Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2023-07-07 05:31:17

8.7.2023 – 13th Week in Ordinary Time, Saturday
၁၃ ကြိမ်မြောက် သာမန်ကာလ၊ စနေနေ့
ဧဝံဂေလိကျမ်း ။   ။ ရှင်မာသေးဦး ၉း၁၄-၁၇၊  Mt.9:14-17
Reflection by (Sr. Rose Mary Maw Myar) OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဒီနေ့သခင်ခရစ်တော်ကသူ့တပည့်တော်တွေ ဘာကြောင့်အစာမရှောင်ကြတာလဲဆိုပြီးမေးလျှောက်တဲ့ရှင်ယောဟန်ရဲ့တပည့်တော်တွေကို “မည်သူမျှ အဝတ်ဟောင်းကိုအဝတ်သစ်နှင့်ဖာထေးလေ့မရှိ။”လို့ပြန်လည်မိန့်တော်မူခဲ့ပါတယ်။အရာရာကိုကိုယ့်ဘောင်ထဲကပဲကြည့်မြင်မယ်ဆိုရင်အသစ်သောအရာတွေသင်ယူဖို့ခက်ခဲပါလိမ့်မယ်။အသစ်ကိုသင်ယူဖို့ အဟောင်းကိုမစွန့်ပစ်လို့မရပါဘူး။အသစ်သောနှလုံးသားနဲ့အသစ်သောစိန်ခေါ်မှု၊တွေးခေါ်မှုတွေကိုလက်ခံရမှာပါ။ခြိုးခြံဝါ‌‌ရှောင်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းပြာခံဗုဒ္ဓဟူးနဲ့သောကြာနေ့ကြီးတွေမှာပဲလို့ထင်ကောင်းထင်ကြပါလိမ့်မယ်။အစာကိုရှောင်တာနဲ့ခြိုးခြံဝါရှောင်တာပြောနိုင်ပေမယ့်အမှန်တကယ်ကဘုရားကိုချစ်တဲ့စိတ်နဲ့ဘဝဟောင်းကိုပယ်ပြီးအသစ်သောနှလုံးသားနဲ့ရှင်သန်နေထိုင်တာပဲဖြစ်ပါတယ်။ခြိုးခြံဝါ‌ရှောင်ခြင်းနဲ့ပတ်သက်ပြီးပုပ်ဖရန်းစစ်အရှင်သူမြတ်က”တကိုယ်ကောင်းဆန်တတ်ခြင်းကနေခြိုးခြံပြီးတစ်ပါးသူကိုကြင်နာသနားတတ်ခြင်း၊စောဒကတက်တတ်ခြင်းကနေခြိုးခြံပြီးဘုရားကိုသာယုံကြည်အားကိုးတတ်ခြင်း၊အဆိုးမြင်တတ်ခြင်းကနေခြိုးခြံပြီး မျှော်လင့်ခြင်းနှင့်ပြည့်ဝခြင်း”စသည်ဖြင့်မိန့်ကြားခဲ့ပါတယ်။ဒါတွေဟာဒီနေ့ကျွန်ုပ်တို့အမှန်တကယ်ကျင့်ကြံရမယ့် ခြိုးခြံဝါရှောင်ခြင်းပါ။လူသားတွေရဲ့အပြစ်အားနည်းချက်ကြောင့် ဘုရားနဲ့ဝေးကွာကြရပေမယ့်အသစ်သောနှလုံးသားနဲ့ပြန်လာမယ်ဆိုရင်ကျွန်ုပ်တို့ရဲ့အပြစ်ဟောင်းတွေကိုခွင့်လွှတ်ဖို့ဘုရားသခင်ကဘယ်တော့မှဝန်လေးမှာမဟုတ်ပါဘူး။စပျစ်ရည်သစ်ကို သားရေဘူးသစ်၌ထည့်သောအခါတွင်မူကားနှစ်မျိုးစလုံးမပျက်စီးပဲရှိလိမ့်မည်ဟု မိန့်တော်မူ၏။”

Daily Reflection