Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-05 04:58:33

6.7.2023 – 13th Week in Ordinary Time, Thursday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ ကြာသပတေးနေ့
ဧဝံဂေလိကျမ်း ။   ။ ရှင်မာတေးဦး ၉း၁-၈
Reflection by Sr. Mathilda OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ကိုယ်တော်သည်လှေပေါ်သို့တက်တော်မူ၍ပင်လယ်ကိုဖြတ်ကူးပြီးနောက် မိမိ၏နေရင်းမြို့သို့ရောက်တော်မူ၏။ထိုအခါအိပ်ရာပေါ်တွင် လဲနေသည့်လေဖြတ်နေသောသူတစ်ဦးကို ကိုယ်တော်ထံသို့သယ်ဆောင်လာကြလေ၏။ ယေဇူးသည်လည်းထိုသူတို့၏ယုံကြည်ခြင်းကိုမြင်တော်မူလျှင် လေဖြတ်နေသောသူအား ငါ့သား၊အားမငယ်နှင့်၊သင်၏အပြစ်များကိုခွင့်လွှတ်ခြင်းခံရလေပြီဟုမိန့်တော်မူ၏။ထိုအခါကျမ်းတတ်ဆရာအချို့တို့ကဤသူသည် ဘုရားသခင်ကိုထိခိုက်၍ပြောဆိုသည်ဟုမိမိတို့စိတ်ထဲ၌ ဆိုကြ၏။သို့ရာတွင်ယေဇူးသည်ထိုသူတို့၏စိတ်ထဲမှအတွေးကိုသိမြင်တော်မူ၍သင်တို့သည်အဘယ်ကြောင့် စိတ်ထဲ၌အဆိုးမြင်ကြသနည်း။မည်သည့်စကားသည်ပြောရန်သာ၍လွယ်ကူသနည်း။သင်၏အပြစ်များခွင့်လွှတ်ခြင်းခံရပြီဟုဆိုခြင်းလော၊သို့ရာတွင် လူသားသည်လောကတွင်အပြစ်များကိုခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်းသင်တို့သိမြင်စေရမည်ဟုဆိုပြီးမှလေဖြတ်နေသောသူအား ထလော့၊သင်၏အိပ်ရာကိုယူ၍ အိမ်သို့ပြန်လော့ဟုမိန့်တော်မူ၏။ထိုသူသည်လည်းထ၍မိမိ၏အိမ်သို့ပြန်သွားလေ၏။လူအစုအဝေးတို့သည်ထိုအခြင်းအရာကိုမြင်သောအခါထိတ်လန့်ကြ၍လူသားတို့အားဤသို့သောအခွင့်အာဏာကိုပေးတော်မူသည့်ဘုရားသခင်၏ဘုန်းဂုဏ်တော်ကိုချီးမွမ်းကြလေ၏။*ထောက်ရှုချက်*ယနေ့သခင်ခရစ်တော်က သူ့ရဲ့မွေးရပ်နယ်မြေဖြစ်တဲ့ နာဇရက်မြို့ကိုပြန်သွားတဲ့အခါမှာ လမ်းမလျှောက်နိုင်တဲ့လူနာတွေကိုသူတွေ့ရပြီးတဲ့နောက် သနားကြင်နာပြီးသူကုသပေးခဲ့တယ်။သင်၏အပြစ်အခွင့်လွှတ်ခြင်းခံရပြီလို့တောင် ပြောလိုက်သေးတယ်။အဲသလိုပြောပြီးတဲ့နောက်ထပြီးလှမ်းသွားလော့တဲ့။ကျွန်ုပ်တို့ဘဝအသက်တာမှာလည်းရုပ်ပိုင်းဆိုင်ရာမှာအားနည်းနေသလိုဝိညာဉ်ပိုင်းဆိုင်ရာမှာလည်း အဲ့လိုခြေသေနေတဲ့‌ရောဂါသည်ထက်ပိုဆိုးနေတဲ့အခြေအနေတွေမှာလည်းရှိကောင်းရှိနိုင်ပါတယ်။ဒါ့ကြောင့်နှစ်ဖြာသောကျန်းမာခြင်းရရှိဖို့နိမ့်ချခြင်းတရားနှင့်သခင်ခရစ်တော်ထံပါးချဉ်းကပ်ကြပါစို့။

Daily Reflection