5.7.2023 – 13th Week in Ordinary Time, Wednesday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ ဗုဒ္ဓဟူးနေ့
ဧဝံဂေလိကျမ်း ။ ။ Mt.8:28-34
Reflection by Sr. Rose Mary Maw Myar, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
“ကိုယ်တော်ကလည်း သွားကြလော့ဟုသူတို့အား မိန့်တော်မူ၏။”သခင်ခရစ်တော်ကနတ်ဆိုးတွေကို အမိန့်ပေးခဲ့တာဖြစ်ပါတယ်။နတ်ဆိုးစီးခံရတဲ့သူနှစ်ဦးဟာနတ်ဆိုးရဲ့အုပ်စိုးမှု၊အသုံးပြုမှုကိုခံနေရပါတယ်။အရာအားလုံးအပေါ်အုပ်စိုးတဲ့ဘုရားနဲ့တွေ့တဲ့အခါအမိန့်တော်ကိုနာခံပြီးချက်ချင်းထွက်သွားကြတယ်။ကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင် သို့မဟုတ်ကျွန်ုပ်တို့ကိုယ်တိုင်အထဲမှာလည်းနတ်ဆိုးဝင်ရောကအုပ်စိုးတဲ့အချိန်ရှိပါတယ်။ဘုရားကိုအုပ်စိုးခွင့်မပြုတဲ့အခါ၊အပြစ်တွေပြုတဲ့အခါတိုင်းကိုယ့်ရဲ့စိတ်၊ခြေတွေ၊ လက်တွေကိုနတ်ဆိုးအသုံးပြုဖို့ပေးထားတာနဲ့အတူတူပါပဲ။အပြစ်ထဲယိမ်းယိုင်တတ်တဲ့လူရဲ့အားနည်းချက်ကြောင့်တစ်နေ့တာကို ဘုရားကျေးဇူးတော်မပါဘဲအစမပြုပါနဲ့။အပြစ်ထဲအလွယ်တကူကျရောက်နိုင်ပါတယ်။ဒါကြောင့်အရာရာကိုစိုးပိုင်တော်မူတဲ့ ဘုရားကိုနေ့သစ်တိုင်းကျေးဇူးတော်ချီးမွမ်းပြီး၊နတ်ဆိုးရဲ့စိုးမိုးမှုအရိပ်အောက်ကနေလွတ်မြောက်ဖို့တစ်နေ့တာကို သူ့လက်ထဲအပ်နှံရင်း လျှောက်လှမ်းကြပါစို့။