Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-06 06:08:35

7.7.2023 – 13th Week in Ordinary Time, Friday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ သောကြာနေ့
ဧဝံဂေလိကျမ်း ။   ။ ရှင်မာတေးဦး ၉း၉-၁၃ 
Gospel Reflection by Sr. Mathilda OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

သခင်ခရစ်တော်ဟာဒီကနေ့မှာအခွန်ခံသူ၊အပြစ်ရှိသူတွေနှင့်စားသောက်ကြတာကိုကျမ်းတတ်ဆရာ၊ဖာရီဇေဦးတို့ကအပြစ်တင်ဝေဖန်ကြတယ်။ တကယ်တော့သခင်ခရစ်တော်ဟာအပြစ်သားတွေကယ်တင်ခြင်းခံရဖို့လောကကိုဆင်းလာခဲ့တယ်။ဘာစည်းစိမ်မှမပါဘဲနဲ့ပေါ့။ကယ်တင်ခြင်းသတင်းကောင်းဟောကြားဖို့ဆင်းရဲသား၊သူကြွယ်တွေကိုမှရွေးချယ်ပြီးတော့မှပောာပြောရမှာမလိုအပ်ဘူး။တကယ်တော့သခင်ခရစ်တော်ဟာသနားကြင်နာခြင်း၊ချစ်ခြင်းတရားထားရှိဖို့ပဲဖြစ်တယ်လို့သွန်သင်ပြသသွားခဲ့တယ်။ချစ်ခြင်းတရားနှင့်သနားကြင်နာခြင်းဟာခရစ်ယာန်အသက်တာမှာအခြေခံအကျဆုံးသောလိုအပ်ချက်ဖြစ်တယ်ဆိုတာကိုပြသသွားခဲ့ပါတယ်။ဖြောင့်မတ်တဲ့သူတွေကိုခေါ်ဖို့ပဲကြွလာတာမဟုတ်ဘဲအပြစ်သားတွေကယ်တင်ခြင်းရရှိဖို့သူလာတယ်ဆိုတာကိုထောက်ရှုစဉ်းစားရင်းအပြစ်သားများဖြစ်ကြတဲ့၊အပြစ်နဲ့မကင်းတဲ့ကျွန်ုပ်တို့တစ်ဦးစီဟာလည်းနောင်တ တရားနှင့်အတူသခင်ခရစ်တော်နဲ့တနေ့ထက်တနေ့ပိုမိုနီးစပ်အောင်ချဉ်းကပ်သွားကြပါစို့။သူဟာကျွန်ုပ်တို့တစ်ဦးစီအတွက်ဖြစ်ပါတယ်။

Daily Reflection