11 July 2023 - 14th Week in Ordinary Time, Tuesday
၁၁/၀၇/၂၀၂၃ - ၁၄ ကြိမ်မြောက်သာမန်အင်္ဂါနေ့ (A)
Matthew 9:32-38
Reflection by Bro. Augustine Plareh, OP
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ကျွန်ုပ်တို့အားလုံးကို ဘုရားသခင်းကရွေးချယ်ထားသောကြောင့် ကျွန်ုပ်တိုဟာဘုရားရဲ့နောက်လိုက်တွေဖြစ်ကြတယ်ဆိုတာယနေ့ကျမ်းစာက သတိပေးထားပါတယ်။ကျွန်ုပ်တို့အားလုံးကိုသူကအမြဲစိတ်ရှည်စွာချစ်ခင်ပြီး ဂရုစိုက်ပေးတော်မူသောကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အမြဲခံစားနေရကြတာဖြစ်ပါတယ်။မည်သူတစ်ဦးတစ်ယောက်မျှဘုရားကိုကျော်လွန်လို့မရပါဘူး။သူရဲ့ချစ်ခြင်း ကရုဏာတော်ကို ကျွန်ုပ်တို့ခွဲခြားထားလို့မရပါဘူး။ယနေ့ကျွန်ုပ်တို့ကြားနာခဲ့ရတဲ့ဧဝံဂေလိတရားတော်မှာသခင်ခရစ်တော်က တရားဒေသနာတော် ဟောကြားခဲ့တယ်။ နတ်ဆိုးပူးနေသူကို နတ်ဆိုးနှင်ထုတ်ပေးခဲ့တယ်။ မကျန်းမာသူတွေ ကုသပေးခဲ့တယ်။ ဒါပေမဲ့ဖာရီရှဲများနဲ့ ကျမ်းတတ်ဆရာတွေက သခင်ခရစ်တော်ကို အရှက်ခွဲပြီး သူ့ကိုယုံကြည်ဖို့ငြင်းဆိုခဲ့ကြတယ်။သခင်ခရစ်တော်နတ်ဆိုးနှင်ထုတ်တဲ့အခါမှာလည်း နတ်ဆိုးအကြီးအကဲတွေနဲ့ပူးပေါင်းပြီး နှင်ထုတ်တယ်လို့ သူ့ကိုစွပ်စွဲခဲ့ကြတယ်။သိုသော် သခင်ယေဇူးကသူ့ကိုငြင်းပယ်ပြီး မယုံကြည်သူများကိုပင်ချစ်ခြင်းကရုဏာတွေနှင့်အတူဂရုစိုက်မူတွင်ပြသခဲ့တယ်။ခရစ်တော်ကိုယုံကြည်သူတစ်ဦးဖြစ်သည်နည်းတူကျွန်ုပ်တို့တတွေ သခင်ခရစ်တော်ကဲ့သို့သော ဖြောင့်မတ်တဲ့လမ်းကို လျောက်လမ်းနိင်ရန် ကြိုးစားရမယ်။ တစ်ခါတစ်ရံ ပြောဆိုရာလွယ်ကူသလောက် ကျင့်ကြံဖို့ရန်ခက်ခဲတတ်တယ်။သခင်ခရစ်တော်ကသူရဲ့တပည့်တော်တွေကို စပါးရိတ်စရာများစွာရှိ၊သို့သော်ရိတ်သိမ်းသူနည်း၏။ထို့ကြောင့် လုပ်ဆောင်သောသူတို့ကိုစပါးရိတ်စေခြင်းငှါစေလွတ်တော်မူမည့်အကြောင်းလယ်ပိုင်ရှင်ကိုဆုတောင်းကြလော့ ဟုမိန့်တော်တယ်။ဆိုလိုချင်တာက ခရစ်ယာန်ဘာသာဝင်များစွာရှိပေမဲ့အမှန်တကယ် သခင်ခရစ်တော်၏လမ်းစဥ်ကိုလိုက်နာသူ၊မိမိက်ိုယ်ကိုဆက်ကပ်သူတွင် အလွန်နည်းပါးပါတယ်။တကယ်လို့ကျွန်ုပ်တို့တတွေဘုရားသခင်ထံမိမိကိုယ်ကို မိမိအပ်နှံလိုလျင် တပါးသူအတွက်ပုံသက်သေကောင်းဖြစ်ဖို့တော့လိုပါတယ်။