည်းဘုရားသခင်၏ ကယ်တင်တော်မူခြင်းလုပ် ငန်းသည်လူတို့၏အသိဉာဏ်ပညာသဘာဝတရားထက်ကျော်လွန်၍အံ့ဖွယ်စွာဖော်ဆောင်ခဲ့သည်။ ထို့ကြောင့်မိမိ၏ပူဆွေးသောကများအားဘုရားသခင်ထံယုံကြည်ကိုးစားလျက်ပူဇော်အပ်နှံသွားကြပါစို့။